မြန်မာ

အယုဒ္ဓယခရိုင် အမြန်လမ်းတစ်နေရာ၌ အထောက်အထားမဲ့ မြန်မာ (၂) ဦး ဖမ်းဆီးခံရ

အယုဒ္ဓယခရိုင် အမြန်လမ်းတစ်နေရာ၌ အထောက်အထားမဲ့ မြန်မာ (၂) ဦး ဖမ်းဆီးခံရ

RNA_နိုဝင်ဘာ(၁၆)၊၂၀၂၆ခုနှစ်။ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့မှ အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား (၂) ဦးကို တင်ဆောင်လာသည့်ကားကို အယုဒ္ဓခရိုင် ဘန်ပါဟန်မြို့ ခါရိုင်ရပ်ကွက် အဝေးပြေးလမ်းမတစ်နေရာ၌ ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာန Khaosod က ဖော်ပြထားသည်။ နိုဝင်ဘာ (၁၅) ရက်က Toyota Hilux Revo ကားတစ်စီးကို အမြန်လမ်းရဲတပ်ဖွဲ့က တားဆီးစစ်ဆေးချိန် အထောက်အထားမဲ့ မြန်မာ (၂) ဦးကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီး မော်တော်ယာဉ်ကို မောင်းနှင်လာသူသည် မြန်မာနိုင်ငံသား (၁) ဦးဖြစ်ကြောင်း သိရသည်။ အယုဒ္ဓယခရိုင် အမြန်လမ်းရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းချိန် အထောက်အထားမဲ့ မြန်မာ (၂) ဦးကို တစ်ဦးလျှင် ဘတ် (၂၀၀၀) နှုန်းဖြင့်…
Read More
အသက်အန္တရာယ်ခြိမ်းခြောက်ခံရသည့် မြန်မာဒုက္ခသည်များကိုသာ လက်ခံမည်ဟု ထိုင်းဝန်ကြီးချုပ် ပြော

အသက်အန္တရာယ်ခြိမ်းခြောက်ခံရသည့် မြန်မာဒုက္ခသည်များကိုသာ လက်ခံမည်ဟု ထိုင်းဝန်ကြီးချုပ် ပြော

RNA_နိုဝင်ဘာ(၉)၊၂၀၂၆ခုနှစ်။ မြန်မာနိုင်ငံတွင်း တိုက်ပွဲများကြောင့် ထိုင်းဘက်ခြမ်း ဝင်ရောက်လာသူများကို လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်သွားမည်ဟု ထိုင်းဝန်ကြီးချုပ် အနုထင်ချန်ဗီရာကူက ယနေ့ (နိုဝင်ဘာ ၉ ရက်) နေ့လည်ပိုင်းတွင် ကျင်းပခဲ့သည့် ထိုင်းအစိုးရအဖွဲ့ အစည်းအဝေး၌ ပြောကြားခဲ့သည်။ သို့သော် ထိုင်းနိုင်ငံတွင်း ဝင်ရောက်လာမည့် နေရပ်စွန့်ခွာလာသူအားလုံးကို လက်ခံမည်မဟုတ်ဘဲ ၎င်းတို့၏ အသက်အန္တရာယ် ခြိမ်းခြောက်ခံရပြီး လုံခြုံမှုမရှိသူများကို လက်ခံပေးသွားမည်ဟု ထိုင်းဝန်ကြီးချုပ်က ပြောသည်။ (more…)
Read More
မြန်မာဘက်မှ တိုက်ပွဲများကြောင့် နယ်စပ်လုံခြုံရေးအတွက် ထိုင်းလေတပ်က F-16s တိုက်ခိုက်ရေးလေယာဉ် စေလွှတ်

မြန်မာဘက်မှ တိုက်ပွဲများကြောင့် နယ်စပ်လုံခြုံရေးအတွက် ထိုင်းလေတပ်က F-16s တိုက်ခိုက်ရေးလေယာဉ် စေလွှတ်

