Tag: Federal Wings Drone

  • နေပြည်တော် မကြာမီ မျှော်

    နေပြည်တော် မကြာမီ မျှော်

    “နေပြည်တော် အတွင်းနဲ့ ဆက်စပ် နယ်​မြေတွေနဲ့ပတ်သက်ပြီး စစ်ရေး လုံခြုံရေးနဲ့ဆိုင်တဲ့ သတင်းတွေ တော်လှန်ရေးတပ်ဖွဲ့တွေ PDF တပ်ဖွဲ့အသီးသီးတွေရဲ့ လှုပ်ရှားမှုတွေကို နည်းမျိုးစုံသုံးပြီး အရေးတစ်ကြီး၊ အငမ်းမရ အနံ့ခံနေကြပါတယ်”

    ငြိမ်းမောင်

    အကြမ်းဖက် လက်နက်ကိုင်ခေါင်းဆောင် မင်းအောင်လှိုင်က လူမိုက်ဆန်ဆန် လူရမ်းကားစကား ပြောခဲ့တယ်။ “မလုပ်ရဲတာ ဘာမှ မရှိဘူး”တဲ့။ ဒီစကားကို ကြားမိသူတိုင်းက လူတိုင်း ထိထိမိမိ ပြန်ပြီးတုန့်ပြန်ခဲ့ကြတယ်။ ဒါဆို “xxx”ကြည့်ပါလား တဲ့။ အားရကျေးနပ်စေခဲ့တယ်။ မင်းအောင်လှိုင် အပေါ်စီး ကနေ လူမိုက်ဆန်ဆန် လူပါးဝ ပြောခဲ့ပေမယ့် ဒီလို တုန့်ပြန်မေးခွန်းထုတ်တာကို မင်းအောင်လှိုင်လည်း ဖင်တွန့်သွားခဲ့ပုံရတယ်။ အခုလည်းပဲ တော်လှန်ရေးအင်အားစုတွေ စစ်ရေးအရှိန်တွေ တိုက်ခိုက်ရေးစွမ်းရည်တွေ တစတစ အင်အားကြီးထွားပုံတွေအပေါ် ကြောက်ရွံ့တုန်လှုပ်နေပါပြီ။

    မင်းအောင်လှိုင်လည်း ဘာမှမတတ်နိုင်ခဲ့သလို မလုပ်ရဲတာဘာမှ မရှိ ဆိုတဲ့ဒီစကားကို သယ်ဆောင်လာပြီး ဂုဏ်ယူပြောကြားလာခဲ့တဲ့ မင်းအောင်လှိုင်နောက်လိုက်တွေလည်း ဘာမှပြန်ပြီး မချေပနိုင်ကြတော့ပါ။ ဒီလို အဓိပ္ပါယ် မရှိ၊ ဂုဏ်သိက္ခာမဲ့ ပြောကြားခဲ့ပေမယ့် ဒီအပေါ် စကားစစ်ထိုးပြီး အနိုင်ယူခဲ့ရလို့ လူတိုင်းကျေနပ်ပီတိဖြစ်စေခဲ့တယ်။ ဒီနေရာမှာတော့ မလုပ်ရဲတာ ဘာမှ မရှိဘူးဆိုတဲ့ စကားကိုတော့လုပ်တတ်တာလည်း ဘာမှမရှိဘူး၊တိုင်းပြည်ဖျက်ဆီးတာကလွဲပြီး ဖြစ်မြောက်အောင် ဘာမှ မစွမ်းဆောင်နိုင်ဘူးလို့သာ သုံးလိုပါတယ်။

    ထပ်ပြီးပြောလိုတာက တော်လှန်ရေးအင်အားစုတွေအတွက် ဂုဏ်သိက္ခာရှိတဲ့၊တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွေ့ကျတဲ့ စကားလေးတစ်ခွန်းရှိပါတယ်။ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး၊ မဖြစ်သေးတာပဲရှိတယ်ဆိုတဲ့စကားပါ။ လူတိုင်းလက်ခံကြတဲ့ အဓိပ္ပာယ်ရှိတဲ့ စကားပါ။

