RNA_ဧပြီ(၄)၊၂၀၂၄ ခုနှစ်။
ယနေ့ နေ့ပြည်တော်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရုံးချုပ် (ကက-ကြည်း)၊ မင်းအောင်လှိုင် နေအိမ်ဝန်းနှင့် အေလာလေတပ်တို့ကို တိုက်ခိုက်ခဲ့သည့် ဒရုန်းသည် ပစ်မှတ်တိုင်းကို မှတ်ပုံတင်ထား၍ရသည်ဟု NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောထားသည်။
ယနေ့ နံနက်ပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အထူးတပ်ဖွဲ့များနှင့် ရှာထူးဝေါ် နည်းပညာတပ်ဖွဲ့၏ Kloud Drone တပ်ခွဲနှင့် Lethal Prop တပ်ခွဲတို့က မင်းအောင်လှိုင်နေအိမ်၊ စစ်ရုံးချုပ်၊ အေလာလေတပ်တို့ကို မောင်းသူမဲ့ Kamikaze ဒရုန်း (၂၈) စင်းဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“ဒီနေ့ နေပြည်တော် …….. ခရီးရှည်ဒရုန်းများရဲ့ ပထမဆုံးအတွေ့အကြုံပါပဲ။ ဒရုန်းတစ်စင်းပါ ယမ်းပေါက်ကွဲအားက 107တစ်စင်းထက် ၂၀%ပိုပြင်းပြီး အနက်ဖောက်ထွင်းအားလည်း ပိုကောင်းပါတယ်။ ပစ်မှတ်တိုင်းကို မှတ်ပုံတင်ထားလို့ ရပါပြီ” ဟု ဦးရည်မွန်က ပြောထားသည်။
နေပြည်တော်ကို ယနေ့ တိုက်ခိုက်ခဲ့သည့် ရဲဘော်များသည် လုံခြုံသည့် နေရာ ရောက်ရှိနေပြီဖြစ်ကြောင်း နေပြည်တော် PDF ကလည်း အသိပေးထားသည်။
#RedNewsAgency