အာဏာသိမ်းစစ်တပ်

စစ်တွေ-ပုဏ္ဏားကျွန်းအစပ် တိုက်ပွဲတွင် အာဏာသိမ်းစစ်တပ် ကျဆုံးနေသည့်အပြင် လက်နက်ခဲယမ်းများစွာ ဆုံးရှုံးနေ

စစ်တွေ-ပုဏ္ဏားကျွန်းအစပ် တိုက်ပွဲတွင် အာဏာသိမ်းစစ်တပ် ကျဆုံးနေသည့်အပြင် လက်နက်ခဲယမ်းများစွာ ဆုံးရှုံးနေ

RNA_စက်တင်ဘာ(၂၀)၊၂၀၂၆ခုနှစ်။ အာရက္ခပြည်၊ စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်၌ ဖြစ်ပွားနေသောတိုက်ပွဲများအတွင်း အာဏာသိမ်းစစ်တပ်ဘက် အကျအဆုံးများနေပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိကြောင်း အာရက္ခတပ်တော်မှ ယနေ့ ညပိုင်းတွင် ထုတ်ပြန်ထားသည်။ (more…)
Read More
🔴 စစ်အုပ်စုကို ထိရောက်စွာ အရေးယူရန် ခူဦးရယ်တိုက်တွန်း | UN မှာဦးကျော်မိုးထွန်းမိန့်ခွန်းပြော

🔴 စစ်အုပ်စုကို ထိရောက်စွာ အရေးယူရန် ခူဦးရယ်တိုက်တွန်း | UN မှာဦးကျော်မိုးထွန်းမိန့်ခွန်းပြော

မင်္ဂလာ မနက်ခင်းပါရှင်။ Red News Agency သတင်းဌာနကနေ ထူးခြားသတင်းတွေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ သတင်းတွေကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ အခုတင်ဆက်ပေးမဲ့သတင်းတွေကတော့ အာရှ-ပစိဖိတ်ဒေသ အလှည့်ကျဥက္ကဋ္ဌအဖြစ် ကုလသမဂ္ဂညီလာခံ၌ ဦးကျော်မိုးထွန်း မိန့်ခွန်းပြောကြားခဲ့တယ်ဆိုတဲ့သတင်း၊ မင်းတုန်းမြို့နယ်ကို စစ်အုပ်စု လေကြောင်းတိုက်ခိုက်ခဲ့အတွက် ကလေး (၄) ဦးအပါအဝင် (၆) ဦး အသက်ဆုံးရှုံးခဲ့ရတယ်ဆိုတဲ့သတင်း၊ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ထုတ်ပြန်ချက်တွေနဲ့ တုံ့ပြန်မှုထက်ကျော်လွန်ပြီး စစ်အုပ်စုကို ထိရောက်စွာအရေးယူရန် SCEF သဘာပတိ ခူဦးရယ် တိုက်တွန်းလိုက်တဲ့သတင်း အပါအဝင် အခြားစိတ်ဝင်စားစရာ သတင်းတွေကို တင်ဆက်ပေးထားပါတယ်။ https://youtu.be/bJWJcU8-jQA?si=IQQJSipqM5PUOHFq Red News Agency, Red News, RNA
Read More
မဲဆောက် နိုင်ငံရေးအသိုင်းအဝန်းမှ မောင်ကြီးမင်းမင်း(ခ) မင်းမင်း အာဏာသိမ်းစစ်တပ်ဘက်ပြောင်း

မဲဆောက် နိုင်ငံရေးအသိုင်းအဝန်းမှ မောင်ကြီးမင်းမင်း(ခ) မင်းမင်း အာဏာသိမ်းစစ်တပ်ဘက်ပြောင်း

