WHO

ကုလသမဂ္ဂအဖွဲ့ကြီးရဲ့နားရွက်ကို တံတွေးဆွတ်လိုက်တဲ့ မြန်မာ့စစ်အုပ်စု

ကုလသမဂ္ဂအဖွဲ့ကြီးရဲ့နားရွက်ကို တံတွေးဆွတ်လိုက်တဲ့ မြန်မာ့စစ်အုပ်စု

"ပြည်သူတွေအပေါ် ရက်ရက်စက်စက်ဗုံးကြဲနေတဲ့ မြန်မာစစ်တပ်ရဲ့မြောက်ဦးဆေးရုံအပေါ် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ သတင်းကသာမန်သတင်းထက်ပိုတဲ့ သတင်းတခုအဖြစ်တော့ ကမ္ဘာ့နိုင်ငံအဖွဲ့အစည်း အသီးသီးကတုန်လှုပ်သွားကြပါလိမ့်မယ်။ ကမ္ဘာ့လုံးဆိုင်ရာလူ့အခွင့်ရေးနေ့မှာ လူ့အခွင့်ရေးဆိုတာဘာလဲ လို့ မြန်မာနိုင်ငံစစ်အုပ်စုက ‘ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးကို နားရွက်တံတွေဆွတ်လိုက်တဲ့ သဘောပဲ’။ သို့ပေမယ့်လည်း အားကောင်းလာတဲ့အာဏာရှင်တွေရဲ့ အင်အားကို ဒီမိုကရေစီနိုင်ငံတွေကိုယ်တိုင်ကိုယ်တိုင် မနည်းတွန်းလှန်နေရတာကလည်း အမှန်တရားတခုပါပဲ" ရန်နိုင် နေ့စဉ်ပေါ်လိုက်ပျောက်လိုက်ဖြစ်နေတဲ့ သတင်းတွေထဲက ကမ္ဘာ့အင်အားကြီးအုပ်ချုပ်ရေးစနစ် နှစ်ခုဖြစ်တဲ့ အာဏာရှင်စနစ်အုပ်ချုပ်ရေးနဲ့ ဒီမိုကရေစီစနစ်အုပ်ချုပ်ရေးတိုရဲ့ အားပြိုင်မှုကြားက သတင်းတခုကို လေ့လာကြည့်ရအောင်ပါ။‘လူတယောက်ရဲ့ အခြေခံရပိုင်ခွင့်လို့ ခမ်းခမ်းနားနားကိုင်ဆွဲထားတဲ့’ ဒီမိုကရေစီဘက်တော်သားတွေက ‘လူတစ်ဦးတယောက်ရဲ့အခွင့်ရေးကို ဂရုစိုက်လေ့မရှိတဲ့’ အာဏာရှင်ဘက်တော်သားတွေရဲ့ ဆန့်ကျင်ဘက်ဆန်တဲ့ တုန့်ပြန်မှုတွေနဲ့တခါတခါ ကြုံရလေ့ရှိတယ်။ ဒုတိယ ကမ္ဘာစစ်ကြီးပြီးတော့ လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ အကျဉ်းသား နှိပ်စက်မှုတွေက လူ့ဂုဏ်သိက္ခာကို ပြင်းပြင်းထန်ထန်ချိုးဖောက်ခံရတယ်လို့ ကမ္ဘာတဝှမ်းကလက်ခံခဲ့ကြတယ်။ ဒါကြောင့်…
Read More
အစ္စရေး-ပါလက်စတိုင်းစစ်ပွဲ အပစ်အခတ်ရပ်စဲဖို့ တရုတ်တောင်းဆို

အစ္စရေး-ပါလက်စတိုင်းစစ်ပွဲ အပစ်အခတ်ရပ်စဲဖို့ တရုတ်တောင်းဆို

RNA_ဒီဇင်ဘာ(၁၁)၊၂၀၂၃ခုနှစ်။ ဂါဇာကမ်းမြောင်ဒေသမှာ ဖြစ်ပွါးနေသည့် အစ္စရေး-ပါလက်စတိုင်းစစ်ပွဲ အပစ်အခတ်ရပ်စဲရေးနှင့် ကျန်းမာရေး အကြပ်အတည်း တုံ့ပြန်ဖြေရှင်းကြရန် ကုလသမဂ္ဂဆိုင်ရာ တရုတ်မစ်ရှင်ရုံးအကြီးအကဲ Chen Xu က ဒီဇင်ဘာ ၁၀ ရက်နေ့က ပြောကြားထားသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အမှုဆောင်အဖွဲ့က ကြီးမှူးကျင်းပသော အထူးအစည်းအဝေးမှာ တရုတ်မစ်ရှင်ရုံးအကြီးအကဲ Chen Xu က ပါလက်စတိုင်းထိန်းချုပ်နယ်မြေရှိ ကျန်းမာရေးအခြေအနေနှင့် စပ်လျဉ်း၍ မှတ်ချက်ပြုပြောဆိုခဲ့ရာမှာ အစ္စရေး-ပါလက်စတိုင်းစစ်ပွဲအပေါ် တရုတ်နိုင်ငံ၏ သဘောထားကို ထည့်သွင်းပြောဆိုခဲ့သည်။ "တရုတ်နိုင်ငံအနေနဲ့ ဂါဇာကမ်းမြောင်ဒေသမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုအပေါ် များစွာ စိုးရိမ်ပူပန်ကြောင်း၊ တည်ငြိမ်မှုရရှိရန်၊ ငြိမ်းချမ်းရေးအတွက် အခွင့်အလမ်းများ ပံ့ပိုးပေးရန်နဲ့ ပြည်သူများအား ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ပေးအပ်နိုင်ရန် ဆက်စပ်အဖွဲ့အစည်းများကို တိုက်တွန်းကြောင်း၊နိုင်ငံတကာအသိုက်အဝန်း…
Read More
ကုလသမဂ္ဂစစ်မြေပြင်ပေါ်က မြန်မာ့အရေး

ကုလသမဂ္ဂစစ်မြေပြင်ပေါ်က မြန်မာ့အရေး

သူတို့ကိုယ် သူတို့ အမည်ပေးထားတဲ့ “နိုင်ငံတော် စီမံခန့်ခွဲမှုကောင်စီ/ နစက” ဆိုတဲ့ အမည်ကိုတောင် မသုံးပါ။ မြန်မာလက်နက်ကိုင်တပ်ဖွဲ့များ/ မြန်မာ့တပ်မတော် (Myanmar Armed Forces) လို့ပဲ သုံးစွဲပါတယ်။ ဒါကိုက ဒီ ဖက်ဆစ်စစ်တပ်ကြီးကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် ကမ္ဘာ့ နိုင်ငံများက အသိအမှတ်မပြုတာ သေချာပါတယ်။ အောင်ဒင် (ဇွန် ၁၈၊ ၂၀၂၁ ခုနှစ်) ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများက ဖက်ဆစ်စစ်အုပ်စုကို ငြင်းပယ်ခြင်း။ ဒီလပိုင်းအတွင်းမှာ မြန်မာနိုင်ငံကို လက်နက်အားကိုးနဲ့ အကြမ်းဖက်အုပ်ချုပ်နေတဲ့ ဖက်ဆစ်တပ်မတော်အတွက် ကုလသမဂ္ဂစစ်မြေပြင်မှာ သိသာထင်ရှားတဲ့ အရှုံးတွေ ဆက်တိုက်ရင်ဆိုင်ခဲ့ရပါတယ်။ မေလ ၂၆ ရက်နေ့မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (World Health Organization/ WHO)…
Read More