ပြည်သူသေဆုံးမှု

လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် လိပ်ကျကျေးရွာနှင့်ရေထွက်ကျေးရွာမှ ပြည်သူ (၅၀) ဝန်းကျင်သေဆုံး

လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် လိပ်ကျကျေးရွာနှင့်ရေထွက်ကျေးရွာမှ ပြည်သူ (၅၀) ဝန်းကျင်သေဆုံး

RNA_မေ(၁)၊၂၀၂၅ခုနှစ်။ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ လိပ်ကျကျေးရွာနှင့် ရေထွက်ကျေးရွာတို့တွင် ဧပြီလအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ (၅၀) ဦးဝန်းကျင်သေဆုံးပြီး (၈၀) ဦးဝန်းကျင်ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ယနေ့ ထုတ်ပြန်ထားသည်။ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်နစ်နာခဲ့ရသော လိပ်ကျကျေးရွာနှင့် ရေထွက်ကျေးရွာတို့ရှိ အိမ်ထောင်စုများအားဧပြီလ (၂၇)ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)မှ တွေ့ဆုံ၍ ထောက်ပံ့ကြေးများ ပေးအပ်ခဲ့ကြောင်း၊ လိပ်ကျကျေးရွာနှင့်ရေထွက်ကျေးရွာတို့တွင် အပြစ်မဲ့ပြည်သူ (၅၀)ဦးဝန်းကျင် အသက်ဆုံးရှုံးခဲ့ပြီး (၈၀)ဦးဝန်းကျင် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ပြည်သူပိုင် အိုးအိမ်များစွာ ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (more…)
Read More
တောင်သူများ စုပေါင်းနေထိုင်သော တဲအိမ်စု လေကြောင်းတိုက်ခိုက်ခံရပြီး (၈) ဦးသေဆုံးကာ (၅) ဦးဒဏ်ရာရ

တောင်သူများ စုပေါင်းနေထိုင်သော တဲအိမ်စု လေကြောင်းတိုက်ခိုက်ခံရပြီး (၈) ဦးသေဆုံးကာ (၅) ဦးဒဏ်ရာရ

RNA_ဖေဖော်ဝါရီ(၂၃)၊၂၀၂၅ ခုနှစ်။ မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်၊ မုံညှင်းကျေးရွာအနီး မင်းလမ်းယာတဲစု (တောင်သူများစုဝေးနေထိုင်သောတဲအိမ်စု)ကို စစ်ကောင်စီက စက်တပ်လေထီး (Paramortor) ဖြင့်လေကြောင်းမှ ယနေ့ (ဖေဖော်ဝါရီ ၂၃ ရက်) နံနက်စောစော (၃) နာရီ (၁၅) မိနစ်တွင် တစ်ကြိမ်နှင့် (၃) နာရီ (၁၈) မိနစ်တွင်တစ်ကြိမ် တိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံ တောင်သူ (၈) ဦးသေဆုံးကာ (၅) ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ (more…)
Read More
ရဲကားတိုက်ခိုက်ခံရပြီး (၃) ဦးသေဆုံးသည့်အတွက် ရမ်းသမ်းပစ်ခတ်ချိန် ပြည်သူ (၆) ဦးသေ

ရဲကားတိုက်ခိုက်ခံရပြီး (၃) ဦးသေဆုံးသည့်အတွက် ရမ်းသမ်းပစ်ခတ်ချိန် ပြည်သူ (၆) ဦးသေ

RNA_မတ်(၁၉)၊၂၀၂၃ ခုနှစ်။ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ငြိမ်းချမ်းသာယာကျေးရွာအတွင်း ယမန်နေ့ညနေ (၆) နာရီခန့်က စစ်ကောင်စီလက်အောက်ခံ ရဲကား(၂) စီးတိုက်ခိုက်ခံရပြီး ရဲ (၃) ဦးသေဆုံးခဲ့သည့်အတွက် စစ်ကောင်စီတပ်သားများက ကျေးရွာအတွင်း လက်နက်ကြီးငယ်များဖြင့် ရမ်းသမ်းပစ်ခတ်သည့်အတွက် ပြည်သူ (၆) ဦး သေဆုံးခဲ့သည်။ ငြိမ်းချမ်းသာယာကျေးရွာရှိ ကုန်တင်ကားကြီးကွင်းအနီး ရဲကား (၂) စီးကို KIA/PDF မှ ပစ်ခတ်တိုက်ခိုက်ရာ ရဲကား(၁) စီးလွတ်သွားပြီး တစ်စီးမှ ရဲသုံးဦး သေဆုံးသွားခဲ့သည့်နောက် စစ်ကောင်စီ စစ်သားများ အခြေချရာနေရာများမှ ကျေးရွာပြည်သူများရှိရာဘက် တရစပ်ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ "ရဲစခန်းကုန်းအတက်မှာဖြစ်တာ၊ ရဲသုံးယောက်က ပွဲချင်း ပြီးပဲ၊ ထိတွေ့တိုက်ပွဲလည်းပြီးရော ငြိမ်းချမ်းသာယာရဲစခန်းကုန်းကရော၊ အန္တမုနိ ဘုရားကုန်းကရော၊ နှစ်မျက်နှာဘုရားကုန်းကရော…
Read More
စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ (၁၅၅) ဦး သေဆုံးခဲ့ရ 

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ (၁၅၅) ဦး သေဆုံးခဲ့ရ 

RNA_နိုဝင်ဘာ(၁၅)၊၂၀၂၂ခုနှစ်။ ၂၀၂၁ ခုနှစ်၊အောက်တို ဘာလ (၁)ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့အထိ အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီတပ်၏ လေကြောင်းပစ်ခတ်မှုကြောင့် အမျိုးသမီး၊ ကလေးအပါအဝင် အပြစ်မဲ့ပြည်သူ (၁၅၅) ဦး သေဆုံးခဲ့ရပြီး (၁၈၇) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်ထားသည်။ (more…)
Read More