Tag: နေပြည်တော်

  • ဒရုန်းဖြင့် ပစ်မှတ်တိုင်းကို မှတ်ပုံတင်ထား၍ ရသည်ဟု NUG ကာကွယ်ရေးဝန်ကြီးပြော

    ဒရုန်းဖြင့် ပစ်မှတ်တိုင်းကို မှတ်ပုံတင်ထား၍ ရသည်ဟု NUG ကာကွယ်ရေးဝန်ကြီးပြော

    RNA_ဧပြီ(၄)၊၂၀၂၄ ခုနှစ်။

    ယနေ့ နေ့ပြည်တော်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရုံးချုပ် (ကက-ကြည်း)၊ မင်းအောင်လှိုင် နေအိမ်ဝန်းနှင့် အေလာလေတပ်တို့ကို တိုက်ခိုက်ခဲ့သည့် ဒရုန်းသည် ပစ်မှတ်တိုင်းကို မှတ်ပုံတင်ထား၍ရသည်ဟု NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောထားသည်။

    ယနေ့ နံနက်ပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အထူးတပ်ဖွဲ့များနှင့် ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့၏ Kloud Drone တပ်ခွဲနှင့် Lethal Prop တပ်ခွဲတို့က မင်းအောင်လှိုင်နေအိမ်၊ စစ်ရုံးချုပ်၊ အေလာလေတပ်တို့ကို မောင်းသူမဲ့ Kamikaze ဒရုန်း (၂၈) စင်းဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

    (more…)

  • မင်းအောင်လှိုင်အခြေစိုက်တဲ့ နေပြည်တော်ကို ထိုးဖောက်နိုင်မှာလား?

    မင်းအောင်လှိုင်အခြေစိုက်တဲ့ နေပြည်တော်ကို ထိုးဖောက်နိုင်မှာလား?

    “ရှမ်းမြောက်၊ ရှမ်းတောင်၊ တောင်ပိုင်းစစ်ဒေသ၊ ရခိုင်ပြည်နယ်အပါအဝင် တနိုင်ငံလုံးကို စစ်ရင်ဆိုင်ထားရတဲ့ စစ်ကောင်စီအနေနဲ့ နေပြည်တော်နဲ့ အနီးဆုံးအထိ တော်လှန်ရေး အင်အားစုတွေရဲ့ ထိုးဖောက်လာမှုကို မသိပဲမနေပါဘူး။ မတတ်သာလို့သာ မျက်စိစုံမှိတ်နေရပေမယ့်”
    **************************
    မောင်ဝိ

    “မြို့တွေကို အသေခံပြီး လျှောက်ယူစရာမလိုဘူး၊ ဒါပေမဲ့ လိုရင်လိုသလိုတော့ ဝင်တိုက်မှာပဲ၊ အဓိကကျတာတော့ သူတို့ရဲ့အသည်းနှလုံးဖြစ်တဲ့ နေပြည်တော်ကို ဘယ်လိုထိုးဖောက်မလဲဆိုတာ ကျွန်တော်တို့ စဉ်းစားရမှာပဲ”လို့ KNU ရဲ့ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ ထုတ်ဖော် ပြောဆိုထားပါတယ်။ အခုလိုပြောဆိုမှုအပေါ် စစ်ကောင်စီတပ်တွေအနေနဲ့ အာဏာသိမ်းခါစအချိန်တွေကလို လက်လွှတ် စပယ်မနေရဲတာတော့ အသေအချာပါပဲ။

    ပဒိုစောတောနီးပြောခဲ့သလိုပါပဲ စစ်ကောင်စီရဲ့ အသဲနှလုံးဖြစ်တဲ့ နေပြည်တော်ကို ထိုးဖောက်နိုင်တဲ့ လမ်းတွေထဲမှာ ကရင်နီစစ်မျက်နှာနဲ့ ပဲခူးတိုင်းအတွင်းက စစ်တောင်းမြစ် အရှေ့ဘက်ကမ်းမှ အနောက်ဘက်ကမ်းအထိ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တရွှေ့ရွှေ့ လှုပ်ရှားမှုတွေပါဝင်ပါတယ်။ အသိသာဆုံးဆိုရင် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ နေပြည်တော်မှ မိုင် ၅၀ ခန့်အကွာ၊ တောင်ငူ-ရေတာရှည် မြို့နယ်ရှိ ကျေးရွာတွေထဲက တိုက်ပွဲတွေပဲ ဖြစ်တယ်။ ဖေဖော်ဝါရီ ၁၄ ရက်နေ့က ရေတာရှည် မြို့နယ် ဒိုးတန်းရွာအနီးတိုက်ပွဲအတွင်း စစ်ကောင်စီ ၄၀ ခန့်ကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ရှင်းလင်းနိုင်ခဲ့ကြောင်း သိရပါတယ်။

