Tag: တော်လှန်ရေး

  • အထူးစစ်ဆင်ရေးတပ်ဖွဲ့က (၇၆)နှစ်​မြောက် အာဇာနည်နေ့အလေးပြုအခမ်းအနားပြုလုပ်

    အထူးစစ်ဆင်ရေးတပ်ဖွဲ့က (၇၆)နှစ်​မြောက် အာဇာနည်နေ့အလေးပြုအခမ်းအနားပြုလုပ်

    RNA_ဇူလိုင်(၁၉)၊၂၀၂၃ ခုနှစ်။

    အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F ၏ ရှေ့တန်းစစ်ကြောင်းများနှင့် တပ်ခွဲများတွင် တပြိုင်တည်း ယနေ့ နံနက် ၇ နာရီက (၇၆) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။


    (more…)

  • ပဲခူးခရိုင် ဗကသဒုဥက္ကဋ္ဌ ကိုခန့်လင်းနိုင်ကို အကျဉ်းထောင်မှထုတ်ကာ စစ်ကောင်စီလက်အောက်ခံများက သတ်ဖြတ်

    ပဲခူးခရိုင် ဗကသဒုဥက္ကဋ္ဌ ကိုခန့်လင်းနိုင်ကို အကျဉ်းထောင်မှထုတ်ကာ စစ်ကောင်စီလက်အောက်ခံများက သတ်ဖြတ်

    RNA_ဇူလိုင်(၈)၊၂၀၂၃ ခုနှစ်။

    ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ကျိုက်ဇကော အကျဉ်းထောင်မှာ မတရားဖမ်းဆီးချုပ်နှောင်ခံထားရသည့် ပဲခူးခရိုင် ဗကသဒုက္ကဋ္ဌ ကိုခန့်လင်းနိုင်ကို စစ်ကောင်စီလက်အောက်ခံများက အကျဉ်းထောင်မှထုတ်သွားပြီး သတ်ဖြတ်ခဲ့သည့်အတွက် ကျဆုံးခဲ့ရကြောင်း သိရသည်။

    ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ပဲခူးခရိုင် ဒုဥက္ကဋ္ဌ ကိုခန့်လင်းနိုင်ပါအဝင် နိုင်ငံရေးအကျဉ်းသား လေးဦးကို စစ်ကောင်စီလက်အောက်ခံများက၂၀၂၃ ခုနှစ် မေလ ၂၈ ရက်နေ့က ခေါ်ထုတ်သွားပြီးနောက် အဆက်အသွယ်ပြတ်တောက်နေရာမှ ၂၀၂၃ ခုနှစ် ဇူလိုင် ၇ ရက်နေ့က ကျဆုံးသွားပြီဖြစ်ကြောင်း သိရသည်ဟု ဗကသများအဖွဲ့ချုပ်က ယနေ့ထုတ်ပြန်ထားသည်။

    (more…)

  • တူမီးကြောင့် သွေးပျက်နေတဲ့ ဖက်ဆစ်စစ်တပ် 

    တူမီးကြောင့် သွေးပျက်နေတဲ့ ဖက်ဆစ်စစ်တပ် 

    ” ခေါင်းအစား ခေါင်း၊ မျက်လုံးအစား မျက်လုံး၊အသက်အစား အသက်ပြန်ယူတက်သည့် ကလဲ့စားသည် တောင်ပိုင်းချင်းလူမျိုးတစ်စု၏ ရိုးရာ ဓလေ့အမှန်ရှိခဲ့သည်ကိုလည်း မ‌မေ့သင့်ပါ။ မတရားမှုကိုရွံရှာမုန်းတီးပြီး အမှန်တရားကို အသက်ပေးမြတ်နိုးတန်ဖိုးထားကာကွယ်ထိန်းသိမ်းသည့်လူမျိုး” 

     

    လင်းယုန်

    ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့စစ်တပ်က အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးစစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေပေါ်ပေါက်လာခဲ့သလို ချင်းပြည်နယ်အတွင်းရှိ မြို့နယ်၊ကျေးရွာတွေအထိ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေ အဆက် မပြတ်ပေါ်ပေါက်လာခဲ့ပါသည်။ ချင်းလူမျိုးအားလုံးနီးပါး စစ်အာဏာရှင်ကို ရွံ့ရှာမုန်တီးတဲ့စိတ်က မွေးကတည်းကပါလာပြီးသားဖြစ်သလို မတရားအာဏာလု မင်းအောင်လှိုင်၏ လုပ်ရပ်ကြောင့်လည်းပို၍ ချင်းပြည်သူလူထု သွေးဆူလာစေသည်ဟု သုံးသပ်မိပါသည်။