RNA_နိုဝင်ဘာ(၉)၊၂၀၂၆ခုနှစ်။ ကရင်ပြည်နယ် မြဝတီမြို့နယ်အနီး တိုက်ပွဲများကြောင့် ထိုင်းနယ်စပ်လုံခြုံရေးအတွက် ထိုင်းတော်ဝင်လေတပ် (RTAF) က F-16 MLU တိုက်ခိုက်ရေးလေယာဉ် အရေးပေါ်စေလွှတ်ခဲ့ကြောင်း ထိုင်းသတင်းဌာနများ၌ ဖော်ပြထားသည်။ နိုဝင်ဘာ (၈) ရက် နေ့လည် (၃) နာရီဝန်းကျင်က ထိုင်းနယ်စပ် တာ့ခ်ခရိုင် ဖုတ်ဖရမြို့နယ်အနီးကို သံသယဖြစ်ဖွယ် လေယာဉ်တစ်စင်း ချဉ်းကပ်လာမှုကြောင့် RTAF က အရေးပေါ် သတိပေးချက်တုံ့ပြန်ရေး (QRA) ဖြင့် F-16s တိုက်လေယာဉ်ကို စေလွှတ်ခဲ့ကြောင်း သိရသည်။ (more…)
Read More
ချင်းမိုင်ဘူတာရုံ၌ အထောက်အထားမဲ့ မြန်မာများအပါအဝင် (၃၅) ဦး ဖမ်းဆီးခံရ

ချင်းမိုင်ဘူတာရုံ၌ အထောက်အထားမဲ့ မြန်မာများအပါအဝင် (၃၅) ဦး ဖမ်းဆီးခံရ

RNA_အောက်တိုဘာ(၂၀)၊၂၀၂၆ခုနှစ်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ဘူတာရုံ၌ အထောက်အထားမဲ့ တရုတ်နှင့် မြန်မာနိုင်ငံသား (၂၉) ဦးကို ထိုင်းနိုင်ငံသား (၄) ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာန ချင်းမိုင်ပို့စ်က ဖော်ပြထားသည်။ အောက်တိုဘာ (၁၉) ရက် နံနက် (၆) နာရီဝန်းကျင်က ချင်းမိုင်မြို့ Wat Ket ရပ်ကွက်ရှိ တူဘာရုံအတွင်း ထိုင်းအာဏာပိုင်များက ဝင်ရောက်စစ်ဆေးမှုများ လုပ်ဆောင်ချိန် နိုင်ငံတွင်း အထောက်အထားမဲ့ နေထိုင်သူများနှင့် ဗီဇာသက်တမ်းကျော်လွန်နေထိုင်သူများကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။ ထိုင်းအာဏာပိုင် ဖမ်းဆီးရမိခဲ့သူများထဲတွင် မြန်မာ (၂၇) ဦးပါဝင်ခဲ့ပြီး ၎င်းတို့ထဲတွင် နိုင်ငံတွင်း အထောက်အထားမဲ့ ဝင်ရောက်လာသူများနှင့် ဗီဇာသက်တမ်းကျော်လွန်နေသူများ ပါဝင်ကြောင်း သိရသည်။ ထို့ပြင် အထောက်အထားမဲ့…
Read More
လူကုန်ကူးခံရပြီး ဖိအားပေးခိုင်းစေခံရသည့် မြန်မာကလေးငယ် (၇) ဦးကို ထိုင်းရဲတပ်ဖွဲ့ ကယ်ဆယ်

လူကုန်ကူးခံရပြီး ဖိအားပေးခိုင်းစေခံရသည့် မြန်မာကလေးငယ် (၇) ဦးကို ထိုင်းရဲတပ်ဖွဲ့ ကယ်ဆယ်