    နောက်ထပ်လည်း ပဲခူးတိုင်း၊ ထန်းတပင်၊ ဇရပ်ကြီးမြို့ရှိ ခလရ ၇၃ တပ်ရင်း၊ ဇရပ်ရဲစခန်း၊ ချောင်းချားစခန်း၊ မြို့စိုးစခန်း၊ ရှားစေလိုစခန်းအပါအဝင်၊ စစ်ကောင်စီစခန်း ၆ ခုထက် မနည်းကို ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်များက တပြိုင်နက်တည်း ဝင်တိုက်ခဲ့ကြပါတယ်။ အဲသလို အခြေအနေတွေကြောင့် စစ်ကောင်စီအနေနဲ့ လေယာဥ်၊ ရဟတ်ယာဥ်တွေ သုံးပြီး ပဲခူးတိုင်းအတွင်းက မြို့နယ်တွေ မပေးရရေးအတွက် အပြင်းအထန် ခုခံပိတ်ဆို့နေခြင်းဖြစ်တယ်။

    (more…)

  • စစ်ကောင်စီ၏ အသဲနှလုံးဖြစ်သည့် နေပြည်တော်ကို ဘယ်လိုသိမ်းမလဲ

    စစ်ကောင်စီ၏ အသဲနှလုံးဖြစ်သည့် နေပြည်တော်ကို ဘယ်လိုသိမ်းမလဲ

    RNA_ဖေဖော်ဝါရီ(၂၄)၊၂၀၂၄ခုနှစ်။
     
    စစ်ကောင်စီတပ်အနေဖြင့် ခံစစ်၊ခွါစစ်မှာ တိုက်ခိုက်ခံရပါက ပြေးစစ်ကို အသုံးပြုနေရပြီး နောက်ဆုံ နေပြည်တော်မှာ ခံကတုတ်ပြင်ပြီးတော့ အသေခံရတော့မည်ဖြစ်သည့်အတွက် စစ်ကောင်စီ၏ အသဲနှလုံးဖြစ်သည့် နေပြေည်တော်ကို ဘယ်လိုသိမ်းရမလဲဆိုတာ စဉ်းစားတော့မည်ဟု KNU ပြောရေးဆိုခွင့်ရှိသူ ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက ပြောကြားထားသည်။
    [embedyt] https://www.youtube.com/watch?v=7NPTEkRmfFY[/embedyt]
    စစ်ကောင်စီတပ်အနေဖြင့် စခန်းစွန့်ခွါနေရမှုများ၊ KNU အနေဖြင့်လည်း နယ်မြေစိုးမိုးမှုများမှာ အားကောင်းနေပြီး မဒေါက်ရထားလမ်းနှင့် အနီးစပ်ဆုံးအထိ ရောက်ရှိပြီး အဲနေရာမှ ညောင်လေးပင်၊ ပဲနွယ်ကုန်းစသည့် နေရာများမှ ရွာပေါင်း ၆၀ ကျော်ထိ ရောက်ရှိခဲ့သည့်ဟု KNU ကထုတ်ပြန်သည့် ပဒိုစောတောနီး၏ စစ်ဆင်ရေးနယ်မြေတွေကိုသွားရောက်ခဲ့သည့် အကြောင်း မေးမြန်းခန်းမှာ ထည့်သွင်းပြောကြားထားသည်။
     
    #RedNewsAgency
    https://t.me/rednewsagency/5727

  • မတရားမှုကိုဆန့်ကျင်တဲ့ တော်လှန်လိုစိတ်နဲ့ တော်လှန်ရေးအောင်ပွဲ

    မတရားမှုကိုဆန့်ကျင်တဲ့ တော်လှန်လိုစိတ်နဲ့ တော်လှန်ရေးအောင်ပွဲ

    “တော်လှန်ရေးရဲ့ အောင်မြင်မှုတွေဆိုတာ ငြိမ်းချမ်းစွာဆန္ဒပြခဲ့စဥ်က ရက်ရက် စက်စက်နှိမ်နှင်းပစ်သတ်ခံခဲ့ရတဲ့ ပြည်သူတွေရဲ့ နာကြည်းမှု၊ မတရားမှုကို တော်လှန်လိုစိတ်တွေကပေါက်ဖွားလာတဲ့ အောင်မြင်မှုတွေဖြစ်သလို ပြည်သူကို အထင်သေး ရိုင်းစိုင်းစွာနဲ့ စိန်ခေါ်ခဲ့တဲ့ စစ်တပ်ရဲ့ ကျဆုံးမှုတွေလည်း ဖြစ်ပါတယ်”

