တူမီး

တူမီးကြောင့် သွေးပျက်နေတဲ့ ဖက်ဆစ်စစ်တပ် 

တူမီးကြောင့် သွေးပျက်နေတဲ့ ဖက်ဆစ်စစ်တပ် 

" ခေါင်းအစား ခေါင်း၊ မျက်လုံးအစား မျက်လုံး၊အသက်အစား အသက်ပြန်ယူတက်သည့် ကလဲ့စားသည် တောင်ပိုင်းချင်းလူမျိုးတစ်စု၏ ရိုးရာ ဓလေ့အမှန်ရှိခဲ့သည်ကိုလည်း မ‌မေ့သင့်ပါ။ မတရားမှုကိုရွံရှာမုန်းတီးပြီး အမှန်တရားကို အသက်ပေးမြတ်နိုးတန်ဖိုးထားကာကွယ်ထိန်းသိမ်းသည့်လူမျိုး"    လင်းယုန် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့စစ်တပ်က အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးစစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေပေါ်ပေါက်လာခဲ့သလို ချင်းပြည်နယ်အတွင်းရှိ မြို့နယ်၊ကျေးရွာတွေအထိ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေ အဆက် မပြတ်ပေါ်ပေါက်လာခဲ့ပါသည်။ ချင်းလူမျိုးအားလုံးနီးပါး စစ်အာဏာရှင်ကို ရွံ့ရှာမုန်တီးတဲ့စိတ်က မွေးကတည်းကပါလာပြီးသားဖြစ်သလို မတရားအာဏာလု မင်းအောင်လှိုင်၏ လုပ်ရပ်ကြောင့်လည်းပို၍ ချင်းပြည်သူလူထု သွေးဆူလာစေသည်ဟု သုံးသပ်မိပါသည်။ တူမီးသေနတ်နှင့်ချင်း တူမီးသေနတ်သည် ချင်းလူမျိုးများ၏ ရှေးယခင်ဘိုးဘွားခေတ်ကတည်းက ထိန်းသိမ်းစောင့်ရှောက်လာသည့် ရိုးရာလက်နက်တစ်ခုဖြစ်သလို ချင်းယောက်ျားလေးရှိသည့်အိမ်တိုင်းနီးပါး တူမီး သေနတ်ရှိကြသည်။ လူတစ်ဦးတစ်ယောက်ကိုအသက်အန္တရာယ်ပြုရန်ကိုင်‌ဆောင်ခြင်းမဟုတ်ပါ။…
Read More