မင်္ဂလာဆောင်ပွဲ ကျင်းပနေချိန် လေကြောင်းတိုက်ခိုက်ခံရသည့်အတွက် (၁၂) ဦးသေဆုံးပြီး (၃၇) ဦးဒဏ်ရာရရှိ

RNA_မေ(၂၈)၊၂၀၂၅ခုနှစ်။

ပဲခူးတိုင်း၊ ကျောက်ကြီး (လယ်ဒို)မြို့နယ်၊ ကျွန်းကြီးကျေးရွာတွင် မေလ ၂၅ ရက်နေ့က မင်္ဂလာဆောင်ပွဲကျင်းပနေသည့် နေရာအား စစ်ကောင်စီတပ်မှလေကြောင်းဖြင့် ဗုံး ၂ လုံးကြဲချခဲ့သည့်အတွက် ၅ နှစ် ကလေး (၂) ဦးနှင့် သတို့သမီးပါအဝင် (၁၂) ဦးသေဆုံးကာ (၃၇) ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိ၊ လက်နက်ကိုင်မရှိသည့် ပြည်သူလူထုများနေထိုင်သော ကျွန်းကြီးကျေးရွာ၌ မင်္ဂလာပွဲကျင်းပသည့် နေရာတွင် ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မင်္ဂလာဆောင်သည့် သူတို့သမီးနှင့် (၅)နှစ်အရွယ် ကလေး(၂)ဦး အပါအဝင် မင်္ဂလာပွဲတက်ရောက်သည့် ဒေသခံစုစုပေါင်း(၈)ဦး ပွဲချင်းပြီးသေဆုံးပြီး စိုးရိမ်ဒဏ်ရာရရှိသူများ (၄၁)ဦး အနက် (၄)ဦးထပ်မံ သေဆုံးခဲ့သည်ဟု KNU ကထုတ်ပြန်ထားသည်။

#RedNewsAgency #RedNews #RNA

By RNA Editor