    ချမ်းမင်း

    စစ်တပ်အာဏာသိမ်းမှု ၃ နှစ်နဲ့ ၁၈ ရက်ပြည့်မြောက်သွားတဲ့နေ့ဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ဖြစ်သလို နွေဦးတော်လှန်ရေးအတွင်း ပထမဦးဆုံးကျဆုံးခဲ့တဲ့ နေပြည်တော်မှ မြသွဲ့သွဲ့ခိုင် ဦးခေါင်းကိုသေနတ်ထိမှန်သေဆုံးခဲ့ရတဲ့နေ့လည်း ဖြစ်ပါတယ်။ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ပြည်သူတင်မြှောက်ထားတဲ့ အစိုးရကို အငုံစိတ်များစွာဖြင့် လက်နက်နဲ့အနိုင်ကျင့်ဗိုလ်ကျကာ ဖမ်းဆီးခဲ့ပြီး နိုင်ငံတော်အာဏာကို သိမ်းပိုက်ခဲ့တာအားလုံးအသိပါ။

    ဒီမိုကရေစီဆိုတဲ့ အရသာကို ကောင်းကောင်းကြီးခံစားခဲ့ဖူးတဲ့ မြန်မာပြည်သူတွေအတွက်တော့ စစ်ခေါင်းဆောင်ရဲ့ အခုလို အာဏာသိမ်းမှုကြီးဟာ ဘယ်လိုမှ လက်ခံနိုင်စရာအကြောင်းမရှိတာကြောင့် လူထုတစ်ရပ်လုံးဟာ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ပြီး ဒီမိုကရေစီကို ပြန်တောင်းယူခဲ့ပါတယ်။ မြန်မာပြည်သူတစ်ရပ်လုံးအနေနဲ့ နိုင်ငံတကာကလည်း အာရုံစိုက်လာနိုင်အောင်၊ အကြမ်းမဖက်ဘဲ လိုချင်တဲ့ဒီမိုကရေစီကိုလည်းပြန်လည်ရရှိအောင်အတွက် ဆန်းသစ်တဲ့ နည်းလမ်းပေါင်းစုံနဲ့ ဆန္ဒထုတ်ဖော်တာတွေ ပြုလုပ်ခဲ့ပြီး ပြည်သူတွေအနေနဲ့ ဒီမိုကရေစီနဲ့ထိုက်တန်ကြောင်း ပြသခဲ့ကြပါတယ်။

    မြန်မာပြည်သူတွေဟာ ဒီမိုကရေစီနဲ့ တိုက်တန်ကြပါတယ်လို့ အားလုံးက လက်ခံထားသော်လည်း အစကတည်းက နိုင်ငံတော်အာဏာကို လိုချင်လို့ကို တမင်သိမ်းယူခဲ့တဲ့ စစ်ခေါင်းဆောင်တွေအနေနဲ့ ပြည်သူတွေရဲ့ တောင်းဆိုမှုတွေကို အကြမ်းဖက်ဖြိုခွင်းလာပြီး ကျည်စစ်ကျည်တွေအသုံးပြုပြီး ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ပြည်သူတွေကို ဖြိုခွင်းခဲ့ကြပါတယ်။ အဲ့ဒီလို စစ်တပ်ရဲ့ ကျည်စစ်ကျည်မှန်အသုံးပြုပြီး အကြမ်းဖက်ဖြိုခွင်းတာကြောင့် ၂၀၂၁ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ မမြသွဲ့သွဲ့ခိုင်အနေနဲ့ နေပြည်တော်မှာကျဆုံးခဲ့ရပါတယ်။

    (more…)

  • စစ်မြေပြင်မှာ အသက်တမျှအရေးကြီးတဲ့ အမိန့်နာခံမှုနဲ့ နေပြည်တော်မှာ ပြေးပေါက်ရှာနေတဲ့ စစ်ရာဇဝတ်ကောင်များ

