Tag: ပလက်ဝ

  • စစ်ကောင်စီတပ်နှင့်AAတို့ ဖြစ်ပွားနေသည့်တိုက်ပွဲ (၅) ရက်မှာ စစ်ကောင်စီဘက်က (၂၄) ဦးသေဆုံး

    စစ်ကောင်စီတပ်နှင့်AAတို့ ဖြစ်ပွားနေသည့်တိုက်ပွဲ (၅) ရက်မှာ စစ်ကောင်စီဘက်က (၂၄) ဦးသေဆုံး

    RNA_နိုဝင်ဘာ (၂)၊၂၀၂၂ ခုနှစ်။
     
    ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကျောက်တော်မြို့နယ်၊ မောင်တောမြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် – AA နှင့် အောက်တိုဘာလ ၂၆ ၊ ၂၇၊ ၂၉၊ ၃၁ ရက်တို့တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်က (၂၄) ဦးသေဆုံးကာ ဒဏ်ရာရရှိသူများပြားခဲ့ကြောင်း သိရသည်။

    (more…)

  • ရခိုင်ပြည်နယ်ရှိ စစ်ကောင်စီတပ် နယ်စပ်စခန်းများကို AA သိမ်းပိုက်ထား 

    ရခိုင်ပြည်နယ်ရှိ စစ်ကောင်စီတပ် နယ်စပ်စခန်းများကို AA သိမ်းပိုက်ထား 

    RNA_စက်တင်ဘာ(၁၈)၊၂၀၂၂ခုနှစ်။

    ရခိုင်ပြည်နယ်ရှိ ရက္ခိုင့်တပ်တော် – AA ရဲဘော်များက စစ်ကောင်စီတပ်စခန်းများကို ပိတ်ဆို့ထားသည့်အတွက် လေကြောင်းအပါအဝင် လက်နက်ကြီးများဖြင့် နေ့စဉ်တိုက်ခိုက်နေသော်လည်း စစ်ကောင်စီတပ် နယ်စပ် စခန်းများကို AA ရဲဘော်များက ပိတ်ဆို့ထားနိုင်သလို အပြီးတိုင် သိမ်းပိုက်ထားမှုများရှိကြောင်း AA က ယနေ့ ထုတ်ပြန်ထားသည်။

    ပလက်ဝမြို့နယ်၊ နှမဒါရွာ၏ တောင်ဘက်၊ အရှေ့ မြောက်ဘက်နှင့်သူဌေးကုန်းရွာ အနောက်မြောက်ဘက် စသည့်နေရာ (၃) နေရာတို့တွင် မြန်မာစစ်တပ်သည် ရက္ခိုင့်တပ်တော်အား လေကြောင်း၊ လက်နက် ကြီးပစ်ကူများအပါအဝင် မြေပြင်၊ ဝေဟင်ပူးပေါင်း၍ ထိုးစစ်ဆင်တိုက်ခိုက် နေခဲ့သည်မှာ တစ်လနီးပါးကြာမြင့်ခဲ့ပြီဖြစ်ကြောင်း၊ ပလက်ဝဒေသအတွင်းရှိ မြန်မာစစ်တပ်၏ အထိုင်ချတပ်စခန်းအချို့နှင့် ၎င်းတို့၏ လှုပ်ရှားစစ်ကြောင်းအချို့အား ဖြတ်တောက်ပိတ်ဆို့ ဝိုင်းထားသောကြောင့် လမ်းကြောင်းများ ပွင့်နိုင်ရေးအတွက် အထူးကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

    (more…)

  • စစ်ကောင်စီတပ်မှ စက်လတ်သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်သည့်အတွက် ကျောင်းသား (၂) ဦးသေဆုံး

    စစ်ကောင်စီတပ်မှ စက်လတ်သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်သည့်အတွက် ကျောင်းသား (၂) ဦးသေဆုံး

    RNA_ဩဂုတ် ၃၊၂၀၂၂ခုနှစ်။

    ရခိုင်ပြည်နယ်၊ ပလက်ဝမြို့နယ်၊ တူးမဝ (တုံးမဝ) ကျေးရွာ မှ ကျောင်းတက်၍ ပြန်လာသော ကျောင်းကြိုပို့စက်လှေအား နှမဒါကျေးရွာစေတီကုန်း၌ စခန်းချတပ်စွဲနေရာယူထားသော စစ်ကောင်စီတပ်က ဩဂုတ်လ ၂ ရက်နေ့ နေ့လည် ၁ နာရီ ၃၅ မိနစ်ဝန်းကျင်က ပစ်ခတ်သည့်အတွက် ကျောင်းသား (၂) ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    (more…)

  • ခလရ (၂၈၉) တပ်ရင်း အလံဖြူထောင်သည့်ကိစ္စ မီဒီယာကို ဖြေကြားသည့် ပြည်သူ (၂) ဦး ဖမ်းဆီးခံရ

