လေကြောင်းတိုက်ခိုက်ခံရမှု

ပဇီကြီးကျေးရွာ ဗုံးကြဲမှုနှင့်ပတ်သက်ပြီး မင်းအောင်လှိုင်နှင့်အပေါင်းအပါများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်

ပဇီကြီးကျေးရွာ ဗုံးကြဲမှုနှင့်ပတ်သက်ပြီး မင်းအောင်လှိုင်နှင့်အပေါင်းအပါများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်

RNA_ဧပြီ(၂၉)၊၂၀၂၃ ခုနှစ်။   စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ လေယာဉ်ဖြင့် ဗုံးကြဲ ပစ်ခတ်မှုများပြုလုပ်ခဲ့သည့်အတွက် ပြည်သူများ သေဆုံးခဲ့ရသည့် ကိစ္စနှင့်ပတ်သက်ပြီး မင်းအောင်လှိုင်အပါအဝင် တရားခံများကို NUG ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ရဲတပ်ဖွဲ့မှ ကန့်ဘလူမြို့နယ်၊ ပြည်သူ့ရဲတပ်ဖွဲ့စခန်းတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄ ဖြင့် အမှုဖွင့်လှစ်ထားပြီးတရားစွဲတင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။   ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် တရားခံ (၆) ဦးတို့အား မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှူးက တရားလိုပြုလုပ်၍ ကန့်ဘလူမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့စခန်း(ပ) ၂/၂၀၂၃ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၄ဖြင့် အမှုဖွင့်ထားကြောင်း ယနေ့ ထုတ်ပြန်ထားသည်။ (more…)
Read More
ပဇီကြီး လေကြောင်းတိုက်ခိုက်မှုအတွင်း သေဘေးမှလွတ်လာသူ နှစ်ဦးပြောကြားချက်

ပဇီကြီး လေကြောင်းတိုက်ခိုက်မှုအတွင်း သေဘေးမှလွတ်လာသူ နှစ်ဦးပြောကြားချက်

RNA_ဧပြီ(၁၈)၊၂၀၂၃ ခုနှစ်။ စစ်တိုင်းတိုင်း၊ ကန့်ကလူမြို့နယ်၊ ပဇီကြီးကျေးရွာ၊ လေကြောင်းတိုက်ခိုက်မှုအတွင်း ဒေသခံ (၁၇၀) ကျော်သေဆုံးခဲ့ရသည့်အထဲမှ လွတ်မြောက်လာသူနှစ်ဦး၏ ပြောကြားချက်ကို တင်ပြလိုက်ပါသည်။ #RedNewsAgency
Read More