RNA_စက်တင်ဘာ(၁၁)၊၂၀၂၆ခုနှစ်။ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ နိုင်ငံအရေးအသိုင်းအဝန်းတွင် ထဲထဲဝင်ဝင် ပါဝင်လုပ်ဆောင်ခဲ့သော မောင်ကြီးမင်းမင်း (ခ)၊ မင်းမင်း သည် အကြမ်းဖက် အာဏာသိမ်းစစ်တပ်ဘက် ပြောင်းသွားသည်ဟု မဲဆောက်နိုင်ငံရေးအသိုင်းအဝန်းနှင့် လူမှုကွန်ရက်တွင် သတင်းများထွက်ပေါ်နေသည်။ မောင်ကြီးမင်းမင်း (ခ) မင်းမင်းသည် အင်္ဂလန်နိုင်ငံတွင် နေထိုင်ခဲ့သူဖြစ််််််ပြီး၊ နွေဦးတော်လှန်ရေးဖြစ်ပွားစဉ် ၂၀၂၂ ခုနှစ်တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ရောက်ရှိလာပြီးနောက် AAPP နှင့် NUG အတွင်းဝန်ရုံး တို့တွင် တာဝန်ထမ်းဆောင်ခဲ့သေးကြောင်း၊ ထို့နောက် မဲဆောက်တွင် ထမင်းဆိုင်ဖွင့်ပြီး နိုင်ငံရေးအသိုင်းအဝန်းတွင်လည်း ဝင်ဆန့်နေသူဖြစ်ကြောင်း၊ ယခု ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၀ ရက်နေ့ကတည်းက မောင်ကြီးမင်းမင်း ပြည်တွင်းရောက်သွားသည်ဟု သတင်းများ ထွက်ပေါ်နေခဲ့သည်ကို သိရှိရသည်။ "ပြည်တွင်းကို…
Read More
စနစ်တကျပြင်ဆင်ပြီး TNLA ကို ထိုးစစ်ဆင်ခဲ့တဲ့ MNDAA

စနစ်တကျပြင်ဆင်ပြီး TNLA ကို ထိုးစစ်ဆင်ခဲ့တဲ့ MNDAA

ဘုံရန်သူ အရှိုက်ကို ထိုးနှက်ခဲ့ကြတဲ့ ညီနောင်မဟာမိတ် (၃) ဖွဲ့ဟာ ၁၀၂၇ စစ်ဆင်ရေးမှာ အောင်မြင်မှုများစွာ ရရှိခဲ့ပါတယ်။ အဲဒီ ညီနောင် မဟာမိတ်တွေထဲက MNDAA ဟာ ညီနောင်တစ်ဖွဲ့ဖြစ်တဲ့ TNLA စိုးမိုးနယ်မြေတွေကို စနစ်တကျပြင်ဆင်ပြီး ထိုးစစ်ဆင်နေပါတယ်။ လူထုမျက်နှာမထောက် ဘုံရန်သူကို ဦးမတည်သော တိုက်ပွဲတွေဟာ တော်လှန်ရေးအတွက် အဖျက်အမှောက်သာဖြစ်ပါတယ်။ ကျည်စဖောက်သူဟာ နံပါတ် (၁) ရန်သူဖြစ်တယ်။ အာဏာ အကျိုးစီးပွားအတွက် ကျည်ဖောက်နေကြပြီလား။ MNDAA ရဲ့နောက်ကွယ်မှာ တရုတ်အစိုးရနဲ့ ဖက်ဆစ်တပ် ရှိနေပြီလားဆိုတာကို အချက်အလက်တွေနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးထွန်းကြည်က သုံးသပ်တင်ပြထားပါတယ်။  #RedNewsAgency #RedNews #RNA
Read More
ပြည်သူ့ဆန္ဒမပါသည့် ရွေးကောက်ပွဲကနေ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ရွေးချယ်ခံရ

ပြည်သူ့ဆန္ဒမပါသည့် ရွေးကောက်ပွဲကနေ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ရွေးချယ်ခံရ