RNA_အောက်တိုဘာ(၁၃)၊၂၀၂၆ခုနှစ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ သံသယရှိသည့် နေအိမ်တစ်လုံးကို ထိုင်းအာဏာပိုင်များက ဝင်ရောက်စီးနင်းခဲ့ပြီးနောက် လူကုန်ကူးခံရသည့် မြန်မာကလေးငယ် (၇) ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ထိုင်းသတင်းဌာန The Nation က ဖော်ပြထားသည်။ အရွယ်မရောက်သေးသည့် မြန်မာကလေးငယ်များအား လူကုန်ကူးခဲ့သည့် သံသယရှိသူ (၄) ဦးကိုလည်း ခရိုင်စီမံခန့်ခွဲရေးဌာန (DOPA) နှင့် အထူးရဲတပ်ဖွဲ့များက ဖမ်းဆီးထားပြီး မြန်မာကလေးငယ်များကို တရားမဝင်လမ်းကြောင်းမှတဆင့် ဘန်ကောက်သို့ ခေါ်ဆောင်လာခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ ဘန်ကောက်နှင့် အနီးဝန်းကျင်မြို့များရှိ ကမ္ဘာလှည့်ခရီးသည် အများအပြားရှိရာနေရာများသို့ မြန်မာကလေးငယ်များကို အတင်းအဓမ္မစေလွှတ်ပြီး ပန်းရောင်းခိုင်းခြင်း၊ အစားအစာနှင့် သောက်သုံးရေများ ရောင်းခိုင်ခြင်းတို့ကို ညနေအစောပိုင်းမှစတင်ကာ နံနက် (၄) နာရီအထိ ဖိအားပေး ခိုင်းစေမှုများရှိခဲ့ကြောင်း…
Read More
မြန်မာ့အရေး၌ သက်ဆိုင်သူများနှင့် ထိတွေ့ခြင်းဖြင့်သာ ပြဿနာများကို ဖြေရှင်းနိုင်မည်ဟု အမေရိကန် ပြော

မြန်မာ့အရေး၌ သက်ဆိုင်သူများနှင့် ထိတွေ့ခြင်းဖြင့်သာ ပြဿနာများကို ဖြေရှင်းနိုင်မည်ဟု အမေရိကန် ပြော

RNA_အောက်တိုဘာ(၉)၊၂၀၂၆ခုနှစ်။ မြန်မာ့ပဋိပက္ခအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရာ၌ သက်ဆိုင်သူအားလုံးနှင့် ထိတွေ့ဆက်ဆံခြင်းဖြင့်သာ ပြဿနာများကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း၊ ယင်းသို့မဟုတ်ပါက ဖြေရှင်းရန် ခက်ခဲနေဦးမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Tommy Pigott ၏ ပြောကြားမှုကို ရိုက်တာသတင်းဌာနက အောက်တိုဘာ (၈) ရက်တွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင်းရှိ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ အကြမ်းဖက်မှုများ ရပ်တန့်ရေးကိစ္စများအပါအဝင် အမေရိကန်နိုင်ငံသားများ၏ အကျိုးစီးပွားကို ထိခိုက်စေသည့် အွန်လိုင်ငွေးကြေးလိမ်လည်မှု (ကျားဖြန့်)လုပ်ငန်းများနှင့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများကို ဖြေရှင်းရာ၌ သက်ဆိုင်သူအားလုံးနှင့် ထိတွေ့ဆက်ဆံရန် လိုအပ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားထားသည်။ အမေရိကန်နိုင်ံခြားရေးဝန်ကြီးဌာနမှ ထောက်လှမ်းရေးနှင့် သုတေသနဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ဗန့် (Michael Vance) အပါအဝင် ထိပ်တန်းတာဝန်ရှိသူအချို့ မြန်မာစစ်အုပ်စုနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံမှုများရှိနေကြောင်း…
Read More
မင်းအောင်လှိုင်နှင့် ထိတွေ့ဆက်ဆံခြင်းသည် ၎င်းအား အသိအမှတ်ပြုထောက်ခံခြင်းမဟုတ်ဟု မလေးရှားအစိုးရ ပြော

မင်းအောင်လှိုင်နှင့် ထိတွေ့ဆက်ဆံခြင်းသည် ၎င်းအား အသိအမှတ်ပြုထောက်ခံခြင်းမဟုတ်ဟု မလေးရှားအစိုးရ ပြော

