အယူအဆ

အစဉ်အလာမှခွဲထွက်ခြင်း

အစဉ်အလာမှခွဲထွက်ခြင်း

အဲ့တော့ အစဉ်အလာ...အစဉ်အလာ...ဒီအစဉ်အလာက ခွဲထွက်ဖို့ ဘယ်လိုလုပ်ကြရမလဲ။ဘယ်လိုစဉ်းစားကြရမလဲ။ဆိုရှယ်မီဒီယာခေတ်မှာ တချို့က လက်လှမ်းမီတဲ့ ကရိယာတန်ဆာပလာလေးတွေ ကိုင်စွဲပြီး အစဉ်အလာကနေ ခွဲထွက်ဖို့ အားထုတ်နေကြတာကို တွေ့ရပါတယ်။ဒါပေသိ ကြိုးပမ်းပုံမမှန်ရင် အစဉ်အလာထောင်ချောက်ထဲက လွတ်ကင်းမယ်မထင်ဘူး။ ဗမာပြည်မှာ အရာရာတိုင်းကို အစဉ်အလာအတိုင်း လုပ်ဆောင်တာကမှ သဘာဝကျတယ်လို့ ယူဆလေ့ရှိကြပါတယ်။အစဉ်အလာကို ဖက်တွယ်ထားမှုက အတော်လေးကြီးမားလှပါတယ်။ မြို့ကြီးပြကြီးက ချမ်းသာတဲ့ ခြံကျယ်ကြီးတွေကနေ ကျေးလက်တောရွာက တောင်ယာတဲလေးတွေအထိ အစဉ်အလာက ပြန်နှံ့သက်ဝင်နေပါတယ်။အခြေခံအုတ်မြစ်ဖြစ်တဲ့ အစဉ်အလာ စီးပွားရေးအဆောက် အအုံပေါ်ကနေ တဆင့်ပြီးတဆင့် အစဉ်အလာ နိုင်ငံရေး၊အစဉ်အလာ ဘာသာရေး၊အစဉ်အလာ ယဉ်ကျေးမှု၊အစဉ်အလာ ဓလေ့ထုံးတမ်းတွေကို တည်ဆောက်ထားကြပါတယ်။ (more…)
Read More