RNA_မတ်(၁၆)၊၂၀၂၆ခုနှစ်။ ပြည်သူများ၏ ဆန္ဒမပါသော ရွေးကောက်ပွဲကို အာဏာသိမ်းစစ်တပ်က ဦးဆောင်ပြုလုပ်ပြီးနောက် ယနေ့ (မတ်လ ၁၆ ရက်) နံနက်ပိုင်းတွင် စစ်ကော်မရှင် ဦးဆောင်ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဥက္ကဋ္ဌအဖြစ် ဦးခင်ရီကို ရွေးချယ်ခဲ့ပြီး ဒုတိယဥက္ကဋ္ဌအဖြစ် ဦးမောင်အောင်အုန်းကို ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်သော စစ်ကော်မရှင်က၂၀၂၅ ခုနှစ် ရွေးကောက်ပွဲကို အပိုင်း ၃ ပွဲခွဲကာ ကျင်းပခဲ့ပြီးနောက် တတိယအကြိမ်ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ယနေ့ စတင်ကျင်းပခဲ့တာဖြစ်ပြီး သဘာပတိအဖြစ် ဒဂုံမဲဆန္ဒနယ် ဦးနန္ဒကျော်စွာမှာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ (more…)
Read More
AA စစ်သုံ့ပန်းစခန်း ဗုံးကြဲခံရပြီး သုံ့ပန်း (၁၁၆) ဦးသေဆုံး

AA စစ်သုံ့ပန်းစခန်း ဗုံးကြဲခံရပြီး သုံ့ပန်း (၁၁၆) ဦးသေဆုံး

RNA_မတ်(၁၁)၊၂၀၂၆ခုနှစ်။ အာရက္ခပြည်၊ အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသ စစ်သုံ့ပန်းအကျဉ်းစခန်းအား အာဏာသိမ်းစစ်တပ်မှ မတ်လ (၈) ရက်နေ့ နံနက် (၁၁) နာရီ ဝန်းကျင်နှင့် နေ့လယ် ၂ နာရီ ၃၀ မိနစ်ခန့်တွင် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် စစ်သုံ့ပန်း (၁၁၆) ဦး သေဆုံးပြီး (၃၂) ဦး ဒဏ်ရာရရှိကာ အရပ်သားသုံ့ပန်းအချို့လည်း သေဆုံးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ၂၀၂၆ ခုနှစ်၊ မတ်လ (၈) ရက်နေ့၊ နံနက် (၁၁) နာရီ (၂) မိနစ်မှ မွန်းလွဲ (၂) နာရီ (၂၈) မိနစ် အချိန်အထိ ဖက်ဆစ်အကြမ်းဖက် စစ်ကော်မရှင်တပ်သည် ဂျက်ဖိုက်တာ (၄) စီး…
Read More
အာဏာသိမ်းစစ်တပ်မှ ရေတွင်းကုန်းကျေးရွာ ပြည်သူများကို အစုလိုက် အပြုံလိုက်သတ်ဖြတ်

အာဏာသိမ်းစစ်တပ်မှ ရေတွင်းကုန်းကျေးရွာ ပြည်သူများကို အစုလိုက် အပြုံလိုက်သတ်ဖြတ်

RNA_မတ်(၉)၊၂၀၂၆ခုနှစ်။ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ရေတွင်းကုန်းကျေးရွာအတွင်းမှာ ပြည်သူ (၃၀) ကို အာဏာသိမ်းစစ်တပ်က အစုံလိုက်အပြုံလိုက် သတ်ဖြတ်မှု ၂၀၂၆ ခုနှစ် မတ်လ (၇) ရက်နေ့က ကျူးလွန်ခဲ့ကြောင်း KNU ကထုတ်ပြန်ထားသည်။ ရေတွင်းကုန်းကျေးရွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ကိစ္စနှင့် ပတ်သတ်ပြီး NUG ၏ ထုတ်ပြန်ချက်မှာ ကလေး (၃) ဦး၊ ကိုယ်ဝန်ဆောင် အမျိုးသမီး (၁)ဦးနှင့် သက်ကြီးရွယ်အိုများအပါအဝင် အပြစ်မဲ့ပြည်သူ (၄၀)ဦး ကျော်သေဆုံးခဲ့သည်။ (more…)
Read More
ဖားကန့်ဗျူဟာကုန်းရှိ အာဏာသိမ်းစစ်တပ်လက်ချက်ကြောင့် မိသားစုဝင် (၅) ဦးမှ (၃) ဦးသေဆုံး

ဖားကန့်ဗျူဟာကုန်းရှိ အာဏာသိမ်းစစ်တပ်လက်ချက်ကြောင့် မိသားစုဝင် (၅) ဦးမှ (၃) ဦးသေဆုံး