RNA_အောက်တိုဘာ(၈)၊၂၀၂၆ခုနှစ်။ မြန်မာစစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်နှင့် ထိတွေ့ဆက်ဆံခြင်းသည် ၎င်းအား အသိအမှတ်ပြုခြင်းဟု မယူဆသင့်ကြောင်းနှင့် ၎င်း၏ အကြမ်းဖက်လုပ်ရပ်များအား ထောက်ခံခြင်းမဟုတ်ကြောင်း မလေးရှားအစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာန၏ နိုင်ငံရေးအတွင်းရေးမှူး မူဟာမက်ကာမေးလ်အဗ္ဗဒူမူနင်က ပြောကြားခဲ့ကြောင်း မလေးရှားသတင်းဌာန Bernamma က ဖော်ပြထားသည်။ မလေးရှားအစိုးရအနေဖြင့် ဆယ်စုနှစ်တစ်ခုကာလအတွင်း မြန်မာထိပ်တန်း တာဝန်ရှိသူတစ်ဦးကို မလေးရှားသို့ ဖိတ်ခေါ်ခဲ့ခြင်းသည် ပြဿနာရပ်များကို ဖြေရှင်းရန် သံတမန်နည်းလမ်းအရ ထိတွေ့ဆက်ဆံခြင်းနှင့် ဆွေးနွေးခြင်းသာဖြစ်ကြောင်း ၎င်းက ပြောသည်။ “မြန်မာ(စစ်အုပ်စု)ထိပ်ပိုင်းတာဝန်ရှိသူနဲ့ တွေ့ဆုံတာဟာ သူတို့ကို အသိအမှတ်ပြုတာလို့ မယူသင့်ပါဘူး။ မြန်မာပြည်သူတွေကို အကြမ်းဖက်မှုတွေ ကျူးလွန်နေတာကို လျစ်လျူရှုလို့ မရပါဘူး”ဟု ကာမေးလ်မူနင်က ၎င်း၏ လူမှုကွန်ရက် Facebook ၌ ရေးသားဖော်ပြထားသည်။ စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်အား…
Read More
မလေးရှားဝန်ကြီးချုပ် ကျောထောက်နောက်ခံပြု FJ Global အပါအဝင် မလေးရှားကုမ္ပဏီများက မြန်မာစစ်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်မှုများရှိနေ

မလေးရှားဝန်ကြီးချုပ် ကျောထောက်နောက်ခံပြု FJ Global အပါအဝင် မလေးရှားကုမ္ပဏီများက မြန်မာစစ်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်မှုများရှိနေ

RNA_အောက်တိုဘာ(၇)၊၂၀၂၆ခုနှစ်။ မလေးရှားဝန်ကြီးချုပ်ရုံး ကျောထောက်နောက်ခံပြု FJ Global ကုမ္ပဏီအပါအဝင် မလေးရှားကုမ္ပဏီ (၃) က မြန်မာစစ်အုပ်စု တိုက်ခိုက်ရေးလေယာဉ်များအတွက် အပိုပစ္စည်းများနှင့် ပြုပြင်ထိန်းသိမ်းရေးများကို လုပ်ဆောင်ပေးနေကြောင်း Justice For Myanmar ၏ ယနေ့ (အောက်တိုဘာ ၇ ရက်) ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။ မလေးရှားဝန်ကြီးချုပ်ရုံးလက်အောက်ရှိ အစိုးရကျောထောက်နောက်ခံပြု Perbadanan Usahawan Nasion Berhad (PUNB) က ဘဏ္ဍာရေးထောက်ပံ့ပေးနေသည့် FJ Global သည် မြန်မာစစ်အုပ်စုအတွက် K-8W တိုက်ခိုက်ရေးလေယာဉ်များ၊ Orlan-10E ဒရုန်းများ၊ Kamov Ka-28၊ Mi-17 နှင့် Mi-2 ရဟတ်ယာဉ်များအတွက် အပိုပစ္စည်းများနှင့် လက်နက်အစိတ်အပိုင်းများကို…
Read More
အာဆီယံဘုံသဘောတူညီချက်လိုက်နာရေး မင်းအောင်လှိုင်နှင့် ဆွေးနွေးနိုင်မည်ဟု မလေးရှားဝန်ကြီးချုပ် မျှော်လင့်နေ

အာဆီယံဘုံသဘောတူညီချက်လိုက်နာရေး မင်းအောင်လှိုင်နှင့် ဆွေးနွေးနိုင်မည်ဟု မလေးရှားဝန်ကြီးချုပ် မျှော်လင့်နေ

