Tag: ဘုန်းတော်ကြီးကျောင်း

  • စာသင်ကျောင်း (၂) ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းကို အာဏာသိမ်းစစ်တပ်မှ လေကြောင်းဗုံးကြဲတိုက်ခိုက်

    စာသင်ကျောင်း (၂) ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းကို အာဏာသိမ်းစစ်တပ်မှ လေကြောင်းဗုံးကြဲတိုက်ခိုက်

    RNA_ဇန်နဝါရီ(၁၆)၊၂၀၂၆ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်းရှိ စာသင်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့်အတွက် CDM ဆရာမ တစ်ဦးအပါအဝင် အရပ်သားပြည်သူတစ်ချို့ သေဆုံးခဲ့ရကြောင်း သိရသည်။

    ဝက်လက်မြို့နယ်၊ ညောင်ကန်ကျေးရွာစာသင်ကျောင်းကို အာဏာသိမ်းစစ်တပ်က ယနေ့ (ဇန်နဝါရီ ၁၆ ရက်) လေကြောင်းမှ (၃) ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့သည့်အတွက် ပြည်သူ (၁) ဦး သေဆုံးကာ (၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

    (more…)

  • စစ်ဘေးရှောင်များခိုလှုံနေသည့် ဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်

    စစ်ဘေးရှောင်များခိုလှုံနေသည့် ဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်

    RNA_နိုဝင်ဘာ(၁၄)၊၂၀၂၂ ခုနှစ်။
     
    စစ်ဘေးရှောင်များ ခိုလှုံနေမှန်းသိနေသည့် ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ကုန်းဆွတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း စစ်ကောင်စီတပ်က ယမန်နေ့ (နိုဝင်ဘာ ၁၃ ရက်) နံနက် ၈ နာရီဝန်းကျင်က လက်နက်ကြီးပစ်ခတ်သည့်အတွက် စစ်ဘေးရှောင်အမျိုးသမီး ၂ ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။
     
    ကရင်နီပြည်တွင်း စစ်ကောင်စီတပ်သည် စစ်ဘေးရှောင်များခိုလှုံနေသည့် ခရစ်ယာန်ဘုရားကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းများ၊ ဒုက္ခသည်စခန်းနှင့် ကျေးရွာများအတွင်း ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ပြုလုပ်နေသည်။
     
    ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့အထိ ကရင်နီပြည်တွင် စစ်ကောင်စီတပ်က အရပ်သားပြည်သူ (၂၈၂) ဦးနှင့် စစ်ဘေးရှောင်သေဆုံးမှု (၉၇) ဦး သတ်ဖြတ်ခဲ့ကြောင်း၊ လေကြောင်းတိုက်ခိုက်မှု (၁၇၃) ကြိမ်ရှိကြောင်း၊ ဘာသာရေးအဆောက် အဦ (၂၇) လုံးနှင့် နေအိမ်အဆောက် အဦ (၁၂၄၇) လုံး ပျက်စီးခဲ့ရပြီး ပြည်သူ (၂၈၀) ဝန်းကျင် ဖမ်းဆီးခံထားရသည်ဟု တိုးတက်သော ကရင်နီပြည်သူ့အင်အားစု – PKPF က ထုတ်ပြန်ထားသည်။
     
    #RedNewsAgency