Tag: ချစ်ဝင်းမောင်
-

မကွေးတိုင်းက စစ်ရေးနိုင်ငံရေးအခြေအနေ ဘာတွေဖြစ်ပြီး ဘာတွေထူးနေပြီလဲ
RNA_ဒီဇင်ဘာ(၈)၊၂၀၂၃ခုနှစ်။မကွေးတိုင်းအတွင်းမှာ စစ်ကောင်စီ၏ စစ်ရေးပြင်ဆင်မှုများနှင့် ဖက်ဒရယ်ကိစ္စအပါအဝင် စစ်ရေး နိုင်ငံရေး ထူးခြားလာသည့် အပြောင်းအလဲများနှင့် ပတ်သက်ပြီး မကွေးသား တော်လှန်ရေးသမား ကိုချစ်ဝင်းမောင်က ရှင်းပြထားသည်။[embedyt] https://www.youtube.com/watch?v=uDsQwzbU_zw[/embedyt]#RedNewsAgency -

“တော်လှန်ရေးမှာလည်း အကြည်ဓာတ် လိုတယ်”
“ ပျော်စရာရှိရင်လည်း ပျော်ပါ… ပျော်ရင်းနဲ့ပဲ သတိလေးထားပြီး… အပျော်မလွန်ပဲ တော်လှန်ရေး ဆက်လုပ်ပါ။ ဝမ်းနည်းစရာ ရှိရင်လည်း ငိုပါ…ငိုရင်းနဲ့ပဲ သတိလေးထားပြီး… တော်လှန်ရေးရဲ့ ပန်းတိုင်ကိုဆက်လျှောက်ပါ”
ချစ်ဝင်းမောင်
အကြည်ဓာတ်လေး…ဆိုတဲ့ စကားကို လူအတော်များများက ပြောဆို သုံးစွဲလာတာ သတိထားမိပါတယ်။ လူတစ်ယောက်ရဲ့ အကြည်ဓာတ်ဆိုတာက ဘယ်နေရာမှာ ဖြစ်နိုင်ပါသလဲ။ နှစ်ပိုင်းရှိမယ်တော့ ထင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ အကြည်ဓာတ်နဲ့ စိတ်ပိုင်းဆိုင်ရာ အကြည်ဓာတ်လို့ သရုပ်ခွဲလို့ ရနိုင်ပါတယ်။
ရုပ်ကို ကြည်အောင် ခေတ်မီ အလှပြင်ပစ္စည်းတွေ၊ နည်းပညာတွေနဲ့ ပြင်ဆင်လို့ ရနိုင်ပါတယ်။ စိတ်ကို ကြည်အောင်တော့ဖြင့် ပြင်ပ အကူအညီ တစ်ခုတည်းနဲ့တင် ပြင်ဆင်လို့မရနိုင်ပါဘူး။ နဂို ပကတိစိတ်ကကို ကြည်လင်နေမယ်၊ ကြည်လင်စေနိုင်တဲ့ အကြောင်းအရာတွေကိုလည်း ကြည့်ရှု သုံးသပ် နှလုံးသွင်းတတ်မယ်ဆိုမှ စိတ်ရဲ့ အကြည်ဓာတ်ကို ရနိုင်ပါလိမ့်မယ်။ ဒါကတော့ တစ်ကိုယ်ရည် ဆင်ခြင်မိတဲ့ ယေဘုယျ သရုပ်ခွဲ သုံးသပ်မှုပါ။
