13
Jul
Red News / Fact Check စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ လင်းတလူးကျေးရွာရှိ စစ်ဘေးရှောင်ဘုန်းကြီးကျောင်းအား စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ကလေးငယ် ၃ ဦးအပါအဝင် စစ်ဘေးရှောင် အရပ်သားပြည်သူ ၃၀ ဝန်းကျင် သေဆုံးခဲ့ပြီး အယောက် ၅၀ ကျော်ထိခိုက်ဒဏ်ရာရခဲ့ခြင်းကို စစ်ကောင်စီလော်ဘီများက PDF များထိခိုက်သေဆုံးခြင်းသာဖြစ်သည်ဟု သတင်းမှန်ကို ဖုံးကွယ်လိမ်ညာနိုင်ရန် အင်တိုက်အားတိုက် ဝါဒဖြန့်ထားကြသည်။ စစ်ကောင်စီလော်ဘီများ၏ ဝါဒဖြန့်မှုများ စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်များက အဆိုပါဖြစ်စဉ်အတွင်းမှ ဘုန်းကြီးကျောင်းကို PDF များ စခန်းချခိုအောင်းရာနေရာအဖြစ်လည်းကောင်း၊ လင်းတလူကျေးရွာကို PDF များစုဖွဲ့နေသော ရွာအဖြစ်လည်းကောင်း၊ သေဆုံးသူများကို PDF များအဖြစ်လည်းကောင်း၊ တာဝန်သိပြည်သူတစ်ဦး၏ နေရာနှင့်တကွ သတင်းပေးချက်အရ အတိအကျတိုက်ခိုက်ချေမှုန်းခဲ့ခြင်းအဖြစ်လည်းကောင်း စသဖြင့်…