    တူမီးသေနတ်နှင့်ချင်း

    တူမီးသေနတ်သည် ချင်းလူမျိုးများ၏ ရှေးယခင်ဘိုးဘွားခေတ်ကတည်းက ထိန်းသိမ်းစောင့်ရှောက်လာသည့် ရိုးရာလက်နက်တစ်ခုဖြစ်သလို ချင်းယောက်ျားလေးရှိသည့်အိမ်တိုင်းနီးပါး တူမီး သေနတ်ရှိကြသည်။ လူတစ်ဦးတစ်ယောက်ကိုအသက်အန္တရာယ်ပြုရန်ကိုင်‌ဆောင်ခြင်းမဟုတ်ပါ။ ချင်းပြည်နယ်သည်တောတောင်ထူထပ်ပြီး တောရိုင်းတိရိစ္ဆာန်ပေါင်းစုံပေါများသည့်ဒေသဖြစ်သည့်အလျောက် တောရိုင်းတိရိစ္ဆာန်များ၏အသက်ဘေးရန်ကနေကာကွယ်ဖို့အဓိက ကိုင်ဆောင်ကြသော်လည်း ယခုအခါမှာ အကြမ်းဖက် ဖက်ဆစ်စစ်တပ် မတရားအာဏာလု မင်းအောင်လှိုင်နှင့်သူ၏ အပေါင်းအပါစစ်ခွေးများအား တစ်ဖြုတ်ဖြုတ်ခြွေနိုင်သည့် လက်နက်အဖြစ်နေရာယူလာခဲ့ပါသည်။

    အရွယ်ရောက်ပြီး ချင်းယောက်ျားလေးတိုင်းနီးပါး တူမီးသေနတ်ပစ်တတ်အောင်လူကြီးမိဘများမှသင်ပေးသည့်အပြင် လေး၊ မြှား၊ လှံ၊ ဓါး၊ တူးလေးနှင့် အခြားအခြားသောတိုက်ခိုက်ရေးနည်းများစွာလည်း ကျွမ်းကျင်အောင်သင်ပေးကြသေးသည်။ သင်ပေးရခြင်း၏ အကြောင်းအရင်းမှာ တောထဲတောင်ထဲသို့သွားလာရတော့မည်ဆိုလျှင် တောရိုင်းတိရိစ္ဆာန်များ၏တိုက်ခိုက်ရန်ပြုခြင်း၊ အသက်အန္တရာယ်ပေးနိုင်ခြင်းမှခုခံကာကွယ်နိုင်ရန်ရည်ရွယ်ခြင်းဖြစ်ကြောင်းနှင့်တိုက်ခိုက်ရေးသည်ယောက်ျားလေးတိုင်း၏တတ်သင့်တတ်အပ်သည့် ပညာရပ်တစ်ခုအနေဖြင့်လည်း ရှုမြင်သင်ယူရပါသည်။ တူမီးသေနတ်အပြင် လေး၊ မြှားပစ်ခတ်မှု အတတ်ပညာကိုလည်း တစ်ဘက်ကမ်းခတ်တတ်မြောက်ကြသည့် ချင်းလူမျိုးများဖြစ်ကြောင်းကိုလည်း ဖော်ပြလိုပါသည်။

    (more…)

  • စစ်ကောင်စီကို နိုင်ငံရေးအသာစီးရရန် ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့လို

    စစ်ကောင်စီကို နိုင်ငံရေးအသာစီးရရန် ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့လို

