Fact Check

CNN အပါအဝင် Fox News, NBC, ABC စသည့် အမေရိကန်အခြေစိုက်သတင်းဌာနများကို မဟုတ်မမှန်အသုံးချပြီး စစ်ကောင်စီလော်ဘီများ ဝါဒဖြန့်နေ

CNN အပါအဝင် Fox News, NBC, ABC စသည့် အမေရိကန်အခြေစိုက်သတင်းဌာနများကို မဟုတ်မမှန်အသုံးချပြီး စစ်ကောင်စီလော်ဘီများ ဝါဒဖြန့်နေ

Red News / Fact Check အမေရိကန်သမ္မတ ထရမ့်၏ ဇူလိုင် ၇ က ပေးပို့လာသော မြန်မာနိုင်ငံမှ သွင်းကုန်များအပေါ် အခွန်တိုးမြှင့်ကောက်ခံမည့် အကြောင်းကြားစာအား စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ဇူလိုင် ၁၀ တွင် အကြောင်းပြန်စာပေးပို့ခဲ့ခြင်းနှင့်ပတ်သက်၍ CNN အပါအဝင် Fox News, NBC, ABC စသည့် အမေရိကန်အခြေစိုက်သတင်းဌာနကြီးများက စစ်ခေါင်းဆောင်နှင့် ၎င်း၏အခွန်လျှော့ကောက်ရန် ပြန်လည်အကြောင်းကြားစာကို လွန်စွာနှစ်သက်သဘောကျနေကြောင်း စစ်တပ်လော်ဘီများက ဇူလိုင် ၁၂ တွင် စတင်ဝါဒဖြန့်ထားကြသည်။ စစ်ကောင်စီလော်ဘီများ၏ ဝါဒဖြန့်မှုများ CNN သတင်းဌာန၏ ဇူလိုင် ၁၂ ဖော်ပြချက်အရ စစ်ကောင်စီ၏ ပြန်စာသည် အရှေ့တောင်အာရှနိုင်ငံများထဲတွင် အကောင်းဆုံး အကြောင်းပြန်ကြားချက် သဝဏ်လွှာဖြစ်ပြီး…
Read More
အရပ်သားပြည်သူများသေဆုံးမှုကို PDF များသေဆုံးသည်ဟုဆိုကာ စစ်တပ်လော်ဘီများ ပုံစံအမျိုးမျိုးဖြင့် ဝါဒဖြန့်

အရပ်သားပြည်သူများသေဆုံးမှုကို PDF များသေဆုံးသည်ဟုဆိုကာ စစ်တပ်လော်ဘီများ ပုံစံအမျိုးမျိုးဖြင့် ဝါဒဖြန့်

Red News / Fact Check စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ လင်းတလူးကျေးရွာရှိ စစ်ဘေးရှောင်ဘုန်းကြီးကျောင်းအား စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ကလေးငယ် ၃ ဦးအပါအဝင် စစ်ဘေးရှောင် အရပ်သားပြည်သူ ၃၀ ဝန်းကျင် သေဆုံးခဲ့ပြီး အယောက် ၅၀ ကျော်ထိခိုက်ဒဏ်ရာရခဲ့ခြင်းကို စစ်ကောင်စီလော်ဘီများက PDF များထိခိုက်သေဆုံးခြင်းသာဖြစ်သည်ဟု သတင်းမှန်ကို ဖုံးကွယ်လိမ်ညာနိုင်ရန် အင်တိုက်အားတိုက် ဝါဒဖြန့်ထားကြသည်။ စစ်ကောင်စီလော်ဘီများ၏ ဝါဒဖြန့်မှုများ စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်များက အဆိုပါဖြစ်စဉ်အတွင်းမှ ဘုန်းကြီးကျောင်းကို PDF များ စခန်းချခိုအောင်းရာနေရာအဖြစ်လည်းကောင်း၊ လင်းတလူကျေးရွာကို PDF များစုဖွဲ့နေသော ရွာအဖြစ်လည်းကောင်း၊ သေဆုံးသူများကို PDF များအဖြစ်လည်းကောင်း၊ တာဝန်သိပြည်သူတစ်ဦး၏ နေရာနှင့်တကွ သတင်းပေးချက်အရ အတိအကျတိုက်ခိုက်ချေမှုန်းခဲ့ခြင်းအဖြစ်လည်းကောင်း စသဖြင့်…
Read More
Free Burma Rangers ရုပ်သံကိုအခြေခံပြီး ပြည်ပကျူးကျော်စစ်နှင့် ဘာသာရေးစစ်အသွင်ဆောင်ပြီဟု စစ်ကောင်စီလော်ဘီများ မဟုတ်မမှန် ဝါဒဖြန့်

Free Burma Rangers ရုပ်သံကိုအခြေခံပြီး ပြည်ပကျူးကျော်စစ်နှင့် ဘာသာရေးစစ်အသွင်ဆောင်ပြီဟု စစ်ကောင်စီလော်ဘီများ မဟုတ်မမှန် ဝါဒဖြန့်

