
Tag: ကာကွယ်ရေးဝန်ကြီးဌာန
-

ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၂၆) တပ်ရင်း တပ်ခွဲမှူး ဗိုလ်တေ (ခ) ဟိန်းဇင်အောင် ကျဆုံး
RNA_ဩဂုတ်(၁၂)၊၂၀၂၄ ခုနှစ်။အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ၊ ရွှေဘိုခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၂၆)တပ်ရင်း (Myanmar Defense Force -Shwebo)မှ တပ်ခွဲမှူး ဗိုလ်တေ (ခ) ဟိန်းဇင်အောင် ဩဂုတ်လ (၉) ရက်နေ့က မြင့်မြတ်စွာ ကျဆုံးခဲ့ရကြောင်း သိရသည်။
-

ဒရုန်းဖြင့် ပစ်မှတ်တိုင်းကို မှတ်ပုံတင်ထား၍ ရသည်ဟု NUG ကာကွယ်ရေးဝန်ကြီးပြော
RNA_ဧပြီ(၄)၊၂၀၂၄ ခုနှစ်။
ယနေ့ နေ့ပြည်တော်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရုံးချုပ် (ကက-ကြည်း)၊ မင်းအောင်လှိုင် နေအိမ်ဝန်းနှင့် အေလာလေတပ်တို့ကို တိုက်ခိုက်ခဲ့သည့် ဒရုန်းသည် ပစ်မှတ်တိုင်းကို မှတ်ပုံတင်ထား၍ရသည်ဟု NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောထားသည်။

ယနေ့ နံနက်ပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အထူးတပ်ဖွဲ့များနှင့် ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့၏ Kloud Drone တပ်ခွဲနှင့် Lethal Prop တပ်ခွဲတို့က မင်းအောင်လှိုင်နေအိမ်၊ စစ်ရုံးချုပ်၊ အေလာလေတပ်တို့ကို မောင်းသူမဲ့ Kamikaze ဒရုန်း (၂၈) စင်းဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
-

လေကြောင်းကာကွယ်ရေးလက်နက် ဖြန့်ကျက်တပ်ဆင်ဖို့ ကန့်အသတ်ရှိဟု ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြော
RNA_အောက်တိုဘာ(၂၇)၊၂၀၂၂ခုနှစ်။
လေကြောင်းကာကွယ်ရေးလက်နက် (MANPADS) အလုံ အလောက်ဖြန့်ကျက်တပ်ဆင်နိုင်ရန် အကန့်အသတ်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးရည်မွန်က ပြောသည်။
PDF ရဲဘော်များသို့ ပြောကြားသည့် ရေဒီယို NUG အသံလွှင့်အစီအစဉ်တွင် ဦးရည်မွန်က ပြောကြားထားခြင်းဖြစ်သည်။
” လေကြောင်းကာကွယ်ရေးလက်နက် (MANPADS) အသုံးပြုတယ်ဆိုတာ နည်းလမ်းတစ်ခုပဲ ဖြစ်တယ်။ ဒီလက်နက်က တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ကြပ်မတ်ထားတာ ဖြစ်တဲ့အတွက် ပစ္စည်းရဖို့ အချိန်ယူကြိုးစားရသလို အလုံအလောက်ဖြန့်ကျက်တပ်ဆင်နိုင်ဖို့ ဆိုတာလည်း အကန့်အသတ်ရှိတယ်။ ဒါကြောင့် ငါတို့ ဥာဏ်သုံးပြီး ရန်သူ့လေကြောင်းဟန့်တားနိုင်မယ့်နည်းလမ်းသစ်တွေ ရှာရလိမ့်မယ်။နည်းဗျုဟာပိုင်းဆိုင်ရာ လိုအပ်တဲ့အပြောင်းအလဲနဲ့အသင့်အနေအထား ပြင်ဆင်မှုတွေ ဆောင်ရွက်ကြဖို့ လိုအပ်မှာ ဖြစ်တယ်” ဟု ဦးရည်မွန်က ပြောသည်။
-

ယနေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ် စစ်ကြောင်းမှူးဗိုလ်ကြီးအပါအဝင် (၃) ဦးသေ၊ အများအပြား ဒဏ်ရာရ
RNA_ဇူလိုင်၂၁၊၂၀၂၂ခုနှစ်။
စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်၊ ကျောက္ကာကျေးရွာ၊ နန်းသိုင်းရေနံမှော်ဘက်မှသွားသော စစ်ကောင်စီတပ် စစ်ကြောင်း (၁၀၀)ခန့်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ကလေး) တပ်ရင်း(၆)တို့ ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ဝန်းကျင်ကစတင်ကာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က စစ်ကြောင်းမှူးဗိုလ်ကြီးအပါအဝင် (၃) ဦးသေဆုံးခဲ့ကြောင်း သိရသည်။
” တိုက်ပွဲအတွင်းရောက်ရှိနေသော စစ်ဘေးရှောင်ပြည်သူများကို ပြည်သူ့ကာကွယ်ရေးတပ်သားများက ဘေးလွတ်ရာပို့ဆောင်ပေးရင်း စကစများကို တိုက်ခိုက်ခဲ့ရာ နေ့လယ်(၁:၃၀) အချိန်ခန့်တွင် စကစစစ်ကြောင်းမှူး ဗိုလ်ကြီး (ဗိုလ်မူးကော်မရှင်စား) (၁) ဦး၊ စက်လက်ပစ်ခတ်သူ (၁) ဦးနှင့်တပ်သား (၁) ဦးတို့ သေဆုံးအောင် တိုက်ခိုက်နိုင်ခဲ့ပြီး စကစတပ်သားအများအပြား မိုင်းထိကာ သေဆုံးဒဏ်ရာရခဲ့သည်”ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
Red News Agency
-

PDF နှိမ်နှင်းရန် စစ်ဆင်ရေး မအောင်မြင်သည့် ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင် ရာထူးမှ ဖယ်ရှားခံရ
RNA_ဖေဖော်ဝါရီ ၁၇ ရက်၊ ၂၀၂၂ ခုနှစ်။
စစ်ကိုင်းတိုင်း၊မကွေးတိုင်းနှင့် ချင်းပြည်နယ်တို့တွင် PDF များကို နှိပ်နှင်းရန် အလောင်းမင်းတရားစစ်ဆင်ရေး၊ အနော်ရထာ စစ်ဆင်ရေးတို့ကို ဦးဆောင်စီမံကွပ်ကဲနေသည့် ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်အား ရာထူးမှ ဖယ်ရှားလိုက်ပြီးဖြစ်ကြောင်း သတင်းထွက်ပေါ်လာသည်။

ကာကွယ်ရေးဝန်ကြီးဌာန အမှတ် (၆) စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထ-၆) ရာထူးမှ ဖယ်ရှားခံရသည့် ဒုတိယ ဗိုလ်ချုပ်ကြီးသန်းလှိုင်သည် PDF နှိမ်နှင်းရေး စစ်ဆင်ရေး မအောင်မြင်သည့်အတွက်ဖြစ်ကြောင်း သိရသည်။

-

PDF တပ်ဖွဲ့ဝင်တွေ စစ်မြေပြင်မှာ တိုက်ပွဲဝင်နေသလို အသင့်အနေအထား PDF တပ်ရင်း အမြောက်အများရှိ
PDF တပ်ဖွဲ့ဝင်တွေ စစ်မြေပြင်မှာ တိုက်ပွဲဝင်နေသလို အသင့်အနေအထား PDF တပ်ရင်း အမြောက်အများရှိဟု NUG ကာကွယ်ရေးဝန်ကြီးပြော
RNA_ဒီဇင်ဘာ ၂၆ ရက်၊ ၂၀၂၁ ခုနှစ်။
အမျိုးသားညီညွတ်ရေးအစိုးရ ( NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ PDF တပ်ဖွဲ့ဝင်များ မဟာမိတ်များရဲဘော်များနှင့်အတူ စစ်မြေပြင်တိုက်ပွဲဝင်နေကြပြီး၊ တိုက်ပွဲဝင်ရန် အသင့်အနေအထား PDF တပ်ရင်းတပ်ဖွဲ့မြောက်များစွာ ရှိနေပြီဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြည်သူများကို အသိပေးထားသည်။