    စစ်မြေပြင်မှာ အသက်တမျှအရေးကြီးတဲ့ အမိန့်နာခံမှုနဲ့ နေပြည်တော်မှာ ပြေးပေါက်ရှာနေတဲ့ စစ်ရာဇဝတ်ကောင်များ

    “စစ်ကောင်စီဟာ မန္တလေးကို ကာကွယ်နိုင်ဖို့ ပြင်ဦးလွင်မြို့အထွက်မှာ သင်တန်းတက်နေတဲ့ စစ်သားတွေကို စီမံချက်နဲ့ ကာကင်းသဘောမျိုး စောင့်ခိုင်းတာတွေ လုပ်နေတယ်လို့ တပ်တွင်းသတင်းတွေကနေ သိရပါတယ်။ နေပြည်တော်ကို ကာကွယ်နိုင်ဖို့အတွက် မန္တလေးဟာ စစ်ကောင်စီအတွက် နောက်ဆုံးခံတပ်ပုံစံဖြစ်နေပါပြီ” 

    မောင်ဝိ 

    ၂၀၂၄ ခုနှစ်ရဲ့ နှစ်သစ်မှာ တော်လှန်ရေးက အားအကောင်းဆုံးလို့ ပြောလို့ရသလို တော်လှန်ပြည်သူတွေအတွက်လည်း အားတက်စရာသတင်းတွေဆက်တိုက်ဆိုသလို ကြားနေရပါတယ်။ ဇန်နဝါရီလ ၂  ရက်နေ့မှာ Mandalay (PDF) နဲ့ TNLA တို့ပူးပေါင်းပြီးတောင်သမန် စစ်ဆင်ရေးနဲ့  နောင်ချိုမြိုနယ် သံဘိုကျေးရွာရှိ စစ်ကောင်စီအခြေစိုက်စခန်းအား ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။

    ဇန်နဝါရီလ  ၃ ရက်နေ့ မနက်ပိုင်းမှာတော့ သံဘိုကျေးရွာစခန်းကို အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီး၊ စစ်ကောင်စီရဲ့ ဒုတိယဗိုလ်မှူးကြီး သက်အောင်ကို ဖမ်းဆီးရမိသလို၊ စစ်တပ်ရဲ့ Drone Jammer စက်အကြီးအပါအဝင် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့တာဖြစ်တယ်။ သံဘို စစ်ကောင်စီရဲ့ကာကင်းစခန်းကိုသိမ်းပိုက်ရရှိချိန်မှာ ထူးခြားချက်တချို့တွေ့ရှိရတယ်။ 

    ဒါကတော့ ဖမ်းဆီးရမိချိန် ယူနီဖောင်းတွေမှာ စစ်ကောင်စီရဲ့ ခြေလျင်ခြေမြန်ဘက်ရယ်လို့ သေချာမတွေ့ရဘဲ လက်မောင်းဘက်တွေဟာ ကက (ယာ)၊ကက (ပြည်)၊ ကက(လျှပ်)၊ ကက(ဆက်)၊ ကက(ဆေး) စတဲ့ လက်ရုံးတပ်ဘက်တံဆိပ်တွေကို စုပေါင်းမြင်ရပြီး တိုင်းစစ်ဌာနချုပ်၊ တပ်မ ၁၁ နဲ့ အရံမီးသတ် ဘက်တံဆိပ်တွေလည်း တွေ့ရှိရတယ်။ 

    စစ်ကောင်စီရဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ)ကို ကာကွယ်ဖို့ ဖွဲ့စည်းထားတဲ့ သံဘိုကာကင်းစခန်းရဲ့အခြေအနေကိုကြည့်ပြီး စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးတပ် ခြေလျင်ခြေမြန်တွေ မရှိတော့ဘူးလားလို့တောင် မြင်မိပါတယ်။ စစ်ဌာနချုပ်ကို ကာကွယ်ဖို့ ဖွဲ့စည်းထားတဲ့ ကာကင်းစခန်းဟာ ဘယ်လောက်အရေးကြီးတယ်ဆိုတာ အားလုံး ရိပ်မိမယ် ထင်တယ်ပါတယ်။ 

