ပထမဆုံးကျဆုံးသူရဲကောင်း

မတရားမှုကိုဆန့်ကျင်တဲ့ တော်လှန်လိုစိတ်နဲ့ တော်လှန်ရေးအောင်ပွဲ

မတရားမှုကိုဆန့်ကျင်တဲ့ တော်လှန်လိုစိတ်နဲ့ တော်လှန်ရေးအောင်ပွဲ

"တော်လှန်ရေးရဲ့ အောင်မြင်မှုတွေဆိုတာ ငြိမ်းချမ်းစွာဆန္ဒပြခဲ့စဥ်က ရက်ရက် စက်စက်နှိမ်နှင်းပစ်သတ်ခံခဲ့ရတဲ့ ပြည်သူတွေရဲ့ နာကြည်းမှု၊ မတရားမှုကို တော်လှန်လိုစိတ်တွေကပေါက်ဖွားလာတဲ့ အောင်မြင်မှုတွေဖြစ်သလို ပြည်သူကို အထင်သေး ရိုင်းစိုင်းစွာနဲ့ စိန်ခေါ်ခဲ့တဲ့ စစ်တပ်ရဲ့ ကျဆုံးမှုတွေလည်း ဖြစ်ပါတယ်" ချမ်းမင်း စစ်တပ်အာဏာသိမ်းမှု ၃ နှစ်နဲ့ ၁၈ ရက်ပြည့်မြောက်သွားတဲ့နေ့ဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ဖြစ်သလို နွေဦးတော်လှန်ရေးအတွင်း ပထမဦးဆုံးကျဆုံးခဲ့တဲ့ နေပြည်တော်မှ မြသွဲ့သွဲ့ခိုင် ဦးခေါင်းကိုသေနတ်ထိမှန်သေဆုံးခဲ့ရတဲ့နေ့လည်း ဖြစ်ပါတယ်။ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ပြည်သူတင်မြှောက်ထားတဲ့ အစိုးရကို အငုံစိတ်များစွာဖြင့် လက်နက်နဲ့အနိုင်ကျင့်ဗိုလ်ကျကာ ဖမ်းဆီးခဲ့ပြီး နိုင်ငံတော်အာဏာကို သိမ်းပိုက်ခဲ့တာအားလုံးအသိပါ။ ဒီမိုကရေစီဆိုတဲ့ အရသာကို ကောင်းကောင်းကြီးခံစားခဲ့ဖူးတဲ့ မြန်မာပြည်သူတွေအတွက်တော့ စစ်ခေါင်းဆောင်ရဲ့ အခုလို အာဏာသိမ်းမှုကြီးဟာ ဘယ်လိုမှ…
Read More