ပေါက်မြို့နယ်မှာ လေကြောင်းတိုက်ခိုက်ခံရပြီး မျက်မမြင်အဖွားအို ၁ ဦးအပါအဝင် (၇) ဦးသေဆုံး

RNA_နိုဝင်ဘာ(၄)၊၂၀၂၆ခုနှစ်။

မကွေးတိုင်း၊ ပေါက်မြို့နယ် (တောင်းပိုင်း)၊ ကျောက်ခွက်ရွာ၊ အိုင့်ကျယ်ရွာ၊ လယ်လန်းရွာတို့ကို အာဏာသိမ်းစစ်တပ်မှ နိုဝင်ဘာ (၃) ရက်နေ့ နေ့လယ်ပိုင်းတွင် လေကြောင်းတိုက်ခိုက်ခဲ့သည့်အတွက် အသက် (၉၀) အရွယ် မျက်မမြင်အဖွားအို ၁ ဦးအပါအဝင် (၇) ဦးသေဆုံးခဲ့ရသည်။

အာဏာသိမ်းစစ်တပ်သည် မန္တလေးတိုင်း၊ ပုဂံ-ညောင်ဦး လေဆိပ်မှ ဂျိုင်ရိုကောပတာ (၃) စီးဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျေးရွာများဖြစ်သည့် ကျောက်ခွက်ရွာ၊ အိုင့်ကျယ်ရွာ၊ လယ်လန်းရွာတို့ကို လေကြောင်းတိုက်ခိုက်ခဲ့သည့်အတွက် ကျောက်ခွက်ရွာမှ အမျိုးသား (၄)ဦး၊ အမျိုးသမီး (၂)ဦးသေဆုံးခဲ့ရပြီး၊ လယ်လန်ရွာမှ အသက် (၉၀) အရွယ် အဖွားအို သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ပေါက်မြို့နယ်၊ လူမှုရေးရာ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဌာနက ထုတ်ပြန်ထားခြင်းဖြစ်သည်။

အာဏာသိမ်းစစ်တပ်၏ လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း (၇) ဦးသေဆုံးသည့်အပြင် ကျောက်ခွက်ရွာမှ အမျိုးသား (၄) ဦး အမျိုးသမီး (၅)ဦး၊ လယ်လန်ရွာမှ ကိုရင်ကြီး ၁ပါးနှင့် အမျိုးသမီး (၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ပေါက်မြို့နယ်အတွင်း နိုဝင်ဘာ ၃ ရက်နေ့က လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် ဝန်ခြုံးရွာ၊ ကျောက်ခွက်ရွာ၊ အိုင့်ကျယ်ရွာ? သီးချောက်ရွာ၊ သရဖီရွာ၊ လယ်လန်းရွာတို့မှ အိမ်ထောင်စု (၉၅၈ )စုမှ အမျိုးသား (၁၅၄၅ )ဦး အမျိုးသမီး (၁၇၉၆)ဦး စုစုပေါင်း (၃၃၄၁)ဦးတို့ တောတောင်များထဲတွင် ထွက်ပေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

#RedNewsAgency #RedNews #RNA

By Editor