NUG/MODဟာ ပြည်သူ့ခုခံတွန်းလှန်စစ်ကို အစီအစဥ်ရှိရှိ ဆင်နွှဲနေကြောင်း၊ ပြည်သူ့တော်လှန်ရေးတစ်စုံလုံး၏ Chain Of Command ဟာ NUG/MODနှင့် မဟာမိတ်များ ပူးပေါင်းဖော်ဆောင်ထားသည့် ကွပ်ကဲမှုစနစ်ဖြစ်ပြီးတိုက်ပွဲတွေကို Chain Of Commandအောက်ကသွားနေကြောင်း၊ အရပ်ဖက်ကွပ်ကဲမှုကို NUG/MODက တာဝန်ယူပြီး စစ်ရေးဦးဆောင်မှုကို မဟာမိတ် စစ်ရေးကျွမ်းကျင်သူများက တာဝန်ယူထားကြောင်း ဦးရည်မွန်က ဒီဇင်ဘာလ ၂၅ ရက်နေ့ညက ပြည်သူ့ခုခံတွန်းလှန်စစ် အစီအစဉ်များနှင့်ပတ်သက်ပြီး ရှင်းပြထားသည်။

ဖဲကြိုးဖြူလှုပ်ရှားမှု ပါဝင်သည့် PDF များကို NUG/MOD- FB Page တွင် တွေ့ရစဉ် ” အခုဆိုရင် Regular PDF တပ်ရင်းများ ရာနဲ့ချီပြီး စနစ်ကျတဲ့ Chain Of Command အောက်မှာ ဖွဲ့စည်းထူထောင်ပြီး ဖြစ်သလို လက်နက်တပ်ဆင်မှုကိုလည်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မျှမျှတတဖြစ်အောင် စီမံဆောင်ရွက်နေပါတယ်။တချိန်တည်းမှာပဲ စစ်မဟာ ဗျူဟာအရ စစ်ရေးစီမံချက်အရ ဦးစားပေးတပ်ဆင်ရတဲ့ ဒေသတွေ ရှိဆိုတာလည်း အစီရင်ခံလိုပါတယ်။ စစ်တိုက်တဲ့အခါ လက်နက်ဟာ မရှိမဖြစ် လိုအပ်ပေမယ့် လက်နက်ရှိတိုင်း စစ်တိုက်လို့ ရတာတော့ မဟုတ်ပါဘူး။အမိန့်ပေး ကွပ်ကဲမှုစနစ် Chain Of Commandတည်ဆောက်မှု ၊မဟာမိတ်တွေရဲ့ နားလည်ယုံကြည်မှုနဲ့ ပူးပေါင်းဆောက်ရွက်မှု၊ထောက်ပို့နဲ့ ဆက်သွယ်ရေးယန္တရား တည်ဆောက်မှု၊ ဗျူဟာမြောက် ဟန်ချက်ညီ ဆောင်ရွက်နိုင်မှုတွေဟာ အလွန်အရေးကြီးပါတယ်” ဟု ဦးရည်မွန်က ပြောထားသည်။

ဖဲကြိုးဖြူလှုပ်ရှားမှု ပါဝင်သည့် PDF များကို NUG/MOD- FB Page တွင် တွေ့ရစဉ် စစ်မြေပြင်က ပြည်သူ့ရဲဘော်များ ကျဆုံးသတင်း ကြားရတိုင်း NUG အပေါ် အားမလို အားမရဖြစ်သည့်အပေါ် နားလည်ကြောင်း၊ NUG ဘာလုပ်နေလဲဟု ပြစ်တင်မမောင်းမဲတာ (အထူးသဖြင့် ဆိုရှယ်မီဒီယာမှာ)ကို အလေးအနက်ထားကြောင်း၊ စစ်မဟာဗျူဟာနှင့် စီမံချက်များဟာ စစ်ရေးဆိုင်ရာ လျှို့ဝှက်ချက်များ ဖြစ်သည့်အတွက် အားလုံး အသိပေး ရှင်းပြခြင်း မပြုနိုင်သည့်အပေါ် နားလည်ပေးဖို့ ဦးရည်မွန်က ပြည်သူများနှင့်အတူ ရဲဘော်များ မိတ်ဆွေများကို ပန်ကြားထားသည်။
Red News Agency