    ခလရ (၂၈၉) တပ်ရင်း အလံဖြူထောင်သည့်ကိစ္စ မီဒီယာကို ဖြေကြားသည့် ပြည်သူ (၂) ဦး ဖမ်းဆီးခံရ

    RNA_ဒီဇင်ဘာ ၂၉ ရက်၊ ၂၀၂၁ ခုနှစ်။

    ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ခလရ၂၈၉ တပ်ရင်း၊တပ်နယ်အတွင်းမှာ အလံဖြူထောင်ထားတာ မြင်တွေ့ရသည်ဟု ရခိုင်အခြေစိုက်၊သတင်းဌာနတစ်ခုသို့ ဒီဇင်ဘာလ ၂၈ ရက်နေ့က ဖြေကြားခဲ့သည့် ကျန်းမာရေးဝန်ထမ်း ကိုတင်ထွန်းအောင်နှင့် ပညာရေးဝန်ထမ်း ကိုတင်ဦးတို့ ဖမ်းဆီးခံရကြောင်း သိရသည်။

    နေပြည်တော်၊ကုတင် ၃၀၀ ဆေးရုံးမှာ ဓာတ်မှန်ကျွမ်း ကျင်အနေဖြင့် တာဝန်ထမ်းဆောင်နေစဉ် မိခင်ကျန်းမာရေးကြောင့် ပြန်ရောက်လာသည့် ကိုတင်ထွန်းအောင်ကို ဒီဇင်ဘာလ ၂၈ ရက်နေ့ ည (၇) နာရီဝန်းကျင်က ၂၈၉ တပ်ရင်းမှ စစ်သားများကဖမ်းဆီးသွားကြောင်း၊ ဝိသုဒါရုံစစ်ဘေးရှောင်စခန်းမှာတာဝန်ခံလုပ်နေသည့် မီးလက်ဝကျေးရွာ စာသင်ကျောင်း အထွေထွေလုပ်သားတစ်ဦးဖြစ်သည့် ကိုတင်ဦးကို ဝိသုဒါရုံစစ်ရှောင်စခန်းဝင်ပြီး ရဲတွေ ဖမ်းသွားကြောင်း ဒေသခံ သတင်းရင်းမြစ်ထံမှ သိရသည်။

    ရခိုင်ပြည်နယ် အခြေစိုက် Western News သတင်းဌာနမှာ ဒီဇင်ဘာလ ၂၈ ရက်နေ့က တင်ပြထားရာတွင် ကိုတင်ထွန်းအောင်က ” ပထမသူတို့ထောင်ထားတဲ့နေရာက ဒီဖက်ကအမြင်ရှင်းတယ်။ နောက်တစ်ရက်နှစ်ရက်ကျတော့ နောက်ဆုတ်ပြီး ပြန်ထောင်ထားတယ်။ ကျနော် အဲ့ဒီအလံဖြူကို စတွေ့တာကတော့ ဒီဇင်ဘာ ၂၃ ရက်နေ့ကစတွေ့တာ။ အခုလည်း ရှိနေတုန်းပဲ။ အဲ့ဒီအလံထောင်ထားတဲ့ နယ်က အန်ခိုဝက် ဘက်နဲ့နီးတယ်။ ပြီးတော့ ဆီးဖလောင်းရွာဘက်တွေနဲ့ နီးတယ်။ အလံဖြူထောင်ထားတာကတော့ အဲ့မှာရှိတဲ့ ၂၈၉ တပ်ရင်းနယ်နိမိတ်ကျတယ်” ဟုပြောကြားထားပြီး၊ အလံဖြူထောင်ထားကြောင်း ဦးတင်ဦးကလည်း “ အဲ့ဒီတပ်ရင်းရှိတဲ့နေရာမှာ အလံဖြူထောင်ထားတာတွေ့ပါတယ်။ ဘယ်အချိန်လောက်ကစထောင်ထားလဲဆိုတာ တော့ကျနော်လည်းသေချာသတိမထားမိလိုက်ဘူး။ ခုချိန်ထိတော့ ထောင်ထားတုန်းပဲ။” ဟုပြောကြားထားသည်ကို တွေ့ရသည်။

    ပလက်ဝမြို့သည် ရခိုင်ပြည်နယ်အစပ် ချင်းပြည်နယ်အတွင်း ပါဝင်နေပြီး ရက္ခိုင့်တပ်တော် (AA)နှင့် မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်တို့ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီး ယခုအထိ စစ်ဘေးရှောင်စခန်းတွေ ရှိနေသေးကြောင်း သိရသည်။

    Photo : ပလက်ဝမြို့ မြင်ကွင်း – Wikipedia

    Red News Agency