    အခုလို တိုက်ခိုက်ခံရတာနဲ့ပတ်သတ်ပြီးပြင်ဦးလွင်မိုးကုတ်လမ်းရှိ နောင်ချိုမြို့ နယ်၊ သံဘိုရွာနဲ့ မလှမ်းမကမ်းမှာရှိတဲ့ ဆီးဖြူရေရွာနဲ့ဆက်စပ်ရွာတွေနားမှာ TNLA/MDY PDF ခန့်မှန်းအင်အား ၈၀၀ နီးပါးလောက် လှုပ်ရှားနေတာ ကြာပါပြီ၊ ရှေ့ဆက်သွားရင် ဟိုခိုရွာဝန်းကျင်ဆို ပိုဆိုးတယ်လို့ စစ်တပ်လော်ဘီတွေ ဘက်ကနေ သတိပေးပြောဆိုထားပါတယ်။ လက်ရှိ သိမ်းပိုက်ရရှိထားတဲ့ သံဘိုစစ်စခန်းဟာ စစ်ကောင်စီရဲ့ DSA ဗိုလ်သင်တန်းကျောင်း အခြေစိုက်ရာ ပြင်ဦးလွင်မြို့နဲ့ ၁၅ မိုင်ဝန်းကျင်သာ ဝေးပါတော့တယ်။ 

    (more…)

  • စစ်ကောင်စီ အစည်းအဝေး မင်းအောင်လှိုင် ဘာတွေပြောပြီး ဘာတွေထူးသွားလဲ

    စစ်ကောင်စီ အစည်းအဝေး မင်းအောင်လှိုင် ဘာတွေပြောပြီး ဘာတွေထူးသွားလဲ

    “စစ်ရှုံးတယ်ဆိုတာ၊ လက်အောက်ငယ်သား အရာရှိတွေအများအပြား လက်နက်ချအလင်းဝင်သွားတဲ့ ကိစ္စတွေကို ထည့်မပြော။ စခန်းစွန့်ပြီး ထွက်ပြေးနေကြတဲ့အကြောင်း လုံးဝမဟရဲ”

    ငြိမ်းမောင်

    တိုက်ပွဲတွေနိုင်ငံအဝှမ်း အရှိန်မြင့်သထက် မြင့်တက်နေပြီး နိုင်ငံအဝှမ်း စစ်မျက်နှာဖွင့်နေရတဲ့ အာဏာလုစစ်ကောင်စီက  နိုဝင်ဘာ ၂၉ ရက်နေ့မှာ အစည်းအဝေးလုပ်ခဲ့ပါတယ်။ ဒီပွဲကို စစ်အုပ်စု ခေါင်းဆောင်တွေ တက်ကြပါတယ်။ မင်းအောင်လှိုင်က ထုံစံအတိုင်း ဒီမိုကရေစီအရေး၊ လက်နက်ကိုင်အဖွဲ့များအရေး၊ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့တိုက်ခိုက်ခံနေရတဲ့ အခြေအနေတွေကို ချပြဆွေးနွေးသွားခဲ့တယ်။

    ကာလုံအစည်းအဝေး ဘာအစည်းအဝေးဆိုပြီး ခေါင်းစဉ်တပ်နေပေမယ့် နေရာထိုင်ခုံအခင်းအကျင်း လူပါဝင်မှု အနေအထားနည်းနည်းပဲ ကွာတာကလွဲရင် ပြောနေတဲ့စကားတွေနဲ့ အကြောင်းအရာတွေက ထူးထူးထွေထွေ သိပ်မတွေ့ရပါဘူး။ မင်းအောင်လှိုင် စီမံခန့်ခွဲမှု ညွှန်ကြားနိုင်မှု စွမ်းစွမ်း တမံလုပ်ပြနိုင်မှု ဘာတစ်ခုမှမရှိခဲ့သလို အဲဒီအစည်းအဝေးမှာ ပြောသွားတာမတွေ့ရပါဘူး။

    KIA အဖွဲ့က တပ်အင်အားများ တိုးချဲ့နေပုံအပါအဝင် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့မကွေး တိုင်းဒေသကြီးတွေမှာ စစ်ကောင်စီတပ်သားတွေ အတိုက်ခံနေရကြောင်း၊ ဖုန်ကြားရှင်ရဲ့သား ဖုန်တာရွှင် ဦးစီးတဲ့​အဖွဲ့က MNDAA လက်ကျန်အဖွဲ့နဲ့ ကိုးကန့်များကို စည်းရုံးပြီး အထူးဒေသအဖြစ် ပြန်လည်အသက်သွင်းရန် ကြိုးပမ်းခဲ့ကြောင်း မင်းအောင်လှိုင်ထည့်ပြောသွားပါတယ်။