RNA_အောက်တိုဘာ(၆)၊၂၀၂၆ခုနှစ်။ မလေးရှားနိုင်ငံသို့ (၂) ရက်ကြာ ခရီးစဉ်လာရောက်မည့် စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံချိန် အာဆီယံဘုံသဘောတူညီချက် (၅) ရပ်ကို အကောင်အထည်ဖော်နိုင်ရေးအတွက် ပြောဆိုဆွေးနွေးရန်ရှိကြောင်း မလေးရှားအစိုးရ ယနေ့ (အောက်တိုဘာ ၆ ရက်) ထုတ်ပြန်ထားသည်။ မလေးရှားထိန်းသိမ်းရေးစခန်းများ၌ ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသားများအရေး ဆွေးနွေးရန်အတွက် စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ကို မလေးရှားဝန်ကြီးချုပ်က ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာ (၇) ရက်နှင့် (၈) ရက်နေ့တွင် စစ်ခေါင်းဆောင်နှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းခရီးစဉ်၌ အာဆီယံဘုံသဘောတူညီချက် (၅) ရပ်ကို အကောင်အထည်ဖော်ရေးအတွက် မလေးရှားဝန်ကြီးချုပ်က မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးရန်အပြင် ငြိမ်းချမ်းရေးမြှင့်တင်ရန်၊ တွေ့ဆုံညှိနှိုင်းဆွေးနွေးရန်နှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများကို ပေးပို့နိုင်ရေးတို့ကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ စစ်အုပ်စုအနေဖြင့်…
Read More
ယခုနှစ်အတွင်း မြန်မာနိုင်ငံသား (၁၀၀၀၀) ကျော်ကို နေရပ်ပြန်ပို့ခဲ့ကြောင်း မလေးရှားဝန်ကြီးချုပ် ပြော

ယခုနှစ်အတွင်း မြန်မာနိုင်ငံသား (၁၀၀၀၀) ကျော်ကို နေရပ်ပြန်ပို့ခဲ့ကြောင်း မလေးရှားဝန်ကြီးချုပ် ပြော

RNA_အောက်တိုဘာ(၆)၊၂၀၂၆ခုနှစ်။ မလေးရှားနိုင်ငံတွင်းရှိ ထိန်းသိမ်းရေးစခန်းများ၌ ဖမ်းဆီးထိန်းသိမ်းခံထားရသူများအား ၎င်းတို့၏ မိခင်နိုင်ငံသို့ ပြန်ပို့မှုများသည် ပုံမှန်လုပ်ငန်းစဉ်တစ်ခုသာဖြစ်ပြီး ယခုနှစ်အတွင်း မြန်မာနိုင်ငံ (၁၀၀၀၀) ကျော်ကို နေရပ်ပြန်ပို့ခဲ့ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင်း စစ်ရေးပဋိပက္ခနှင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ ဆိုးဆိုးရွားရွားဖြစ်ပေါ်နေချိန် မြန်မာနိုင်ငံသားများအား နေရပ်ပြန်ပို့မှုအပေါ် ကုလသမဂ္ဂနှင့် လူ့အခွင့်အရေးအဖွဲ့များက ဝေဖန်မှုများရှိနေချိန် မလေးရှားဝန်ကြီးချုပ်က ယခုကဲ့သို့ တုံ့ပြန်ပြောကြားခဲ့ခြင်းဖြစ်သည်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးမှ ပြုစုထားသည့် အချက်အလက်များအရ မလေးရှားနိုင်ငံတွင်း၌ မြန်မာနိုင်ငံသား ဒုက္ခသည်ပေါင်း (၁၉၃၀၀၀) ရှိနေကြောင်း၊ ၎င်းတို့အား ကာလရှည် ထိန်းသိမ်းထားရမှုသည် လုံခြုံရေးအကျပ်အတည်းနှင့် ဘဏ္ဍာရေးဆိုင်ရာ အကျပ်အတည်းများရှိနေကြောင်း ၎င်းက ဆက်ပြောသည်။ ယနေ့ (အောက်တိုဘာ ၆ ရက်) ၌…
Read More