စာသင်ကျောင်းဗုံးကြဲခံရ

တောင်သာရှိ မူလတန်းကျောင်းကို စစ်အုပ်စု ဒရုန်းဖြင့် တိုက်ခိုက်၊ ကလေးငယ်များအပါအဝင် အများပြား ထိခိုက်ဒဏ်ရာရ

တောင်သာရှိ မူလတန်းကျောင်းကို စစ်အုပ်စု ဒရုန်းဖြင့် တိုက်ခိုက်၊ ကလေးငယ်များအပါအဝင် အများပြား ထိခိုက်ဒဏ်ရာရ

RNA_အောက်တိုဘာ(၆)၊၂၀၂၆ခုနှစ်။ မန္တလေးတိုင်း တောင်သာမြို့နယ် သာပေါင်းလေးရွာရှိ မူလတန်း စာသင်ကျောင်းကို စစ်အုပ်စုက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် စာသင်ကြားနေသည့် ကလေးငယ်များအပါအဝင် (၁၅) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ တောင်သာမြို့နယ် ထန်းပင်ကန်ရွာ ရေအောင်မြင်ဘုရား၌ တပ်စွဲထားသည့် စစ်အုပ်စုက သာပေါင်းလေးရွာရှိ စာသင်ကျောင်းကို ယနေ့ (အောက်တိုဘာ ၆ ရက်) နံနက် (၈) နာရီဝန်းကျင်၌ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီကလည်း ဖော်ပြထားသည်။ စစ်အုပ်စု ဒရုန်းဖြင့် ဗုံးကြဲချတိုက်ခိုက်ချိန်တွင် မူလတန်းစာသင်ကျောင်း၌ ကလေးငယ်များ စာသင်ကြားနေချိန်ဖြစ်သောကြောင့် ထိခိုက်ဒဏ်ရာရသူ များပြားခဲ့ပြီး အချို့သည် ပြင်းထန်ဒဏ်ရာရရှိထားကြောင်း သိရသည်။ ထိခိုက်ဒဏ်ရာရသူများထဲတွင် ကလေးငယ်များနှင့် စာသင်ကြားနေသည့် ဆရာမလည်း ပါဝင်ခဲ့ကြောင်း…
Read More
စာသင်ကျောင်း (၂) ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းကို အာဏာသိမ်းစစ်တပ်မှ လေကြောင်းဗုံးကြဲတိုက်ခိုက်

စာသင်ကျောင်း (၂) ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းကို အာဏာသိမ်းစစ်တပ်မှ လေကြောင်းဗုံးကြဲတိုက်ခိုက်

RNA_ဇန်နဝါရီ(၁၆)၊၂၀၂၆ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်းရှိ စာသင်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့်အတွက် CDM ဆရာမ တစ်ဦးအပါအဝင် အရပ်သားပြည်သူတစ်ချို့ သေဆုံးခဲ့ရကြောင်း သိရသည်။ ဝက်လက်မြို့နယ်၊ ညောင်ကန်ကျေးရွာစာသင်ကျောင်းကို အာဏာသိမ်းစစ်တပ်က ယနေ့ (ဇန်နဝါရီ ၁၆ ရက်) လေကြောင်းမှ (၃) ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့သည့်အတွက် ပြည်သူ (၁) ဦး သေဆုံးကာ (၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ (more…)
Read More
စာသင်ကျောင်းဗုံးကြဲခံရမှုအတွင်း သမီး ၂ ယောက်ဆုံးရှုံးခဲ့ရသည့် မိခင်၏ရင်တွင်းစကား

စာသင်ကျောင်းဗုံးကြဲခံရမှုအတွင်း သမီး ၂ ယောက်ဆုံးရှုံးခဲ့ရသည့် မိခင်၏ရင်တွင်းစကား

RNA_မေ(၁၉)၊၂၀၂၅ခုနှစ်။   စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်း ဗုံးကြဲခံရမှုအတွင်း သမီး (၂) ဦး(၁၀ တန်းကျောင်းသူနှင့် ၇ တန်းကျောင်းသူ)၏ မိခင်က ဖြစ်စဉ်အတွင်း မြင်တွေ့ရမှုများနှင့် ရင်တွင်းစကားများကို CDM ဆရာမ ဒေါ်ရတီအုန်းကို ပြောပြထားခြင်းဖြစ်သည်။ (more…)
Read More
အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်းဗုံးကြဲခံရမှု ကွယ်လွန်သူ (၂၄) ဦးထိရှိလာ

အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်းဗုံးကြဲခံရမှု ကွယ်လွန်သူ (၂၄) ဦးထိရှိလာ

