Tag: ဒီပဲယင်း

  • စာသင်ကျောင်းဗုံးကြဲတိုက်ခိုက်သူများကို ပြစ်ဒဏ်ကင်းလွတ်ခွင့်မရှိစေရဟု NUG ပညာရေးဝန်ကြီးဌာန ထုတ်ပြန်

    စာသင်ကျောင်းဗုံးကြဲတိုက်ခိုက်သူများကို ပြစ်ဒဏ်ကင်းလွတ်ခွင့်မရှိစေရဟု NUG ပညာရေးဝန်ကြီးဌာန ထုတ်ပြန်

    RNA_မေ(၁၃)၊၂၀၂၅ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်း ကျေးရွာစာသင်ကျောင်း လေကြောင်းတိုက်ခိုက်မှုအတွင်း အမိန့်ပေးသူများ၊ ပြစ်မှုကို ကာယကံ မြောက် ကျူးလွန်သူများ၊ ပူးပေါင်းပါဝင်သူများအားလုံးကို ထိုက်ထိုက် တန်တန် အရေးယူအပြစ်ပေးသွားမည်ဖြစ်ကြောင်း NUG ပညာရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည်။

     

    အပြစ်မဲ့သော ကလေးသူငယ် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများကို လေကြောင်းမှ တိုက်ခိုက်ရန် အမိန့်ပေးသူများ၊ ပြစ်မှုကို ကာယကံမြောက် ကျူးလွန်သူများ၊ ပူးပေါင်းပါဝင်သူများအားလုံး မည်သည့်အကြောင်းကြောင်းကြောင့်မှ ပြစ်ဒဏ်ကင်းလွတ်ခွင့် မရှိစေရေး ကမ္ဘာကြေသော်လည်း ဥဒါန်းကျေမည်မဟုတ်ဘဲ ပြင်းထန်စွာ အပြစ်ပေး အရေးယူနိုင်ရေး စုံစမ်းရှာဖွေ ဖော်ထုတ်သွားမည်ဟု ဆိုသည်။

    (more…)

  • စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုအပြီး မြင်ကွင်း

    စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုအပြီး မြင်ကွင်း

    RNA_မေ(၁၂)၊၂၀၂၅ခုနှစ်။
    စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်းကို ယနေ့ နံနက် ၁၀ နာရီခန့်တွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်သွားသည့်အတွက် ကျောင်းသား (၂၀) ဦးနှင့် ဆရာမ (၂) ဦး သေဆုံးခဲ့ပြီး (၄၀) ခန့် ဒဏ်ရာရပြီးနောက် မြင်တွေ့ရသည့် လေကြောင်းတိုက်ခိုက်ခံရမှုအပြီး မြင်ကွင်းဖြစ်သည်။
    စစ်ကိုင်းငလျင်ဘေးကူညီရန် ရောက်ရှိနေသော ကလေးခရိုင်သက်မွေးပညာကော်မတီ တာဝန်ခံ၊ CDM ကထိက ဆရာမ ဒေါ်ရတီအုန်းက လေကြောင်းတိုက်ခိုက်ခံရမှုအပြီး အရောက်သွားခဲ့ကာ စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုကျူးလွန်မှုမှုအား မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။

    (more…)

  • လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ကျောင်းသား (၂၀) နှင့် ဆရာမ (၂) ဦးတို့ သေဆုံး

    လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ကျောင်းသား (၂၀) နှင့် ဆရာမ (၂) ဦးတို့ သေဆုံး

    RNA_မေ(၁၂)၊၂၀၂၅ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာ စာသင်ကြောင်းကို ယနေ့ နံနက် ၁၀ နာရီခန့်တွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်သွားသည့်အတွက် ကျောင်းသား (၂၀) ဦးနှင့် ဆရာမ (၂) ဦးသေဆုံးခဲ့ပြီး (၄၀) ခန့် ဒဏ်ရာရရိခဲ့သည်ဟု သိရသည်။

    လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ရသော ကျောင်းသူ ကျောင်းသားများမှာ မသက်ထားဝေ (G-11)၊ မမို့မို့ဝင်း (G-10)၊ မောင်မြတ်နိုးမောင်မောင် (G-9)၊ မလှအုံးမယ် (G-7)၊ မမို့မြင့်ဟန် (G-7)၊ မမြတ်နိုးဦး (G-7)၊ မောင်ဇေယျာဖြိုး (G-5)၊ မောင်ချမ်းမြေ့အောင် (G-4)၊ မထက်ရတီထွန်း (G-4)၊ မမွန်မီမီအောင် (G-4)၊ မမိုးဟေကျော် (G-4)၊ မောင်ဖိုးမိုးသွန်း (G-3)၊ မအေးခြင်းစံ (G-3)၊ မဖြိုးဝေဖြိုး (G-3)၊ မချယ်လီမိုး (G-2)၊ မောင်လွှမ်းပိုင်ထက် (G-2)၊ မငြိမ်းရွှေရတီမိုး (G-2)၊ မစုလတ်နိုင် (G-2)၊ မရွှန်းလဲ့ဝေ (G-2)၊ မသွန်းစက်ဖြူ (G-2) နှင့် ဆရာမ (၂) တို့ဖြစ်ကြောင်း S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့ ထံမှ သိရသည်။

    (more…)

  • ဖမ်းဆီးခံထားရသော တပ်ရင်းမှူးပြန်လည်လွှတ်မြောက်ရေး ပြည်သူများဆန္ဒပြ

    ဖမ်းဆီးခံထားရသော တပ်ရင်းမှူးပြန်လည်လွှတ်မြောက်ရေး ပြည်သူများဆန္ဒပြ

    RNA_ဖေဖော်ဝါရီ(၂၆)၊၂၀၂၅ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် အမှတ် (၂၁) တပ်ရင်းမှ တပ်ရင်းမှူး ဦးတင်မောင်မျိုးဖမ်းဆီးခံထားရသည့်အတွက် တပ်ရင်းမှူးရွာမှ ရွာသူ ရွာသားများက ပြန်လွှတ်ပေးရန် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ကျေးရွာအတွင်း လှည့်လည်ကာ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့ကြောင်း သိရသည်။

    ရွှေဘိုခရိုင် အမှတ် (၂၁) မှ တပ်ရင်းမှူး ဦးတင်မောင်မျိုးအား NUG/MOD ရွှေဘိုခရိုင်မှ ၂၀၂၄ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့ကတည်းက ဖမ်းဆီးထားခြင်းဖြစ်ကြောင်း၊ ယနေ့ ဖေဖော်ဝါရီ (၂၆) ရက်နေ့အထိ အဆက်အသွယ်မရကြောင်း၊ ခရိုင်မှ ဆင့်ခေါ်သည့်အတွက် သွားရောက်ချိန်တွင် ဖမ်းဆီးထားလိုက်ခြင်း ဖြစ်ကြောင်း တပ်ရင်းမှူးဦး၏ ညီမဖြစ်သူထံမှ သိရသည်။

    (more…)

  • 96 Soldiers – PDF အနေဖြင့် (၃) နှစ်အတွင်း မြို့သိမ်းတိုက်ပွဲအပါအဝင် တိုက်ပွဲပေါင်း (၄၇) ပွဲ ဆင်နွှဲခဲ့

    96 Soldiers – PDF အနေဖြင့် (၃) နှစ်အတွင်း မြို့သိမ်းတိုက်ပွဲအပါအဝင် တိုက်ပွဲပေါင်း (၄၇) ပွဲ ဆင်နွှဲခဲ့

    RNA_အောက်တိုဘာ(၇)၊၂၀၂၄ခုနှစ်။

    96 Soldiers – PDF အနေဖြင့် တည်ထောင်ခဲ့သည့် (၃) နှစ်အတွင်း ဒီပဲယင်းမြို့၊ ကော့ကရိတ်မြို့၊ မြဝတီမြို့ မြို့သိမ်းတိုက်ပွဲနှင့် ပျောက်ကြားတိုက်ပွဲ၊ ထိတွေ့တိုက်ပွဲစသည့် တိုက်ပွဲပေါင်း (၄၇) ပွဲ မဟာမိတ်များဖြင့် ပူးပေါ်င်း ဆင်နွှဲခဲ့သည်ဟု သိရသည်။