    တော်လှန်ရေးက အင်အားစုတွေဘက်က ကျယ်ကျယ် လောင်လောင် ထုတ်ဖော်ပြောဆိုလာခဲ့တဲ့ “လမ်းများအားလုံး နေပြည်တော် ဆီ သို့လှုပ်ရှားမှု ” နဲ့ပတ်သက်ပြီး  စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်းက လွန်ခဲ့တဲ့ သတင်းစာရှင်းပွဲတစ်ခုမှ ရိသလို သဲ့သလို ​​ပြောသွားပါသေးတယ်။ နေပြည်တော်သို့ လမ်းများဆီတဲ့၊ ဒါမှန်တယ်ပေါ့။ အခုပဲ ဘုရားကြီးဆီကို အနယ်အရပ်ရပ်က လာဖူးကြတယ်ဆိုပြီး ပြောသွားပါသေးတယ်။ လမ်းများအားလုံး နေပြည်တော်ဆီသို့ဆိုတာကို ဇော်မင်းထွန်း က နေပြည်တော်သို့ လမ်းများဆီဆိုပြီး မှားပြောတာတွေ့လိုက်ရတယ်။

    (more…)

  • KNLA တပ်ရင်းဌာနချုပ်ကို ပူးပေါင်းတပ်ဖွဲ့များ ပြန်လည်သိမ်းပိုက်

    KNLA တပ်ရင်းဌာနချုပ်ကို ပူးပေါင်းတပ်ဖွဲ့များ ပြန်လည်သိမ်းပိုက်

    RNA_ဖေဖော်ဝါရီ(၂၄)၊၂၀၂၃ ခုနှစ်။

    ကရင်အမျိုးသားအစည်းအရုံး -KNU၊ တပ်မဟာ (၆) နယ်မြေ ကော့ကရိတ်မြို့နယ် ဒေါနအရှေ့ဘက်( မြဝတီတောင်ပိုင်း)ရှိ KNLA တပ်ရင်း (၁၀၃) ဌာနချုပ်ကို စစ်ကောင်စီတပ် သိမ်းပိုက်ထားရာမှ KNDO အပါအဝင် ပူးပေါင်းတပ်ဖွဲ့များက ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

    KNLA တပ်ရင်းစခန်းမီးရှို့ခံထားရသည့်မြင်ကွင်း။

    “စီးနင်းခံရသည့်စခန်းကို ကရင်အမျိုးသားကာကွယ် ရေးတပ်ဖွဲ့ (KNDO) လုံခြုံရေးတပ်ရင်း(၈)တပ်ဖွဲ့နှင့် အထူးကွန်မန်ဒိုတပ်ရင်း၊ Federal Wings ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းတိုက်ခိုက်မှုများဖြင့် အဆက် မပြတ်တိုက်ခိုက်မှုများလုပ်ဆောင်ပြီးနောက် ဖေဖော်ဝါရီလ (၂၂) ရက်နေ့ နေ့လည် (၁၂) နာရီခန့်တွင် တပ်ရင်းဌာနချုပ်နေရာကို ပြန်လည်တိုက်ယူနိုင်ခဲ့သည်” ဟု ယနေ့ Federal Wings က ထုတ်ပြန်ထားသည်။

    (more…)

  • ၁ နှစ်အတွင်း ဒရုန်းစစ်ဆင်ရေး (၃၄၇)ကြိမ်ပျံသန်းမှုဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၂၀၀) ဝန်းကျင်သေဆုံး

    ၁ နှစ်အတွင်း ဒရုန်းစစ်ဆင်ရေး (၃၄၇)ကြိမ်ပျံသန်းမှုဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၂၀၀) ဝန်းကျင်သေဆုံး