RNA_ဒီဇင်ဘာ(၈)၊၂၀၂၅ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ဗျူဟာကုန်ရှိ အာဏာသိမ်းစစ်တပ်၏ လက်နက်ကြီးနှင့် ဒရုန်းဗုံးတို့ကြောင့် ယနေ့ (ဒီဇင်ဘာ ၈ ရက်) နံနက် ၄ နာရီနှင့် ၅ နာရီအကြား မှော်စီစာအုပ်စု၊ မလောင်ကျေးရွာအတွင်းက နေအိမ်ပေါ်ကျရောက်ကာ မိသားစုဝင် (၅) ဦးမှ (၃) ဦးသေဆုံးသွားကာ (၇) အရွယ် လေးငယ်နှင့် ၁၆ နှစ်အရွယ်တို့သာ အသက်ရှင်ကျန်ရစ်ခဲ့ရကြောင်း သိရသည်။ အာဏာသိမ်းစစ်တပ်၏ လက်ချက်ကြောင့် ဖခင်ဖြစ်သူ ဦးဇော်လွင်ဦး ( အသက် ၃၇ နှစ်)၊ မိခင်ဖြစ်သူ ဒေါ်တင်မိုးလှိုင် (အသက် ၃၈ နှစ်)၊ သားဖြစ်သူ မောင်ဖြိုးဝေထွန် (အသက် ၁၃ နှစ်)တို့ သေဆုံးခဲ့ရခြင်းဖြစ်သည်။…
Read More
အကြမ်းဖက်စစ်တပ် ပြုလုပ်မည့် ရွေးကောက်ပွဲသည် စစ်အာဏာရှင်သက်ဆိုးရှည်ရေးအတွက်သာဖြစ်သည့်အတွက် ပဋိပက္ခပိုမိုပြင်းထန်လာနိုင်

အကြမ်းဖက်စစ်တပ် ပြုလုပ်မည့် ရွေးကောက်ပွဲသည် စစ်အာဏာရှင်သက်ဆိုးရှည်ရေးအတွက်သာဖြစ်သည့်အတွက် ပဋိပက္ခပိုမိုပြင်းထန်လာနိုင်

RNA_ဩဂုတ်(၂၆)၊၂၀၂၅ခုနှစ်။ အာဏာသိမ်းအကြမ်းဖက်စစ်တပ်၏ စစ်ကော်မရှင်က ဦးဆောင်ကျင်းပမည့်ရွေးကောက်ပွဲသည် စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေရေးအတွက်သာဖြစ်ပြီး လက်ရှိနိုင်ငံရေးအကြပ်အတည်း၏ အဖြေမဟုတ်ကြောင်း၊ ရွေးကောက်ပွဲကြောင့် နိုင်ငံတွင်းပဋိပက္ခကို မိုပိုပြင်းထန်လာစေရုံသာမက ဒေသတွင်း မတည်ငြိမ်မှုကိုပါ ဆက်လက်ဖြစ်ပေါ်စေမည်ဟု KNU က ပြောကြားလိုက်သည်။ (more…)
Read More
ကရင်နီစစ်ရေးအခြေအနေကြောင့် နေပြည်တော်စိုးရိမ်နေရပြီလား

ကရင်နီစစ်ရေးအခြေအနေကြောင့် နေပြည်တော်စိုးရိမ်နေရပြီလား

RNA_ဩဂုတ်(၁၇)၊၂၀၂၃ ခုနှစ်။   စစ်ကောင်စီအနေဖြင့် ကရင်နီပြည်၏ နယ်မြေတော်တော်များများကို လက်လွတ်ထားရသည့်အပြင် စစ်ကြောင်းပေါင်းများစွာနှင့်လေကြောင်းများပါ အသုံးပြုနေသော်လည်း မရှုမလှရှုံးနေသည့်အတွက် နေပြည်တော်အထိ ခြိမ်းခြောက်လာနိုင်သလား၊ စိုးရိမ်နေရပြီလားဆိုတာကို တင်ပြထားခြင်းဖြစ်သည်။ [embedyt] https://www.youtube.com/watch?v=FhrTh-XYylQ[/embedyt]   #RedNewsAgency  
Read More