    96 Soldiers – PDF သည် ၂၀၂၄ ခုနှစ် အောက်တိုဘာ (၆) ရက်နေ့သည် တပ်ဖွဲ့ (၃) နှစ်ပြည့်မြောက်ပြီဖြစ်ကြောင်း၊ တပ်ဖွဲ့အနေဖြင့် တောင်ပိုင်းဒေသနှင့် အညာဒေသဆိုပြီး ဒေသ၂ ခုခွဲပြီး တိုက်ပွဲဝင်နေကြောင်း၊ (၃) နှစ်အတွင်း ရဲဘော် (၈) ဦးကျဆုံးခဲ့ရကြောင်း 96 Soldiers – PDF ကထုတ်ပြန်ထားသည်။

    (more…)

  • ဒီပဲယင်းမြို့တိုက်ပွဲတွင် အချုပ်သား (၂၀) ဦးနှင့် ပြည်သူ ၇၀ ကျော်ကို ကယ်ထုတ်နိုင်ခဲ့

    ဒီပဲယင်းမြို့တိုက်ပွဲတွင် အချုပ်သား (၂၀) ဦးနှင့် ပြည်သူ ၇၀ ကျော်ကို ကယ်ထုတ်နိုင်ခဲ့

    RNA_ဩဂုတ်(၂၁)၊၂၀၂၄ ခုနှစ်။
     
    စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့တွင်း တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၈ ဦးသေဆုံးပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော် (၄) ဦးကျဆုံးခဲ့ရကာ အချုပ်သား (၂၀) ဦးနှင့် ပြည်သူ ၇၀ ကျော်ကိုယ် ကယ်ထုတ်နိုင်ခဲ့သည်ဟု အမှတ် (၁) စစ်ဒေသက ထုတ်ပြန်ထားသည်။
     
    ဩဂုတ်လ ၁၈ ရက်နေ့က ဒီပဲယင်းမြို့တွင်းရှိ စစ်ကောင်စီတပ်သားများ တပ်စွဲထားသော ရဲစခန်း၊ ထွေအုပ်ရုံး၊ ဝန်ထမ်းအိမ်ရာ၊ ရွှေဇာလီဘုရား၊ စာရင်းစစ်ရုံး၊ ဇွဲစားသောက်ဆိုင်နှင့် အထက ကျောင်းတို့အား တိုက်ခိုက် သိမ်းပိုက်ခြင်းဖြစ်ပြီးနောက် မြို့တွင်းပိတ်မိနေသည့် ပြည်သူများနှင့် ဖမ်းဆီးခံထားရသည့် အချုပ်သားများကို ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

    (more…)

  • ဒီပဲယင်းမြို့သိမ်းခံရပြီးနောက် စစ်ကောင်စီတပ် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ပြန်ဆင်နေ

    ဒီပဲယင်းမြို့သိမ်းခံရပြီးနောက် စစ်ကောင်စီတပ် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ပြန်ဆင်နေ

    RNA_ဩဂုတ်(၁၈)၊၂၀၂၄ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ကို ယနေ့ နံနက်ပိုင်းတွင် တော်လှန်ရေးအင်အားစုများက တိုက်ခိူက်သိမ်းပိုက်နိုင်ခဲ့သော်လည်း ညနေပိုင်းတွင် စစ်ကောင်စီတပ်မှ လေကြောင်းအသုံးပြုပြီး အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေသည့်အတွက် ယနေ့ည မြန်မာစံတော်ချိန် (၆) နာရီ (၃၀) မိိစ်ခန့်အထိ တိုက်ပွဲပြင်းထန်နေကြောင်း Anyar Defense Force ထံမှ သိရသည်။