Red News / Fact Check   ရှမ်းပြည်နယ် (တောင်ပိုင်း) နှင့် ကယားပြည်နယ်အစပ် မိုးဗြဲမြို့တွင် ကရင်နီတပ်ပေါင်းစုံတော်လှန်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများအတွင်း ထိခိုက်ဒဏ်ရာရရှိသော တပ်ပေါင်းစုံတပ်ဖွဲ့များ၏ ဒဏ်ရာရရှိမှုစသည့် မြေပြင်အခြေအနေများကို Free Burma Rangers (FBR) အဖွဲ့က ပါဝင်ကူညီပေးနေသည့် ရုပ်သံထုတ်ပြန်မှုကို အခြေခံပြီး စစ်ကောင်စီလော်ဘီများက ပြည်ပကျူးကျော်စစ်နှင့် ဘာသာရေးစစ်အသွင်ဆောင်ပြီဆိုသည့် ဝါဒဖြန့်မှုများကို တယ်လီဂရန်ချန်နယ်များတွင် ပြုလုပ်နေသည်။   စစ်ကောင်စီလော်ဘီများ၏ ဝါဒဖြန့်မှုများ ------------------------------------ မိုးဗြဲမြို့သိမ်းတိုက်ပွဲ ဖေဖော်ဝါရီ ၅ရက်တွင် FBR က တိုက်ပွဲအတွင်း အရေးပေါ်ဆေးကုရေး၊ ရွေ့ပြောင်းကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဝင်ရောက်လုပ်ကိုင်ခဲ့ခြင်းရုပ်သံဖိုင်နှင့် ရုပ်သံဖိုင်တွင်ပါရှိသည့် အဖွဲ့ခေါင်းဆောင် ဒေးဗစ်ယူဘန့် (David Eubank)…
Read More
လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် TNLA (၄၉) ဦး သေဆုံးခဲ့သည်ဟု စစ်ကောင်စီလော်ဘီများ ဝါဒဖြန့်

လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် TNLA (၄၉) ဦး သေဆုံးခဲ့သည်ဟု စစ်ကောင်စီလော်ဘီများ ဝါဒဖြန့်

Red News / Fact Check ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့အား ဇွန်လ ၂၄ ရက်မှ ၂၇ ရက်နေ့အထိ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် TNLA မှ ကျောက်ပေါက်နှင့် ရွှေဒါးဦးဆောင်အဖွဲ့မှ (၁၅) ဦး၊ ကျော်ဦးအဖွဲ့မှ ၁၃ ဦး၊ ကိုအေးအဖွဲ့မှ ၂၁ ဦး စုစုပေါင်း ၄၉ ဦး သေဆုံးခဲ့သည်ကို TNLA ဘက်မှ တင်ပြီး ပြန်ဖျက်သွားသည်ဟုဆိုကာ စစ်ကောင်စီလော်ဘီများသည် ဇွန်လ ၃၀ ရက်နေ့မှစတင်ကာ ဝါဒဖြန့်နေသည်ကို တွေ့ရှိရသည်။ စစ်ကောင်စီလော်ဘီများဝါဒဖြန့်မှု ------------------------------ စစ်ကောင်စီလော်ဘီ တယ်လီဂရန် ဗြုတ်စဗျင်းတောင်း သတင်းများ ဆိုသည့် ချန်နယ်မှစတင်ကာ ဇွန်လ ၂၉…
Read More
NUG ၏ မြေအောက်ဆေးရုံကိစ္စနှင့်ပတ်သက်၍ စစ်ကောင်စီလော်ဘီများ နည်းမျိုးစုံဖြင့် မဟုတ်မမှန်ဝါဒဖြန့်နေ

NUG ၏ မြေအောက်ဆေးရုံကိစ္စနှင့်ပတ်သက်၍ စစ်ကောင်စီလော်ဘီများ နည်းမျိုးစုံဖြင့် မဟုတ်မမှန်ဝါဒဖြန့်နေ

Red News / Fact Check အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ မြေအောက်ဆေးရုံတည်ဆောက်မည့်ကိစ္စနှင့် ပတ်သက်၍ စစ်ကောင်စီလော်ဘီများသည် အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာဖိနှိပ်စော်ကားသည့်အကြောင်းအရာ၊ တော်လှန်ရေးအင်အားစုများ သိက္ခာကျစေမည့်အကြောင်းအရာ၊ ငွေကြေးအလွဲသုံးစား လုပ်ဆောင်နေသည် စသည့်အကြောင်းအရာတို့ဖြင့် မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်မှုများကို တယ်လီဂရန်ချန်နယ်များတွင် အင်တိုက် အားတိုက်ဝါဒဖြန့်ချိနေကြောင်း တွေ့ရှိရသည်။ စစ်ကောင်စီလော်ဘီ ဝါဒဖြန့်မှု --------------------------- မြေအောက်ဆေးရုံနှင့်ပတ်သက်၍ လှောင်ပြောင်ထားသော ဝါဒဖြန့်ပို့စ်အား ဇွန်လ ၂၆ ရက်နေ့မှ စတင်ကာ စစ်ကောင်စီလက်အောက်ခံ လော်ဘီများဖြစ်သော အကုန်သိချန်နယ်နှင့် မှိုင်းဝေချန်နယ်တို့မှစတင်ကာ အလှူခံထားသောငွေနှင့် ပတ်သက်ပြီး မဟုတ်မမှန်ဝါဒဖြန့်ချိထားမှုကို တွေ့ရှိရသည်။ ၎င်းတို့ တင်ထားသောပို့စ်ကို တစ်နေ့တည်းမှာပင် စစ်ကောင်စီလော်ဘီ ချန်နယ် (၁၇) ခုကနေ ထပ်မံဖြန့်ချိခဲ့ကြပါတယ်။ ဇွန်လ…
Read More