    RNA_ဇန်နဝါရီ (၅)၊ ၂၀၂၃ ခုနှစ်။

    ၂၀၂၃ ခုနှစ် တော်လှန်ရေးအခြေအနေများနှင့် ပတ်သက်ပြီး ဗကသ ဥက္ကဌဟောင်း ဆိုရှယ်ဒီမိုကရက်တစ် ညီညွတ်ရေးတပ်ဦးမှ ကိုကျော်ကျော်ကိုနှင့် မေးမြန်းထားမှုတွင် စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်မှသာ နိုင်ငံရေးအသားစီးရမှာဖြစ်သည့်အကြောင်းအပါအဝင် တော်လှန်ရေးနှင့် ပတ်သက်သည့် သဘေားထားများကို ပြောကြားထားသည်။

    [embedyt] https://www.youtube.com/watch?v=azaVDG3rxCk[/embedyt]

    #RedNewsAgency

  • “လွတ်လပ်ရေးကို တောင်းမယူ တိုက်ယူပြမည့် ငါတို့အညာ” 

    “လွတ်လပ်ရေးကို တောင်းမယူ တိုက်ယူပြမည့် ငါတို့အညာ” 

    RNA_ဒီဇင်ဘာ(၆)၊၂၀၂၃ ခုနှစ်။

    စစ်ကိုင်းတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များဖြစ်သည့် People Revolution Army -PRA ၊ မြန်မာ့တော်ဝင် နဂါးတပ်တော် – MRDA နှင့် အညာပစ်တိုင်း ထောင်လေးများ အဖွဲ့တို့ ပူးပေါင်းပြီး “လွတ်လပ်ရေးကို တောင်းမယူ တိုက်ယူပြမည့် ငါတို့အညာ” စာတန်းများကိုင်ဆောင်ပြီး ပြည်သူများနှင့်အတူ ဇန်နဝါရီလ (၄) ရက်နေ့က ပုလဲမြို့နယ်အတွင်း ဆန္ဒပြခဲ့ကြသည်။

    #RedNewsAgency

  • ကချင်လွတ်လပ်ရေးအဖွဲ့ – KIO ဥက္ကဋ္ဌ အပြောင်းအလဲပြုလုပ်သော်လည်း တော်လှန်ရေးမှာ ဆက်ပါနေမည်

    ကချင်လွတ်လပ်ရေးအဖွဲ့ – KIO ဥက္ကဋ္ဌ အပြောင်းအလဲပြုလုပ်သော်လည်း တော်လှန်ရေးမှာ ဆက်ပါနေမည်

    RNA_ဇန်နဝါရီ (၃)၊၂၀၂၃ ခုနှစ်။
     
    ကချင်လွတ်လပ်ရေးအဖွဲ့ – KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၏ ကျန်းမာရေးအခြေအနေကြောင့် ဥက္ကဋ္ဌတာဝန်ကို ကချင်လွတ်လပ်ရေးတပ်မတော် – KIO စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂမ်ရှောင်ကို လွှဲပြောင်းလိုက်ကြောင်း သိရသည်။
     
    “ အခု KIO ခေါင်းဆောင်ပိုင်းအပြောင်းအလဲလုပ်တာ ထွေထွေထူးထူးမဟုတ်ပါဘူး။ ၄ နှစ်တကြိမ်အပြောင်းအလဲ လုပ်တာလဲရှိတယ်” ဟု ကချင်လူမျိုး သတင်းသမားတဦးက ပြောသည်။

    (more…)

  • အစဉ်အလာမှခွဲထွက်ခြင်း

    အစဉ်အလာမှခွဲထွက်ခြင်း

    အဲ့တော့ အစဉ်အလာ…အစဉ်အလာ…ဒီအစဉ်အလာက ခွဲထွက်ဖို့ ဘယ်လိုလုပ်ကြရမလဲ။ဘယ်လိုစဉ်းစားကြရမလဲ။ဆိုရှယ်မီဒီယာခေတ်မှာ တချို့က လက်လှမ်းမီတဲ့ ကရိယာတန်ဆာပလာလေးတွေ ကိုင်စွဲပြီး အစဉ်အလာကနေ ခွဲထွက်ဖို့ အားထုတ်နေကြတာကို တွေ့ရပါတယ်။ဒါပေသိ ကြိုးပမ်းပုံမမှန်ရင် အစဉ်အလာထောင်ချောက်ထဲက လွတ်ကင်းမယ်မထင်ဘူး။