    ယမန်နေ့ နံနက်ပိုင်းတွင် တော်လှန်ရေးအင်အားစုများက ဒီပဲရင်းမြို့ရှိ စစ်ကောင်စီတပ်စွဲထားသော ရဲစခန်း၊ ထွေအုပ်ရုံး၊ တရားရုံးနှင့် ဝန်ထမ်းအိမ်ယာစသည်တို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ စစ်ကောင်စီတပ် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာနေသည့်အတိုက် မြို့မပျက်စီးရေးအတွက် တော်လှန်ရေးအင်အားများ ယာယီပြန်ဆုတ်ရနိုင်သည့် အခြေအနေ ဖြစ်ပေါ်နေသည်ဟု တိုက်ပွဲဝင် ရဲဘော်တချို့ထံမှ သိရသည်။

    #RedNewsAgency #RNA

  • ဒီပဲယင်းမြို့နယ်ညောင်လှကျေးရွာ တတိယအကြိမ်မီးရှို့ခံရမှု မြင်ကွင်း

    ဒီပဲယင်းမြို့နယ်ညောင်လှကျေးရွာ တတိယအကြိမ်မီးရှို့ခံရမှု မြင်ကွင်း

    RNA_ဇန်နဝါရီ(၂၆)၊၂၀၂၃ ခုနှစ်။
     
    စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ညောင်လှကျေးရွာကို အာဏာသိမ်းစစ်ကောင်စီတပ်က ဇန်နဝါရီလ ၂၄ ရက် (၂၅) ရက်နေ့တို့က တတိယအကြိမ်အဖြစ် တရွာလုံးနီးပါးကို မီးရှို့ဖျက်ဆိးခဲ့ကြောင်း မှတ်တမ်းနှင့်တကွ ဒီပဲယင်းမြို့နယ် စစ်ရှောင် ထောက်ပံ့ရေးအဖွဲ့က တင်ပြထားသည်။
    [embedyt] https://www.youtube.com/watch?v=b6j5MY0T_CM[/embedyt]
    Red News Agency

  • ကလေးငယ် (၁၁) ဦးအသတ်ခံရမှုကို Save the Children အနေဖြင့် ထိတ်လန့်တုန်လှုပ်မိဟု ထုတ်ပြန် 

    ကလေးငယ် (၁၁) ဦးအသတ်ခံရမှုကို Save the Children အနေဖြင့် ထိတ်လန့်တုန်လှုပ်မိဟု ထုတ်ပြန် 

    RNA_စက်တင်ဘာ (၂၀)၊၂၀၂၂ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီတပ် မကြမ်းဖက် တိုက်ခိုက် ပစ်ခတ်သည့်အတွက် ကလေးငယ် (၁၁) ဦး သေဆုံးခဲ့ရပြီး (၁၇) ဦး ထိခိုက်ဒဏ်ရာရရှိမှုအပေါ် လွန်စွာထိတ်လန့် တုန်လှုပ် မိပါသည်ဟု ထုတ်ပြန်ထားသည်။

    (more…)

  • စာသင်ကျောင်းကို လေကြောင်းက တိုက်ခိုက်သည့်အတွက် ကလေးငယ် (၄) ဦးပါအဝင် သေဆုံးမှုများပြား 

    စာသင်ကျောင်းကို လေကြောင်းက တိုက်ခိုက်သည့်အတွက် ကလေးငယ် (၄) ဦးပါအဝင် သေဆုံးမှုများပြား 

    RNA_စက်တင်ဘာ(၁၇)၊၂၀၂၂ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အရှေ့ခြမ်း လက်ယက်ကုန်းကျေးရွာ စာသင်နေသည့် ဗုဒ္ဓယဉ်ကျေးမှုသင်တန်းကျောင်းကို ယမန့်နေ့ ( စက်တင်ဘာ ၁၆ ရက်) က အကြမ်းဖက်စစ်တပ်မှ ရဟတ်ယာဉ်များသုံးကာ ဝင်ရောက်ပစ်ခတ်စီးနင်းခဲ့သည့်အတွက် ကလေးငယ်များအပါအဝင် ပြည်သူများ သေဆုံးခဲ့ရသည်ဟု သိရသည်။

    (more…)