ကာကွယ်ရေးဝန်ကြီးဌာန

ဒရုန်းဖြင့် ပစ်မှတ်တိုင်းကို မှတ်ပုံတင်ထား၍ ရသည်ဟု NUG ကာကွယ်ရေးဝန်ကြီးပြော

ဒရုန်းဖြင့် ပစ်မှတ်တိုင်းကို မှတ်ပုံတင်ထား၍ ရသည်ဟု NUG ကာကွယ်ရေးဝန်ကြီးပြော

RNA_ဧပြီ(၄)၊၂၀၂၄ ခုနှစ်။ ယနေ့ နေ့ပြည်တော်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရုံးချုပ် (ကက-ကြည်း)၊ မင်းအောင်လှိုင် နေအိမ်ဝန်းနှင့် အေလာလေတပ်တို့ကို တိုက်ခိုက်ခဲ့သည့် ဒရုန်းသည် ပစ်မှတ်တိုင်းကို မှတ်ပုံတင်ထား၍ရသည်ဟု NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောထားသည်။ ယနေ့ နံနက်ပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အထူးတပ်ဖွဲ့များနှင့် ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့၏ Kloud Drone တပ်ခွဲနှင့် Lethal Prop တပ်ခွဲတို့က မင်းအောင်လှိုင်နေအိမ်၊ စစ်ရုံးချုပ်၊ အေလာလေတပ်တို့ကို မောင်းသူမဲ့ Kamikaze ဒရုန်း (၂၈) စင်းဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ (more…)
Read More
လေကြောင်းကာကွယ်ရေးလက်နက် ဖြန့်ကျက်တပ်ဆင်ဖို့ ကန့်အသတ်ရှိဟု ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြော 

လေကြောင်းကာကွယ်ရေးလက်နက် ဖြန့်ကျက်တပ်ဆင်ဖို့ ကန့်အသတ်ရှိဟု ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြော 

RNA_အောက်တိုဘာ(၂၇)၊၂၀၂၂ခုနှစ်။ လေကြောင်းကာကွယ်ရေးလက်နက် (MANPADS) အလုံ အလောက်ဖြန့်ကျက်တပ်ဆင်နိုင်ရန် အကန့်အသတ်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးရည်မွန်က ပြောသည်။ PDF ရဲဘော်များသို့ ပြောကြားသည့် ရေဒီယို NUG အသံလွှင့်အစီအစဉ်တွင် ဦးရည်မွန်က ပြောကြားထားခြင်းဖြစ်သည်။ " လေကြောင်းကာကွယ်ရေးလက်နက် (MANPADS) အသုံးပြုတယ်ဆိုတာ နည်းလမ်းတစ်ခုပဲ ဖြစ်တယ်။ ဒီလက်နက်က တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ကြပ်မတ်ထားတာ ဖြစ်တဲ့အတွက် ပစ္စည်းရဖို့ အချိန်ယူကြိုးစားရသလို အလုံအလောက်ဖြန့်ကျက်တပ်ဆင်နိုင်ဖို့ ဆိုတာလည်း အကန့်အသတ်ရှိတယ်။ ဒါကြောင့် ငါတို့ ဥာဏ်သုံးပြီး ရန်သူ့လေကြောင်းဟန့်တားနိုင်မယ့်နည်းလမ်းသစ်တွေ ရှာရလိမ့်မယ်။နည်းဗျုဟာပိုင်းဆိုင်ရာ လိုအပ်တဲ့အပြောင်းအလဲနဲ့အသင့်အနေအထား ပြင်ဆင်မှုတွေ ဆောင်ရွက်ကြဖို့ လိုအပ်မှာ ဖြစ်တယ်" ဟု ဦးရည်မွန်က ပြောသည်။ (more…)
Read More
ယနေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ် စစ်ကြောင်းမှူးဗိုလ်ကြီးအပါအဝင် (၃) ဦးသေ၊ အများအပြား ဒဏ်ရာရ 

ယနေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ် စစ်ကြောင်းမှူးဗိုလ်ကြီးအပါအဝင် (၃) ဦးသေ၊ အများအပြား ဒဏ်ရာရ 

