အိုးတိန်တွင်းကျေးရွာ

စာသင်ကျောင်းဗုံးကြဲတိုက်ခိုက်သူများကို ပြစ်ဒဏ်ကင်းလွတ်ခွင့်မရှိစေရဟု NUG ပညာရေးဝန်ကြီးဌာန ထုတ်ပြန်

စာသင်ကျောင်းဗုံးကြဲတိုက်ခိုက်သူများကို ပြစ်ဒဏ်ကင်းလွတ်ခွင့်မရှိစေရဟု NUG ပညာရေးဝန်ကြီးဌာန ထုတ်ပြန်

RNA_မေ(၁၃)၊၂၀၂၅ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်း ကျေးရွာစာသင်ကျောင်း လေကြောင်းတိုက်ခိုက်မှုအတွင်း အမိန့်ပေးသူများ၊ ပြစ်မှုကို ကာယကံ မြောက် ကျူးလွန်သူများ၊ ပူးပေါင်းပါဝင်သူများအားလုံးကို ထိုက်ထိုက် တန်တန် အရေးယူအပြစ်ပေးသွားမည်ဖြစ်ကြောင်း NUG ပညာရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည်။   အပြစ်မဲ့သော ကလေးသူငယ် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများကို လေကြောင်းမှ တိုက်ခိုက်ရန် အမိန့်ပေးသူများ၊ ပြစ်မှုကို ကာယကံမြောက် ကျူးလွန်သူများ၊ ပူးပေါင်းပါဝင်သူများအားလုံး မည်သည့်အကြောင်းကြောင်းကြောင့်မှ ပြစ်ဒဏ်ကင်းလွတ်ခွင့် မရှိစေရေး ကမ္ဘာကြေသော်လည်း ဥဒါန်းကျေမည်မဟုတ်ဘဲ ပြင်းထန်စွာ အပြစ်ပေး အရေးယူနိုင်ရေး စုံစမ်းရှာဖွေ ဖော်ထုတ်သွားမည်ဟု ဆိုသည်။ (more…)
Read More
စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုအပြီး မြင်ကွင်း

စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုအပြီး မြင်ကွင်း

RNA_မေ(၁၂)၊၂၀၂၅ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်းကို ယနေ့ နံနက် ၁၀ နာရီခန့်တွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်သွားသည့်အတွက် ကျောင်းသား (၂၀) ဦးနှင့် ဆရာမ (၂) ဦး သေဆုံးခဲ့ပြီး (၄၀) ခန့် ဒဏ်ရာရပြီးနောက် မြင်တွေ့ရသည့် လေကြောင်းတိုက်ခိုက်ခံရမှုအပြီး မြင်ကွင်းဖြစ်သည်။ စစ်ကိုင်းငလျင်ဘေးကူညီရန် ရောက်ရှိနေသော ကလေးခရိုင်သက်မွေးပညာကော်မတီ တာဝန်ခံ၊ CDM ကထိက ဆရာမ ဒေါ်ရတီအုန်းက လေကြောင်းတိုက်ခိုက်ခံရမှုအပြီး အရောက်သွားခဲ့ကာ စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုကျူးလွန်မှုမှုအား မှတ်တမ်းတင်ထားခြင်း ဖြစ်သည်။ (more…)
Read More
စာသင်ကျောင်းမှာ မည်သည့်လက်နက်ကိုင်မျှ မရှိဟု ဆရာမဒေါ်ရတီအုန်းပြော

စာသင်ကျောင်းမှာ မည်သည့်လက်နက်ကိုင်မျှ မရှိဟု ဆရာမဒေါ်ရတီအုန်းပြော

RNA_မေ(၁၂)၊၂၀၂၅ခုနှစ်။   စစ်ကောင်စီဘက်က ပြောနေသလို ယနေ့ လေကြောင်းဗုံးကြဲသွားသည့် အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်းတွင် မည်သည့်လက်နက်ကိုင်မျှမရှိ၊ ကလေးငယ်များ စာသင်နေကြခြင်း ဖြစ်သည်အတွက် ကျောင်းသူ ကျောင်းသား (၂၀) ဦးနှင့် ဆရာမ (၂) တို့ သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု ကလေးခရိုင်သက်မွေးပညာကော်မတီတာဝန်ခံ CDM ကထိက ဆရာမဒေါ်ရတီအုန်းက ပြောသည်။   "နိုင်ငံတကာက ကူညီနိုင်တဲ့သူတွေကော ကျွန်မတို့ကလေးတွေ ဘယ်လောက်ထိသေမှ ဘယ်လောက်ထိ ဆုံးရှုံးမှ ထွက်ပြီးပြောပေးကြမှာလဲ။ အားလုံး နားတွေ မကြားကြတော့ဘူးလား ကျွန်မတို့ကလေးတွေအတွက် ကူညီပေးကြပါ၊ safe our children ကျွန်မတို့ကလေးတွေအတွက် ကူညီပေးကြပါအုံး။ လူ့အခွင့်အရေး လူ့အခွင့်အရေးလို့ပြောနေတယ် အခုလို့ ဒီလိုဖြစ်တယ် ကလေးတွေ သေကြေတယ် စာသင်ကျောင်းတွေ…
Read More
လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ကျောင်းသား (၂၀) နှင့် ဆရာမ (၂) ဦးတို့ သေဆုံး

လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ကျောင်းသား (၂၀) နှင့် ဆရာမ (၂) ဦးတို့ သေဆုံး

RNA_မေ(၁၂)၊၂၀၂၅ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာ စာသင်ကြောင်းကို ယနေ့ နံနက် ၁၀ နာရီခန့်တွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်သွားသည့်အတွက် ကျောင်းသား (၂၀) ဦးနှင့် ဆရာမ (၂) ဦးသေဆုံးခဲ့ပြီး (၄၀) ခန့် ဒဏ်ရာရရိခဲ့သည်ဟု သိရသည်။ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ရသော ကျောင်းသူ ကျောင်းသားများမှာ မသက်ထားဝေ (G-11)၊ မမို့မို့ဝင်း (G-10)၊ မောင်မြတ်နိုးမောင်မောင် (G-9)၊ မလှအုံးမယ် (G-7)၊ မမို့မြင့်ဟန် (G-7)၊ မမြတ်နိုးဦး (G-7)၊ မောင်ဇေယျာဖြိုး (G-5)၊ မောင်ချမ်းမြေ့အောင် (G-4)၊ မထက်ရတီထွန်း (G-4)၊ မမွန်မီမီအောင် (G-4)၊ မမိုးဟေကျော် (G-4)၊ မောင်ဖိုးမိုးသွန်း (G-3)၊ မအေးခြင်းစံ…
Read More