    (more…)

  • စစ်ကောင်စီဟာ ရှမ်းမြောက်နဲ့ ရှမ်းရှေ့ကို အဆုံးရှုံးခံပြီး မန္တလေးကို ခံစစ်တည်တော့မလား

    စစ်ကောင်စီဟာ ရှမ်းမြောက်နဲ့ ရှမ်းရှေ့ကို အဆုံးရှုံးခံပြီး မန္တလေးကို ခံစစ်တည်တော့မလား

    “သိပ်မကြာခင်အချိန်မှာပဲ ပြင်ဦးလွင် ဒါမှမဟုတ် နောင်ချိုဟာ စစ်ကောင်စီအတွက် ရှေ့တန်းခံစစ်ဖြစ်လာနိုင်ပြီး မန္တလေးကတော့ နေပြည်တော်အတွက် ဒုတိယခံစစ်ဖြစ်လာနိုင်တဲ့ အခြေအနေဖြစ်ဖို့ ရာခိုင်နှုန်းများနေပါပြီ”

    လှဆောင်

    ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ပြောင်မြောက်တဲ့ဗျူဟာကြောင့် ဗိုလ်မင်းအောင်လှိုင်တို့တစ်သိုက် နေပြည်တော်မှာ ခေါင်းမီးတောက်နေမယ်ဆိုတာ ပြေးကြည့်စရာမလိုပါဘူး။ ရုပ်ရှင်ကားတွေထဲကလို မြေပုံကြီးတွေ၊ ပုံစံငယ်အရုပ်လေးတွေနဲ့ ဟိုထောက်ဒီထောက်လုပ်ရင်း အလုပ်လည်း ရှုပ်နေမယ်ဆိုတာလည်း အသေအချာပါ။

    ညီနောင် ၃ ဖွဲ့ဘက်ကလည်း ၁၀၂၇ စစ်ဆင်ရေး တစ်လပြည့်တဲ့အချိန် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ရေးအရှိန်မြှင့်မယ်လို့ ပေါ်တင်ကြေညာထားပြီးသားပါ။ အခုတောင် တစ်နိုင်လုံးနီးနီး တိုက်ပွဲတွေက အရှိန်မြင့်နေတာဖြစ်ပါတယ်။

    တကယ်ဆို မင်းအောင်လှိုင်ရဲ့ တပ်ရင်းမှူးတွေ၊ တပ်မမှူးတွေဟာ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီး သိပ်မကြာခင်မှာပဲ အခြေအနေအမှန်ကို ရိပ်စားသင့်ခဲ့ပါတယ်။ ဒါပေမဲ့ အသက်တွေသာကြီးလာပြီး ပညာကောင်းကောင်းမတက်တာကြောင့် လာဘ်စားဖို့ပဲသိတဲ့ အဲဒီအောက်ခြေအရာရှိတွေဟာ အသိ သတိ မဆင်ခြင်နိုင်ခဲ့ပါဘူး။ မုံးကိုးမှာ တပ်မမှူးတစ်ယောက် သေဆုံးခဲ့တာကို ကြည့်ရင် အထင်းသားမြင်နိုင်ပါတယ်။

    ပြီးခဲ့တဲ့ ရက်ပိုင်းမှာဆိုလည်း ခွန်ဆာလက်နက်ချတုန်းက စစ်တပ်က မောင်ပိုင်စီးခဲ့တဲ့ မိုင်းကျက်စခန်းကို တော်လှန်ရေးအင်အားစုတွေက သိမ်းနိုင်ခဲ့ပါတယ်။ အဲဒီစခန်းဟာ စစ်တပ်အတွက်တော့ “ဝ” ဘက်ကလာမယ့် ထိုးစစ်ကို ခုခံဖို့ပြင်ထားတဲ့ ရှေ့တန်းခံစစ်စခန်းဖြစ်ပါတယ်။ အဲဒီစခန်းဟာ လားရှိုးမြို့ကို ခြိမ်းခြောက်လာနိုင်တဲ့အတွက် အဓိကအရေးပါတဲ့ နေရာပါ။

