28
Nov
RNA_နိုဝင်ဘာ(၂၈)၊၂၀၂၆ခုနှစ်။ မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ အင်းယုံကျေးရွာစာသင်ကျောင်းအတွင်း ကျောင်းသား၊ ကျောင်းသူများရှိနေချိန်နှင့် ဘုန်းတော်ကြီးကျောင်းအတွင်း နိုဝင်ဘာလ ၂၆ ရက် နေ့လယ်ပိုင်းက ချောတိုင်တက်ပွဲ ပြုလုပ်နေစဉ် အကြမ်းဖက် အာဏာသိမ်းစစ်တပ်မှ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် နေရာတွင် ပွဲချင်းပြီးသေဆုံးသူများအပါအဝင် ဆေးဝါးကုသမှု မလုပ်နိုင်သည့်အတွက် ထပ်မံသေဆုံးသူများရှိနေပြီး သေဆုံးသူ (၅၀) ကျော်သွားပြီဖြစ်ကြောင်း သိရသည်။ အင်းယုံ ကျေးရွာ စာသင်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းတွင် ကပ်လျက်အနေအထားဖြစ်ပြီး ချောတိုင်တက်ပွဲအား ကျောင်းသူ ကျောင်းသားများ ကြည့်ရှုနေချိန် စာသင်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းကို လေကြောင်းဗုံးကြဲခြင်း၊ လေယာဉ်ပေါ်မှ စက်သေနတ်များဖြင့် ပစ်ခြင်း၊ မြေပြင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ အသေခံ ဒရုန်းများအသုံးတိုက်ခိုက်ခြင်းများကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က ပြုလုပ်ခဲ့ခြင်းဖြစ်သည့်အတွက် ကလေးငယ်များအပါအဝင် သေဆုံးသူ…