    ဗမာပြည်မှာ အရာရာတိုင်းကို အစဉ်အလာအတိုင်း လုပ်ဆောင်တာကမှ သဘာဝကျတယ်လို့ ယူဆလေ့ရှိကြပါတယ်။အစဉ်အလာကို ဖက်တွယ်ထားမှုက အတော်လေးကြီးမားလှပါတယ်။

    မြို့ကြီးပြကြီးက ချမ်းသာတဲ့ ခြံကျယ်ကြီးတွေကနေ ကျေးလက်တောရွာက တောင်ယာတဲလေးတွေအထိ အစဉ်အလာက ပြန်နှံ့သက်ဝင်နေပါတယ်။အခြေခံအုတ်မြစ်ဖြစ်တဲ့ အစဉ်အလာ စီးပွားရေးအဆောက် အအုံပေါ်ကနေ တဆင့်ပြီးတဆင့် အစဉ်အလာ နိုင်ငံရေး၊အစဉ်အလာ ဘာသာရေး၊အစဉ်အလာ ယဉ်ကျေးမှု၊အစဉ်အလာ ဓလေ့ထုံးတမ်းတွေကို တည်ဆောက်ထားကြပါတယ်။

    (more…)

  • လှတောရွာအထွက် တိုက်ပွဲမှာ စစ်ကောင်စီဘက်က အနည်းဆုံး ၄ ဦးသေဆုံ

    လှတောရွာအထွက် တိုက်ပွဲမှာ စစ်ကောင်စီဘက်က အနည်းဆုံး ၄ ဦးသေဆုံ

    ဝက်လက် လှတောရွာအထွက် တိုက်ပွဲမှာ စစ်ကောင်စီဘက်က အနည်းဆုံး ၄ ဦးသေဆုံး

    RNA_နိုဝင်ဘာ(၂၉)၊၂၀၂၂ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီတပ်ကို နိုဝင်ဘာလ ၂၈ ရက်နေ့က နံနက် (၉) နာရီဝန်းကျင်က လှတော့ဘက် တက်လာသည့် စစ်ကြောင်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က အနည်းဆုံး (၄) ဦးသေဆုံးကြောင်း ထုတ်ပြန်ထားသည်။

    “ ခွေး၅ကောင်အကျအဆုံးရှိသည် ခွေး၄ကောင်မှာ လမ်းမပေါ်တွင် တုံးလုံးပက်လက် ပြန့်ကျဲနေပီး ခွေး၁ကောင်မှာ မချိမဆန့်ဖစ်နေသည်ကို နာရေးကူညီရေးအသင်းကားဖြင့် လာရောက်ခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ရှိရသည်။ကျွန်တော်တို့မဟာမိတ်အဖွဲ့များ အထိအခိုက်အကျအဆုံးမရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့” ဟု ဝက်လက်မြို့နယ်အခြေစိုက် ကြောင်လက်သည်း တပ်ဖွဲ့က တိုက်ပွဲရုပ်သံနှင့်တကွ ထုတ်ပြန်ထားသည်။

    [embedyt] https://www.youtube.com/watch?v=KzITwPvjss8[/embedyt]

    လှတောရွာအထွက် ပင်းဇင်းမူးဘောင်ကြားတွင် စစ်ကြောင်းဆက်လက်တက်မရအောင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် ကြောင်လက်သည်း ပြည်သူ့ကာကွယ်ရေးတပ်၊ နန်းတက်မင်း တော်လှန်ရေးအင်အားစု၊ Dynamite “တပ်ခွဲ” နှင့် မဟာမိတ်များစုပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    #RedNewsAgency

  • “တော်လှန်ရေးမှာလည်း အကြည်ဓာတ် လိုတယ်”

    “တော်လှန်ရေးမှာလည်း အကြည်ဓာတ် လိုတယ်”

    ပျော်စရာရှိရင်လည်း ပျော်ပါပျော်ရင်းနဲ့ပဲ သတိလေးထားပြီးအပျော်မလွန်ပဲ တော်လှန်ရေး ဆက်လုပ်ပါ။ ဝမ်းနည်းစရာ ရှိရင်လည်း ငိုပါငိုရင်းနဲ့ပဲ သတိလေးထားပြီးတော်လှန်ရေးရဲ့ ပန်းတိုင်ကိုဆက်လျှောက်ပါ

