15
Oct
RNA_အောက်တိုဘာ(၁၅)၊၂၀၂၆ခုနှစ်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရန် အမေရိကန်လွှတ်တော်အမတ် (၆) ဦးက ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြိး မိုက်ဝေါ့ဇ် (Mike Waltz) ထံ အောက်တိုဘာ (၁၄) ရက်က စာရေးသားပေးပို့ တိုက်တွန်းထားသည်။ ကုလသမဂ္ဂ၌ မြန်မာအမြဲတမ်းကိုယ်စားလှယ်တစ်ဦးကို ခန့်အပ်နိုင်ရန် စစ်အုပ်စုက ကြိုးပမ်းလာမှုအား အသိအမှတ်မပြုရန် အမေရိကန်လွှတ်တော်အမတ် (၆) ဦးက တောင်းဆိုခဲ့ခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ်နောက်ပိုင်း ကုလသမဂ္ဂ အရည်အချင်းစိစစ်ရေးကော်မတီက မြန်မာ့ကိုယ်စားလှယ် ခန့်အပ်မှုနှင့်ပတ်သက်၍ ရွှေ့ဆိုင်းထားမှုအား လက်ရှိအတိုင်း ဆက်လက်ထားရှိရန် တောင်းဆိုထားခြင်း ဖြစ်သည်။ သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ကုလသမဂ္ဂ၌ ဆက်လက်ထားရှိရန် ပူးတွဲလက်မှတ်ရေးထိုး တောင်းဆိုခဲ့သူများသည် အမေရိကန်လွှတ်တော်၏ မြန်မာ့ရေးရာအဖွဲ့ (Congressional…