    အဲဒီစခန်းမကျရေးအတွက် မင်းအောင်လှိုင်ဟာ လေကြောင်းနဲ့လက်နက်ကြီးပစ်ကူ အကြိမ် ၁၀၀ ကျော် ကူညီခဲ့ပေမဲ့ နောက်ဆုံးတော့ TNLA လက်ထဲ ကျရောက်ခဲ့ပါတယ်။ အဲဒီစခန်းမှာရှိတဲ့ တပ်ရင်းမှူးကို TNLA က လက်နက်ချဖို့ အကြိမ်ကြိမ်သတိပေးခဲ့ပေမဲ့ စစ်ကူတောင်းထားတာကြောင့် ခေါင်းမာတဲ့တပ်ရင်းမှူးဟာ တစ်လနီးပါးကြာ ခုခံခဲ့ပါတယ်။

    အဲဒီစခန်းဟာ ကုန်းတွင်းပိတ်စခန်းတစ်ခုဖြစ်ပြီး လားရှိုးမြို့နယ်ရဲ့ အရှေ့မြောက်ဘက်၊ သန္နီမြို့နယ်ရဲ့ ရှေ့တောင်ဘက်နဲ့ ကွမ်းလုံမြို့နယ်ရဲ့ အနောက်တောင်ဘက်မှာ ရှိပါတယ်။ ဒါပေမဲ့ အဲဒီစခန်းကို စစ်ကူလာနိုင်မယ့်လမ်းကြောင်းတွေဟာ ဖြတ်တောက်ခံထားရပါတယ်။

    (more…)

  • နေပြည်တော် မကြာမီ မျှော်

    နေပြည်တော် မကြာမီ မျှော်

    “နေပြည်တော် အတွင်းနဲ့ ဆက်စပ် နယ်​မြေတွေနဲ့ပတ်သက်ပြီး စစ်ရေး လုံခြုံရေးနဲ့ဆိုင်တဲ့ သတင်းတွေ တော်လှန်ရေးတပ်ဖွဲ့တွေ PDF တပ်ဖွဲ့အသီးသီးတွေရဲ့ လှုပ်ရှားမှုတွေကို နည်းမျိုးစုံသုံးပြီး အရေးတစ်ကြီး၊ အငမ်းမရ အနံ့ခံနေကြပါတယ်”

    ငြိမ်းမောင်

    အကြမ်းဖက် လက်နက်ကိုင်ခေါင်းဆောင် မင်းအောင်လှိုင်က လူမိုက်ဆန်ဆန် လူရမ်းကားစကား ပြောခဲ့တယ်။ “မလုပ်ရဲတာ ဘာမှ မရှိဘူး”တဲ့။ ဒီစကားကို ကြားမိသူတိုင်းက လူတိုင်း ထိထိမိမိ ပြန်ပြီးတုန့်ပြန်ခဲ့ကြတယ်။ ဒါဆို “xxx”ကြည့်ပါလား တဲ့။ အားရကျေးနပ်စေခဲ့တယ်။ မင်းအောင်လှိုင် အပေါ်စီး ကနေ လူမိုက်ဆန်ဆန် လူပါးဝ ပြောခဲ့ပေမယ့် ဒီလို တုန့်ပြန်မေးခွန်းထုတ်တာကို မင်းအောင်လှိုင်လည်း ဖင်တွန့်သွားခဲ့ပုံရတယ်။ အခုလည်းပဲ တော်လှန်ရေးအင်အားစုတွေ စစ်ရေးအရှိန်တွေ တိုက်ခိုက်ရေးစွမ်းရည်တွေ တစတစ အင်အားကြီးထွားပုံတွေအပေါ် ကြောက်ရွံ့တုန်လှုပ်နေပါပြီ။

    မင်းအောင်လှိုင်လည်း ဘာမှမတတ်နိုင်ခဲ့သလို မလုပ်ရဲတာဘာမှ မရှိ ဆိုတဲ့ဒီစကားကို သယ်ဆောင်လာပြီး ဂုဏ်ယူပြောကြားလာခဲ့တဲ့ မင်းအောင်လှိုင်နောက်လိုက်တွေလည်း ဘာမှပြန်ပြီး မချေပနိုင်ကြတော့ပါ။ ဒီလို အဓိပ္ပါယ် မရှိ၊ ဂုဏ်သိက္ခာမဲ့ ပြောကြားခဲ့ပေမယ့် ဒီအပေါ် စကားစစ်ထိုးပြီး အနိုင်ယူခဲ့ရလို့ လူတိုင်းကျေနပ်ပီတိဖြစ်စေခဲ့တယ်။ ဒီနေရာမှာတော့ မလုပ်ရဲတာ ဘာမှ မရှိဘူးဆိုတဲ့ စကားကိုတော့လုပ်တတ်တာလည်း ဘာမှမရှိဘူး၊တိုင်းပြည်ဖျက်ဆီးတာကလွဲပြီး ဖြစ်မြောက်အောင် ဘာမှ မစွမ်းဆောင်နိုင်ဘူးလို့သာ သုံးလိုပါတယ်။