    ချစ်ဝင်းမောင်

    အကြည်ဓာတ်လေးဆိုတဲ့ စကားကို လူအတော်များများက ပြောဆို သုံးစွဲလာတာ သတိထားမိပါတယ်။ လူတစ်ယောက်ရဲ့ အကြည်ဓာတ်ဆိုတာက ဘယ်နေရာမှာ ဖြစ်နိုင်ပါသလဲ။ နှစ်ပိုင်းရှိမယ်တော့ ထင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ အကြည်ဓာတ်နဲ့ စိတ်ပိုင်းဆိုင်ရာ အကြည်ဓာတ်လို့ သရုပ်ခွဲလို့ ရနိုင်ပါတယ်။

    ရုပ်ကို ကြည်အောင် ခေတ်မီ အလှပြင်ပစ္စည်းတွေ၊ နည်းပညာတွေနဲ့ ပြင်ဆင်လို့ ရနိုင်ပါတယ်။ စိတ်ကို ကြည်အောင်တော့ဖြင့် ပြင်ပ အကူအညီ တစ်ခုတည်းနဲ့တင် ပြင်ဆင်လို့မရနိုင်ပါဘူး။ နဂို ပကတိစိတ်ကကို ကြည်လင်နေမယ်၊ ကြည်လင်စေနိုင်တဲ့ အကြောင်းအရာတွေကိုလည်း ကြည့်ရှု သုံးသပ် နှလုံးသွင်းတတ်မယ်ဆိုမှ စိတ်ရဲ့ အကြည်ဓာတ်ကို ရနိုင်ပါလိမ့်မယ်။ ဒါကတော့ တစ်ကိုယ်ရည် ဆင်ခြင်မိတဲ့ ယေဘုယျ သရုပ်ခွဲ သုံးသပ်မှုပါ။

    (more…)

  • ရခိုင်ပြည်နယ်ရှိ စစ်ကောင်စီတပ် နယ်စပ်စခန်းများကို AA သိမ်းပိုက်ထား 

    ရခိုင်ပြည်နယ်ရှိ စစ်ကောင်စီတပ် နယ်စပ်စခန်းများကို AA သိမ်းပိုက်ထား 

    RNA_စက်တင်ဘာ(၁၈)၊၂၀၂၂ခုနှစ်။

    ရခိုင်ပြည်နယ်ရှိ ရက္ခိုင့်တပ်တော် – AA ရဲဘော်များက စစ်ကောင်စီတပ်စခန်းများကို ပိတ်ဆို့ထားသည့်အတွက် လေကြောင်းအပါအဝင် လက်နက်ကြီးများဖြင့် နေ့စဉ်တိုက်ခိုက်နေသော်လည်း စစ်ကောင်စီတပ် နယ်စပ် စခန်းများကို AA ရဲဘော်များက ပိတ်ဆို့ထားနိုင်သလို အပြီးတိုင် သိမ်းပိုက်ထားမှုများရှိကြောင်း AA က ယနေ့ ထုတ်ပြန်ထားသည်။

    ပလက်ဝမြို့နယ်၊ နှမဒါရွာ၏ တောင်ဘက်၊ အရှေ့ မြောက်ဘက်နှင့်သူဌေးကုန်းရွာ အနောက်မြောက်ဘက် စသည့်နေရာ (၃) နေရာတို့တွင် မြန်မာစစ်တပ်သည် ရက္ခိုင့်တပ်တော်အား လေကြောင်း၊ လက်နက် ကြီးပစ်ကူများအပါအဝင် မြေပြင်၊ ဝေဟင်ပူးပေါင်း၍ ထိုးစစ်ဆင်တိုက်ခိုက် နေခဲ့သည်မှာ တစ်လနီးပါးကြာမြင့်ခဲ့ပြီဖြစ်ကြောင်း၊ ပလက်ဝဒေသအတွင်းရှိ မြန်မာစစ်တပ်၏ အထိုင်ချတပ်စခန်းအချို့နှင့် ၎င်းတို့၏ လှုပ်ရှားစစ်ကြောင်းအချို့အား ဖြတ်တောက်ပိတ်ဆို့ ဝိုင်းထားသောကြောင့် လမ်းကြောင်းများ ပွင့်နိုင်ရေးအတွက် အထူးကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

    (more…)