လက်ပံလှကျေးရွာ

လက်ပန်လှရဲစခန်း လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း (၂၂) ဦးသေဆုံး

လက်ပန်လှရဲစခန်း လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း (၂၂) ဦးသေဆုံး

RNA_ဇူလိုင်(၃၀)၊၂၀၂၅ခုနှစ်။ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ထိန်းချုပ်ထားသော လက်ပန်လှရဲစခန်းအား အကြမ်းဖက်စစ်ကြောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့သည့်အတွက် ပြစ်ဒဏ်ကျ အကျဉ်းသားများနှင့် စစ်ဆေးနေဆဲ သံသယတရားခံများဖြစ်သော အမျိုးသား(၂၁)ဦး နှင့် အမျိုးသမီး(၁)ဦး အသက်ဆုံးရှုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ (၃၀)ဝန်းကျင်ရှိသည်ဟု သိရသည်။ စဉ့်ကူးမြို့နယ် လက်ပန်လှကျေးရွာရှိ ရဲစခန်းနှင့် ရွှေပန်တောကျေးရွာတို့အား အကြမ်းဖက်စစ်ကောင်စီက ၂၀၂၅ ခုနှစ် ဇူလိုင် (၂၉) ရက်နေ့ညနေပိုင်းတွင် လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ လေကြောင်းတိုက်ခိုက်မှုအတွင်း လက်ပန်လှကျေးရွာ ရဲစခန်းအတွင်း သေဆုံးမှုများအပြင် ရွှေပန်းတောကျေးရွာ လေကြောင်းတိုက်ခိုက်မှုအတွင် ဒေသခံပြည်သူ အမျိုးသား (၁)ဦးနှင့် အမျိုးသမီး(၁)ဦး အသက်ဆုံးရှုံးခဲ့ရသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ကယနေ့ ထုတ်ပြန်ထားသည်။ (more…)
Read More
လက်ပံလှကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှု (၃) ကြိမ်အတွင်း ပြည်သူ (၄၀) သေဆုံး

လက်ပံလှကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှု (၃) ကြိမ်အတွင်း ပြည်သူ (၄၀) သေဆုံး

RNA_မတ်(၁၈)၊၂၀၂၅ခုနှစ်။ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာကို စစ်ကောင်စီတပ်မှ မတ်လအတွင်း လေကြောင်းတိုက်ခိုက်မှု (၃) ကြိမ်ပြုလုပ်ခဲ့ရာတွင် ဒေသခံပြည်သူ (၄၀) ဦး​သေဆုံးခဲ့ရရကြောင်း သိရသည်။ အကြမ်းဖက်စစ်ကောင်စီက လက်ပံလှကျေးရွာကို မတ်လ ၁၇ ရက်နေ့လေကြောင်းတိုက်ခိုက်မှုတွင် ပြည်သူ (၃) ဦး၊ မတ်လ ၁၄ ရက်နေ့ လေကြောင်းတိုက်ခိုက်မှုတွင် ပြည်သူ (၃၁) ဦး၊ မတ်လ ၄ ရက်နေ့ လေကြောင်းတိုက်ခိုက်မှုတွင် ပြည်သူ (၆) ဦး သေဆုံးခဲ့ရသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။ (more…)
Read More
လက်ပံလှကျေးရွာ ဗုံကြဲခံရသည့်အတွက် ကလေးငယ် (၆)ဦးအပါအဝင် အပြစ်မဲ့ပြည်သူ (၂၇)ဦး သေဆုံး

လက်ပံလှကျေးရွာ ဗုံကြဲခံရသည့်အတွက် ကလေးငယ် (၆)ဦးအပါအဝင် အပြစ်မဲ့ပြည်သူ (၂၇)ဦး သေဆုံး

RNA_မတ်(၁၅)၊၂၀၂၅ ခုနှစ်။ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပံလှကျေးရွာ လူစည်ကားရာ စျေးဆိုင်တန်းများအား စစ်ကောင်စီက အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့သည့်အတွက် ကလေးငယ် (၆) ဦးအပါအဝင် (၂၇) ဦးသေဆုံးပြီး (၃၀) ဝန်းကျင် ဒဏ်ရာရရှိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ကယနေ့ ထုတ်ပြန်ထားသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ထိန်းချုပ်နယ်မြေအတွင်းရှိ လက်ပံလှကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက မတ်လ (၁၄)ရက်နေ့ နေ့လယ် (၃) နာရီဝန်းကျင်ခန့်က လူစည်ကားရာ စျေးဆိုင်တန်းများအား အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း၊ မတ်လ (၄)ရက်နေ့တွင်လည်း လက်ပံလှကျေးရွာအား လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သောကြောင့် အပြစ်မဲ့ပြည်သူ (၆)ဦး အသက်ဆုံးရှုံးခဲ့ရသည်။ (more…)
Read More