မကွေးတိုင်း

Mi-17 စစ်ရဟတ်ယာဉ်ကို FPV ဒရုန်းများဖြင့် ဖျက်ဆီးနိုင်ခဲ့သည့် ရဲဘော် (၇) ဦးအား ကျပ်သိန်း ၁ သောင်းဂုဏ်ပြု

Mi-17 စစ်ရဟတ်ယာဉ်ကို FPV ဒရုန်းများဖြင့် ဖျက်ဆီးနိုင်ခဲ့သည့် ရဲဘော် (၇) ဦးအား ကျပ်သိန်း ၁ သောင်းဂုဏ်ပြု

RNA_စက်တင်ဘာ(၂၀)၊၂၀၂၆ခုနှစ်။ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူရွာသို့ လာရောက်သော အာဏာသိမ်းစစ်တပ်၏ Mi-17 စစ်ရဟတ်ယာဉ်ကို FPV ဒရုန်းများဖြင့် တိုက်ခိုက် ဖျက်ဆီးနိုင်ခဲ့သည့် ရဲဘော် (၇) ဦးအား ဂုဏ်ပြု ဆုငွေ သိန်း ၁ သောင်း နှင့် ဂုဏ်ပြုလက်မှတ်ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ (စက်တင်ဘာ ၂၀ ရက်) ကျင်းပခဲ့သည်ဟု NUGက ထုတ်ပြန်ထားသည်။ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့တာဝန်ခံ ရဲဘော် ကိုချမ်း ဦးဆောင်သော ရဲဘော် (၇) ဦးအား ဂုဏ်ပြုဆုငွေ (သိန်း ၁ သောင်းကျပ်)နှင့် ဂုဏ်ပြုလက်မှတ်ချီးမြှင့်ခြင်း အခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ နှင့် ကြားကာလ မကွေးဖက်ဒရယ်ယူနစ်…
Read More
မပေါက်ကွဲဘဲကျန်ရှိသည့် စစ်အုပ်စု၏ ပေါင် (၅၀၀)ဗုံးဖြင့် စစ်အုပ်စုကို ပြန်လည်တိုက်ခိုက်

မပေါက်ကွဲဘဲကျန်ရှိသည့် စစ်အုပ်စု၏ ပေါင် (၅၀၀)ဗုံးဖြင့် စစ်အုပ်စုကို ပြန်လည်တိုက်ခိုက်

RNA_စက်တင်ဘာ(၁၉)၊၂၀၂၆ခုနှစ်။ မကွေးတိုင်း ပေါက်မြို့နယ်တနေရာ၌ စစ်အုပ်စုဗုံးကြဲတိုက်ခိုက်ချိန် မပေါက်ကွဲဘဲ ကျန်ရှိခဲ့သည့် ပေါင် (၅၀၀)ဗုံးဖြင့် စစ်အုပ်စုစစ်ကြောင်းကို ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း အညာတမာစစ်ဆင်ရေး အင်အားစုများက စက်တင်ဘာ (၁၈) ရက် ညပိုင်းတွင် ထုတ်ပြန်ထားသည်။ မပေါက်ကွဲဘဲ ကျန်ရှိနေသည့် စစ်အုပ်စု၏ ပေါင် (၅၀၀) ဗုံးအား အညာတမာ စစ်ဆင်ရေးအင်အားစုများက မိုင်းပြန်တပ်ဆင်ခဲ့ပြီးနောက် စစ်အုပ်စုစစ်ကြောင်းကို ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (more…)
Read More
မင်းတုန်းမြို့နယ်ကို စစ်အုပ်စု ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး (၄) ဦးအပါအဝင် (၆) ဦး သေဆုံး

မင်းတုန်းမြို့နယ်ကို စစ်အုပ်စု ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး (၄) ဦးအပါအဝင် (၆) ဦး သေဆုံး

RNA_စက်တင်ဘာ(၁၅)၊၂၀၂၆ခုနှစ်။ မကွေးတိုင်း မင်းတုန်းမြို့နယ် ဇွန်းကျကျေးရွာကို စစ်အုပ်စုက လေကြောင်းဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းကြောင့် ကလေး (၄) ဦးအပါအဝင် (၆) ဦး သေဆုံးခဲ့ပြီး (၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) သရက်ခရိုင် အမှတ် (၄) တပ်ရင်းက စက်တင်ဘာ (၁၄) ရက် ညပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။ စက်တင်ဘာ (၁၃) ရက် ညနေ (၄) နာရီ (၄၀) မိနစ်ဝန်းကျင်က သရက်မြို့အခြေစိုက် စစ်အုပ်စု အမှတ် (၁၂) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၁၂) မှတက်လာသည့် ပါရာမော်တာ စက်တပ်လေထီး (၃) စီးဖြင့် မင်းတုန်းမြို့အနောက်ဘက်ရှိ ဇွန်းကျရွာကို ဗုံး…
Read More