RNA_မေ(၁၃)၊၂၀၂၅ခုနှစ်။
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်း ကျေးရွာစာသင်ကျောင်း လေကြောင်းတိုက်ခိုက်မှုအတွင်း အမိန့်ပေးသူများ၊ ပြစ်မှုကို ကာယကံ မြောက် ကျူးလွန်သူများ၊ ပူးပေါင်းပါဝင်သူများအားလုံးကို ထိုက်ထိုက် တန်တန် အရေးယူအပြစ်ပေးသွားမည်ဖြစ်ကြောင်း NUG ပညာရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည်။
အပြစ်မဲ့သော ကလေးသူငယ် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများကို လေကြောင်းမှ တိုက်ခိုက်ရန် အမိန့်ပေးသူများ၊ ပြစ်မှုကို ကာယကံမြောက် ကျူးလွန်သူများ၊ ပူးပေါင်းပါဝင်သူများအားလုံး မည်သည့်အကြောင်းကြောင်းကြောင့်မှ ပြစ်ဒဏ်ကင်းလွတ်ခွင့် မရှိစေရေး ကမ္ဘာကြေသော်လည်း ဥဒါန်းကျေမည်မဟုတ်ဘဲ ပြင်းထန်စွာ အပြစ်ပေး အရေးယူနိုင်ရေး စုံစမ်းရှာဖွေ ဖော်ထုတ်သွားမည်ဟု ဆိုသည်။
အိုးတိန်တွင်းကျေးရွာကို စစ်ကောင်စီတပ်မှလေကြောင်းဖြင့် ၂၀၂၅ခုနှစ် မေလ (၁၂) ရက်နေ့၊ နံနက် (၁၀) နာရီခန့်တွင် တိုက်ခိုက်ခဲ့သည့်အတွက် မသက်ထားဝေ (G-11)၊ မမို့မို့ဝင်း (G-10)၊ မောင်မြတ်နိုးမောင်မောင် (G-9)၊ မလှအုံးမယ် (G-7)၊ မမို့မြင့်ဟန် (G-7)၊ မမြတ်နိုးဦး (G-7)၊ မောင်ဇေယျာဖြိုး (G-5)၊ မောင်ချမ်းမြေ့အောင် (G-4)၊ မထက်ရတီထွန်း (G-4)၊ မမွန်မီမီအောင် (G-4)၊ မမိုးဟေကျော် (G-4)၊ မောင်ဖိုးမိုးသွန်း (G-3)၊ မအေးခြင်းစံ (G-3)၊ မဖြိုးဝေဖြိုး (G-3)၊ မချယ်လီမိုး (G-2)၊ မောင်လွှမ်းပိုင်ထက် (G-2)၊ မငြိမ်းရွှေရတီမိုး (G-2)၊ မစုလတ်နိုင် (G-2)၊ မရွှန်းလဲ့ဝေ (G-2)၊ မသွန်းစက်ဖြူ (G-2)၊ ဆရာမ ဒေါ်ပန်းမို့မို့ဝေ၊ ဆရာမ ဒေါ်ဇင်မာသူတို့ သေဆုံးခဲ့ရသည်။
Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1
#RedNewsAgency #REDNEWS #RNA