    ထပ်ပြီးပြောလိုတာက တော်လှန်ရေးအင်အားစုတွေအတွက် ဂုဏ်သိက္ခာရှိတဲ့၊တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွေ့ကျတဲ့ စကားလေးတစ်ခွန်းရှိပါတယ်။ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး၊ မဖြစ်သေးတာပဲရှိတယ်ဆိုတဲ့စကားပါ။ လူတိုင်းလက်ခံကြတဲ့ အဓိပ္ပာယ်ရှိတဲ့ စကားပါ။

    တော်လှန်ရေးက အင်အားစုတွေဘက်က ကျယ်ကျယ် လောင်လောင် ထုတ်ဖော်ပြောဆိုလာခဲ့တဲ့ “လမ်းများအားလုံး နေပြည်တော် ဆီ သို့လှုပ်ရှားမှု ” နဲ့ပတ်သက်ပြီး  စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်းက လွန်ခဲ့တဲ့ သတင်းစာရှင်းပွဲတစ်ခုမှ ရိသလို သဲ့သလို ​​ပြောသွားပါသေးတယ်။ နေပြည်တော်သို့ လမ်းများဆီတဲ့၊ ဒါမှန်တယ်ပေါ့။ အခုပဲ ဘုရားကြီးဆီကို အနယ်အရပ်ရပ်က လာဖူးကြတယ်ဆိုပြီး ပြောသွားပါသေးတယ်။ လမ်းများအားလုံး နေပြည်တော်ဆီသို့ဆိုတာကို ဇော်မင်းထွန်း က နေပြည်တော်သို့ လမ်းများဆီဆိုပြီး မှားပြောတာတွေ့လိုက်ရတယ်။

    (more…)

  • ကရင်နီစစ်ရေးအခြေအနေကြောင့် နေပြည်တော်စိုးရိမ်နေရပြီလား

    ကရင်နီစစ်ရေးအခြေအနေကြောင့် နေပြည်တော်စိုးရိမ်နေရပြီလား

    RNA_ဩဂုတ်(၁၇)၊၂၀၂၃ ခုနှစ်။
     
    စစ်ကောင်စီအနေဖြင့် ကရင်နီပြည်၏ နယ်မြေတော်တော်များများကို လက်လွတ်ထားရသည့်အပြင် စစ်ကြောင်းပေါင်းများစွာနှင့်လေကြောင်းများပါ အသုံးပြုနေသော်လည်း မရှုမလှရှုံးနေသည့်အတွက် နေပြည်တော်အထိ ခြိမ်းခြောက်လာနိုင်သလား၊ စိုးရိမ်နေရပြီလားဆိုတာကို တင်ပြထားခြင်းဖြစ်သည်။
    [embedyt] https://www.youtube.com/watch?v=FhrTh-XYylQ[/embedyt]
     
    #RedNewsAgency
     

  • နေပြည်တော်ကောင်စီနယ်မြေကို ခြိမ်းခြောက်လာသည့် ဘို့မသံတောင် စခန်းသိမ်းတိုက်ပွဲ

    နေပြည်တော်ကောင်စီနယ်မြေကို ခြိမ်းခြောက်လာသည့် ဘို့မသံတောင် စခန်းသိမ်းတိုက်ပွဲ

    RNA_ဩဂုတ်(၁၇)၊၂၀၂၃ ခုနှစ်။
     
    နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ ဘို့မသံတောင်စခန်းသိမ်းတိုက်ပွဲနှင့်အတူ ၃ ရက်အတွင်း တိုက်ပွဲ ၇ ကြိမ်မှာ စစ်ကောင်စီတပ်သား အများအပြားသေဆုံးခဲ့ပြီး​၊ လက်နက်ခဲယမ်းတချို့ရရှိခဲ့သည့်အကြောင်းကို တင်ဆက်ထားခြင်းဖြစ်သည်။
    [embedyt] https://www.youtube.com/watch?v=qLfnVDg1dtw[/embedyt]
     
    #RedNewsAgency