RNA_မေ(၁၄)၊၂၀၂၅ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်မှုအတွင်း နေရာတွင် ကွယ်လွန်သူ (၂၂) ဦးရှိသည့်အပြင် ဒဏ်ရာအပြင်းအထန်ရသူများထဲမှ ကလေးငယ် (၂) ဦးထပ်မံ ကွယ်လွန်ခဲ့သည်ဟု ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။ အိုးတိန်တွင်းကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီတပ်မှ မေလ ၁၂ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အကျော်က လေကြောင်းတိုက်ခိုက်ခဲ့သည့်အတွက် နေရာတွင် ကျောင်းသား (၂၀) ဦးနှင့် ဆရာမ (၂) ဦး ကွယ်လွန်ခဲ့ရပြီး (၁၀၀) ကျော် ဒဏ်ရာရရှိခဲ့ပြီးနောက် (၁၃) ရက်နေ့နှင့် (၁၄) ရက်နေ့တွင် အသက် (၈) နှစ်နှင့် အသက် (၁၁) နှစ်အရွယ် ကလေးငယ် (၂)…
Read More
စာသင်ကျောင်းဗုံးကြဲတိုက်ခိုက်သူများကို ပြစ်ဒဏ်ကင်းလွတ်ခွင့်မရှိစေရဟု NUG ပညာရေးဝန်ကြီးဌာန ထုတ်ပြန်

စာသင်ကျောင်းဗုံးကြဲတိုက်ခိုက်သူများကို ပြစ်ဒဏ်ကင်းလွတ်ခွင့်မရှိစေရဟု NUG ပညာရေးဝန်ကြီးဌာန ထုတ်ပြန်

RNA_မေ(၁၃)၊၂၀၂၅ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်း ကျေးရွာစာသင်ကျောင်း လေကြောင်းတိုက်ခိုက်မှုအတွင်း အမိန့်ပေးသူများ၊ ပြစ်မှုကို ကာယကံ မြောက် ကျူးလွန်သူများ၊ ပူးပေါင်းပါဝင်သူများအားလုံးကို ထိုက်ထိုက် တန်တန် အရေးယူအပြစ်ပေးသွားမည်ဖြစ်ကြောင်း NUG ပညာရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည်။   အပြစ်မဲ့သော ကလေးသူငယ် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများကို လေကြောင်းမှ တိုက်ခိုက်ရန် အမိန့်ပေးသူများ၊ ပြစ်မှုကို ကာယကံမြောက် ကျူးလွန်သူများ၊ ပူးပေါင်းပါဝင်သူများအားလုံး မည်သည့်အကြောင်းကြောင်းကြောင့်မှ ပြစ်ဒဏ်ကင်းလွတ်ခွင့် မရှိစေရေး ကမ္ဘာကြေသော်လည်း ဥဒါန်းကျေမည်မဟုတ်ဘဲ ပြင်းထန်စွာ အပြစ်ပေး အရေးယူနိုင်ရေး စုံစမ်းရှာဖွေ ဖော်ထုတ်သွားမည်ဟု ဆိုသည်။ (more…)
Read More
စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုအပြီး မြင်ကွင်း

စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုအပြီး မြင်ကွင်း

RNA_မေ(၁၂)၊၂၀၂၅ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်းကို ယနေ့ နံနက် ၁၀ နာရီခန့်တွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်သွားသည့်အတွက် ကျောင်းသား (၂၀) ဦးနှင့် ဆရာမ (၂) ဦး သေဆုံးခဲ့ပြီး (၄၀) ခန့် ဒဏ်ရာရပြီးနောက် မြင်တွေ့ရသည့် လေကြောင်းတိုက်ခိုက်ခံရမှုအပြီး မြင်ကွင်းဖြစ်သည်။ စစ်ကိုင်းငလျင်ဘေးကူညီရန် ရောက်ရှိနေသော ကလေးခရိုင်သက်မွေးပညာကော်မတီ တာဝန်ခံ၊ CDM ကထိက ဆရာမ ဒေါ်ရတီအုန်းက လေကြောင်းတိုက်ခိုက်ခံရမှုအပြီး အရောက်သွားခဲ့ကာ စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုကျူးလွန်မှုမှုအား မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။ (more…)
Read More
လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ကျောင်းသား (၂၀) နှင့် ဆရာမ (၂) ဦးတို့ သေဆုံး

လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ကျောင်းသား (၂၀) နှင့် ဆရာမ (၂) ဦးတို့ သေဆုံး

RNA_မေ(၁၂)၊၂၀၂၅ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာ စာသင်ကြောင်းကို ယနေ့ နံနက် ၁၀ နာရီခန့်တွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်သွားသည့်အတွက် ကျောင်းသား (၂၀) ဦးနှင့် ဆရာမ (၂) ဦးသေဆုံးခဲ့ပြီး (၄၀) ခန့် ဒဏ်ရာရရိခဲ့သည်ဟု သိရသည်။ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ရသော ကျောင်းသူ ကျောင်းသားများမှာ မသက်ထားဝေ (G-11)၊ မမို့မို့ဝင်း (G-10)၊ မောင်မြတ်နိုးမောင်မောင် (G-9)၊ မလှအုံးမယ် (G-7)၊ မမို့မြင့်ဟန် (G-7)၊ မမြတ်နိုးဦး (G-7)၊ မောင်ဇေယျာဖြိုး (G-5)၊ မောင်ချမ်းမြေ့အောင် (G-4)၊ မထက်ရတီထွန်း (G-4)၊ မမွန်မီမီအောင် (G-4)၊ မမိုးဟေကျော် (G-4)၊ မောင်ဖိုးမိုးသွန်း (G-3)၊ မအေးခြင်းစံ…
Read More