စစ်အုပ်စု

အတုအယောင် ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြည်ပရောက်ပြည်သူများ ကြိုတင်ဆန္ဒမဲလက်မှတ် ထုတ်ယူနိုင်ကြောင်း စစ်အုပ်စု ထုတ်ပြန်

အတုအယောင် ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြည်ပရောက်ပြည်သူများ ကြိုတင်ဆန္ဒမဲလက်မှတ် ထုတ်ယူနိုင်ကြောင်း စစ်အုပ်စု ထုတ်ပြန်

RNA_နိုဝင်ဘာ(၁၁)၊၂၀၂၆ခုနှစ်။ စစ်အုပ်စု ကျင်းပမည့် အတုအယောင် ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြည်ပရောက် ပြည်သူများအနေဖြင့် ကြိုတင်ဆန္ဒမဲလက်မှတ်များ ထုတ်ယူနိုင်ပြီဖြစ်ကြောင်း စစ်အုပ်စုလက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ယနေ့ (နိုဝင်ဘာ ၁၁ ရက်) တွင် ထုတ်ပြန်ထားသည်။ လာမည့် ၂၀၂၇ ခုနှစ် ဧပြီလ (၄) ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြည်ပရောက် ပြည်သူများ ဆန္ဒမဲထည့်နိုင်ရေးအတွက် ပုံစံ (၁၅) ကို သက်ဆိုင်ရာသံရုံးများမှတဆင့် ယနေ့ စတင်ထုတ်ယူနိုင်မည်ဖြစ်ကြောင်းနှင့် အချက်အလက်များ ဖြည့်သွင်းပြီးပါက ဒီဇင်ဘာ (၂) ရက်တွင် ပြန်လည်ပေးပို့ရမည်ဖြစ်ကြောင်း စစ်အုပ်စုက ဖော်ပြထားသည်။ (more…)
Read More
သမ္မတဦးဝင်းမြင့်အတွက် မွေးနေ့ဆုတောင်းပေးခဲ့သည့် ဂျာမနီသံရုံးယာယီတာဝန်ခံကို စစ်အုပ်စု ခေါ်ယူသတိပေး

သမ္မတဦးဝင်းမြင့်အတွက် မွေးနေ့ဆုတောင်းပေးခဲ့သည့် ဂျာမနီသံရုံးယာယီတာဝန်ခံကို စစ်အုပ်စု ခေါ်ယူသတိပေး

RNA_နိုဝင်ဘာ(၁၀)၊၂၀၂၆ခုနှစ်။ ကုလသမဂ္ဂမှ အသိအမှတ်ပြုထားသည့် မြန်မာနိုင်ငံ သမ္မတ ဦးဝင်းမြင့်၏မွေးနေ့အား ဆုတောင်းပေးခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံးယာယီတာဝန်ခံ မာသီးယပ်စ်လစ်ချာ့ဇ် (Mathias Licharz) ကို မြန်မာ့အရေး ဝင်ရောက်စွက်ဖက်မှုဖြင့် သတိပေးခဲ့ကြောင်း စစ်အုပ်စု နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ (နိုဝင်ဘာ ၁၀ ရက်) ညနေပိုင်းတွင် ထုတ်ပြန်ထားသည်။ နိုဝင်ဘာ (၈) ရက်က ကျရောက်သည့် သမ္မတဦးဝင်းမြင့်၏ အသက် (၇၅) နှစ်မြောက် မွေးနေ့တွင် ရန်ကုန်မြို့ရှိ ဂျာမနီသံရုံးအကြီးအကဲက တာမွေမြို့နယ်ရှိ ဦးဝင်းမြင့် ယခင်နေထိုင်ခဲ့သည့် တိုက်ခန်းရှေ့၌ မွေးနေ့ဆုတောင်း မှတ်တမ်း ဗီဒီယိုနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံထားရသူအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရန် တောင်းဆိုကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် သမ္မတဦးဝင်းမြင့်ကို…
Read More
🔴 [UPDATE] ကျောက်တော် ဗုံးကြဲသည့်လုပ်ရပ်အတွက် စစ်အုပ်စု တာဝန်ခံရမည်

🔴 [UPDATE] ကျောက်တော် ဗုံးကြဲသည့်လုပ်ရပ်အတွက် စစ်အုပ်စု တာဝန်ခံရမည်

မင်္ဂလာ မနက်ခင်းပါရှင်။ Red News Agency သတင်းဌာနကနေ ထူးခြားသတင်းတွေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ သတင်းတွေကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ အခုတင်ဆက်ပေးမဲ့သတင်းတွေကတော့ အထူးတိုင်းစစ်ဌာနနယ်မြေ ဝေဟင်မှ အင်အားသုံးခံရမှုသည် အဓမ္မစစ်ကြောခံရသည့် ရဲဘော်များ၏ ထွက်ဆိုချက်ကြောင့်ဖြစ်တယ်လို့ အထူးတိုင်းစစ်ဌာန ပြောကြားလိုက်တဲ့သတင်း၊ လူအစုလိုက်အပြုံလိုက် အသက်ဆုံးရှုံးခဲ့ရတဲ့ ကျောက်တော်ဖြစ်စဉ်အပေါ် ကုလသမဂ္ဂနှင့် ယူကေသံရုံးတို့က ရှုတ်ချလိုက်တဲ့သတင်း၊ အီရတ်မှ အမေရိကန်တပ်များ အပြီးတိုင်ရုပ်သိမ်းလိုက်ပြီဆိုတဲ့သတင်းနဲ့အတူ အခြားစိတ်ဝင်စားစရာ ပြည်တွင်း ပြည်ပသတင်းတွေကို တင်ဆက်ပေးထားပါတယ်။ https://youtu.be/OGtcwZ5QHIQ?si=ExF5ATc5LLt8YQsf #RedNewsAgency #RNA #RedNews
Read More