RNA_ဇူလိုင်၂၁၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်၊ ကျောက္ကာကျေးရွာ၊ နန်းသိုင်းရေနံမှော်ဘက်မှသွားသော စစ်ကောင်စီတပ် စစ်ကြောင်း (၁၀၀)ခန့်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ကလေး) တပ်ရင်း(၆)တို့ ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ဝန်းကျင်ကစတင်ကာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က စစ်ကြောင်းမှူးဗိုလ်ကြီးအပါအဝင် (၃) ဦးသေဆုံးခဲ့ကြောင်း သိရသည်။ " တိုက်ပွဲအတွင်းရောက်ရှိနေသော စစ်ဘေးရှောင်ပြည်သူများကို ပြည်သူ့ကာကွယ်ရေးတပ်သားများက ဘေးလွတ်ရာပို့ဆောင်ပေးရင်း စကစများကို တိုက်ခိုက်ခဲ့ရာ နေ့လယ်(၁:၃၀) အချိန်ခန့်တွင် စကစစစ်ကြောင်းမှူး ဗိုလ်ကြီး (ဗိုလ်မူးကော်မရှင်စား) (၁) ဦး၊ စက်လက်ပစ်ခတ်သူ (၁) ဦးနှင့်တပ်သား (၁) ဦးတို့ သေဆုံးအောင် တိုက်ခိုက်နိုင်ခဲ့ပြီး စကစတပ်သားအများအပြား မိုင်းထိကာ သေဆုံးဒဏ်ရာရခဲ့သည်"ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ Red News…
Read More
PDF နှိမ်နှင်းရန် စစ်‌ဆင်ရေး မအောင်မြင်သည့် ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင် ရာထူးမှ ဖယ်ရှားခံရ

PDF နှိမ်နှင်းရန် စစ်‌ဆင်ရေး မအောင်မြင်သည့် ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင် ရာထူးမှ ဖယ်ရှားခံရ

RNA_ဖေဖော်ဝါရီ ၁၇ ရက်၊ ၂၀၂၂ ခုနှစ်။ စစ်ကိုင်းတိုင်း၊မကွေးတိုင်းနှင့် ချင်းပြည်နယ်တို့တွင် PDF များကို နှိပ်နှင်းရန် အလောင်းမင်းတရားစစ်ဆင်ရေး၊ အနော်ရထာ စစ်ဆင်ရေးတို့ကို ဦးဆောင်စီမံကွပ်ကဲနေသည့် ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်အား ရာထူးမှ ဖယ်ရှားလိုက်ပြီးဖြစ်ကြောင်း သတင်းထွက်ပေါ်လာသည်။ ကာကွယ်ရေးဝန်ကြီးဌာန အမှတ် (၆) စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထ-၆) ရာထူးမှ ဖယ်ရှားခံရသည့် ဒုတိယ ဗိုလ်ချုပ်ကြီးသန်းလှိုင်သည် PDF နှိမ်နှင်းရေး စစ်ဆင်ရေး မအောင်မြင်သည့်အတွက်ဖြစ်ကြောင်း သိရသည်။ (more…)
Read More
PDF တပ်ဖွဲ့ဝင်တွေ စစ်မြေပြင်မှာ တိုက်ပွဲဝင်နေသလို အသင့်အနေအထား PDF တပ်ရင်း အမြောက်အများရှိ

PDF တပ်ဖွဲ့ဝင်တွေ စစ်မြေပြင်မှာ တိုက်ပွဲဝင်နေသလို အသင့်အနေအထား PDF တပ်ရင်း အမြောက်အများရှိ

PDF တပ်ဖွဲ့ဝင်တွေ စစ်မြေပြင်မှာ တိုက်ပွဲဝင်နေသလို အသင့်အနေအထား PDF တပ်ရင်း အမြောက်အများရှိဟု NUG ကာကွယ်ရေးဝန်ကြီးပြော RNA_ဒီဇင်ဘာ ၂၆ ရက်၊ ၂၀၂၁ ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ ( NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ PDF တပ်ဖွဲ့ဝင်များ မဟာမိတ်များရဲဘော်များနှင့်အတူ စစ်မြေပြင်တိုက်ပွဲဝင်နေကြပြီး၊ တိုက်ပွဲဝင်ရန် အသင့်အနေအထား PDF တပ်ရင်းတပ်ဖွဲ့မြောက်များစွာ ရှိနေပြီဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ‌ပြည်သူများကို အသိပေးထားသည်။ NUG/MODဟာ ပြည်သူ့ခုခံတွန်းလှန်စစ်ကို အစီအစဥ်ရှိရှိ ဆင်နွှဲ​နေကြောင်း၊ ပြည်သူ့​တော်လှန်​ရေးတစ်စုံလုံး၏ Chain Of Command ဟာ NUG/MODနှင့် မဟာမိတ်များ ပူး​ပေါင်း​ဖော်​ဆောင်ထားသည့် ကွပ်ကဲမှုစနစ်ဖြစ်ပြီးတိုက်ပွဲ​တွေကို Chain Of Command​အောက်ကသွား​နေကြောင်း၊…
Read More