    RNA_ဇန်နဝါရီ (၅)၊၂၀၂၃ ခုနှစ်။
     
    Federal Wings ​ဒရုန်းတပ်ဖွဲ့၏ ၂၀၂၂ ခုနှစ် (၁) နှစ်တာအတွင်း ဒရုန်းစစ်ဆင်ရေး ပျံသန်းမှု (၃၄၇) ကြိမ်ပျံသန်းပြီး စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်သား (၂၀၀) ဝန်းကျင် သေဆုံးကြောင်း သိရသည်။
    ကရင်ပြည်နယ်အတွင်း KNU တပ်မဟာ (၃) နှင့် တပ်မဟာ (၆) နယ်အတွင်းရှိ ထိတွေ့တိုက်ပွဲများနှင့် စခန်းသိမ်းတိုက်ပွဲကြီးများတွင် သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့ စစ်ကြောင်းများနှင့် ပူးတွဲတိုက်ပွဲဝင်နိုင်ခဲ့ကြောင်း၊ ယခုရက်ပိုင်း ဖြစ်ပွားနေသည့် ကြာအင်းဆိပ်ကြီးတိုက်ပွဲ၊ ကော့ကရိတ်တိုက်ပွဲ၊ တောင်စွန်း တိုက်ပွဲတို့တွင်လည်း မဟာမိတ်များဖြင့် ပူးပေါင်းတိုက်ခိုက်နေကြောင်း သိရသည်။

    (more…)

  • တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အရာရှိတဦးအပါ အဝင် (၄) ဦးသေ၊ အများအပြား ထွက်ပြေး 

    တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အရာရှိတဦးအပါ အဝင် (၄) ဦးသေ၊ အများအပြား ထွက်ပြေး 

    RNA_နိုဝင်ဘာ(၁၅)၊၂၀၂၂ခုနှစ်။

    ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သေ့ဘော့ဘိုးကျေးရွာအနီးသို့ လာရန်ကြိုးစားနေသည့် စစ်ကောင်စီတပ် တပ်မ (၄၄)လက်အောက်ခံ ၊ နည်းဗျူဟာ (၄၄၃)၏ တပ်များကို ကော်ဘရာစစ်ကြောင်းနှင့် မဟာမိတ်များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က အရာရှိတဦးအပါအဝင် (၄) ဦးသေဆုံးကာ အများအပြား ထွက်ပြေးကြကြောင်း သိရသည်။

    စစ်ကောင်စီတပ်ကို KNLA တပ်ရင်း (၂၇) ကော်ဘရာပူးပေါင်းစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ တပ်မဟာလုံခြုံရေးစစ်ကြောင်း၏ တပ်ခွဲ(၂)၊ Federal Wings Drone အဖွဲ့၊ ရောင်နီတပ်ခွဲ ဒရုန်းအဖွဲ့ တို့က နိုဝင်ဘာ ၁၄ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်မှ ညနေ ၇ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကာ စစ်ကောင်စီဘက်က သေဆုံးခဲ့ကြခြင်း ဖြစ်သည်။

    တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်ကူ အများအပြားပစ်ခဲ့သော်လည်း စစ်ကောင်စီတပ်သားများထွက်ပြေးကြရပြီး နယ်မြေရှင်းလင်းရေးလုပ်စဉ် ၅.၅၆ (ကပစ) ကျည်ဆန် (၃၇၀)တောင့်၊ (၄၀) မမ ဗုံးသီး (၈) လုံး၊ RPG ဗုံးသီး (၃)တောင့်၊ ၎င်းပို့ယမ်းတောင့် (၃) တောင့်၊ (၅.၅၆)ကျည်ဘောက် (၈)ခု၊ MA – 2 ကျည်ဘောက်(၁)ခု၊ လက်ပစ်ဗုံး (၁)လုံး၊ နင်းမိုင်း (၂)လုံး၊ စစ်သုံးမြေပုံ (၁)ချပ်၊ ကျည်ကာ ဦးထုပ် (၁)လုံး၊ စစ်သုံး လွယ်အိတ် (၁)လုံး၊ စာရွက်စာတမ်းများ၊ ပုခတ် (၁)လုံး၊ ပေါက်တူး (၁)လက်၊ စက်အားသွင်းခုံ (၁)ခု၊ ရေဘူး(၁) လုံး၊ ကိုယ်ရေးကိုယ်တာ ဓာတ်ပုံ(၂)ပုံ တို့အား သိမ်းဆည်းရမိခဲ့သည်ဟု ကော်ဘရာ စစ်ကြောင်းက ထုတ်ပြန်ထားသည်။

    #RedNewsAgency