ခံစစ်ပြင်

စစ်ကောင်စီဟာ ရှမ်းမြောက်နဲ့ ရှမ်းရှေ့ကို အဆုံးရှုံးခံပြီး မန္တလေးကို ခံစစ်တည်တော့မလား

စစ်ကောင်စီဟာ ရှမ်းမြောက်နဲ့ ရှမ်းရှေ့ကို အဆုံးရှုံးခံပြီး မန္တလေးကို ခံစစ်တည်တော့မလား

"သိပ်မကြာခင်အချိန်မှာပဲ ပြင်ဦးလွင် ဒါမှမဟုတ် နောင်ချိုဟာ စစ်ကောင်စီအတွက် ရှေ့တန်းခံစစ်ဖြစ်လာနိုင်ပြီး မန္တလေးကတော့ နေပြည်တော်အတွက် ဒုတိယခံစစ်ဖြစ်လာနိုင်တဲ့ အခြေအနေဖြစ်ဖို့ ရာခိုင်နှုန်းများနေပါပြီ" လှဆောင် ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ပြောင်မြောက်တဲ့ဗျူဟာကြောင့် ဗိုလ်မင်းအောင်လှိုင်တို့တစ်သိုက် နေပြည်တော်မှာ ခေါင်းမီးတောက်နေမယ်ဆိုတာ ပြေးကြည့်စရာမလိုပါဘူး။ ရုပ်ရှင်ကားတွေထဲကလို မြေပုံကြီးတွေ၊ ပုံစံငယ်အရုပ်လေးတွေနဲ့ ဟိုထောက်ဒီထောက်လုပ်ရင်း အလုပ်လည်း ရှုပ်နေမယ်ဆိုတာလည်း အသေအချာပါ။ ညီနောင် ၃ ဖွဲ့ဘက်ကလည်း ၁၀၂၇ စစ်ဆင်ရေး တစ်လပြည့်တဲ့အချိန် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ရေးအရှိန်မြှင့်မယ်လို့ ပေါ်တင်ကြေညာထားပြီးသားပါ။ အခုတောင် တစ်နိုင်လုံးနီးနီး တိုက်ပွဲတွေက အရှိန်မြင့်နေတာဖြစ်ပါတယ်။ တကယ်ဆို မင်းအောင်လှိုင်ရဲ့ တပ်ရင်းမှူးတွေ၊ တပ်မမှူးတွေဟာ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီး သိပ်မကြာခင်မှာပဲ အခြေအနေအမှန်ကို ရိပ်စားသင့်ခဲ့ပါတယ်။…
Read More