MRDA

စစ်ကောင်စီတပ် ရိက္ခာနှင့်လက်နက်များတင်ဆောင်လာသည့် ရေယာဉ်အုပ်စု ပစ်ခတ်ခံရ

စစ်ကောင်စီတပ် ရိက္ခာနှင့်လက်နက်များတင်ဆောင်လာသည့် ရေယာဉ်အုပ်စု ပစ်ခတ်ခံရ

RNA_စက်တင်ဘာ(၃)၊၂၀၂၃ ခုနှစ်။ ဆင်ဖြူရှင်တံတားမှ ချင်းတွင်းမြစ်ကြောင်းအတိုင် းဆန်တက်လာသော စစ်ကောင်စီတပ်၏ ရိက္ခာနှင့်လက်နက်ပစ္စည်းများသယ်ဆောင်လာသည့် မော်တော်( ၈) စီးနှင့် သ‌င်္ဘော( ၃) စီးပါဝင်သည့် ရေယာဉ်အုပ်စုကို စစ်ကိုင်းတိုင်း၊ မုံရွာနှင့် ဆားလင်းကြီးအကြားတွင် MRDA နှင့်ပူးပေါင်းအဖွဲ့က ပစ်ခတ်ခဲ့ကြောင်း သိရသည်။ စစ်ကောင်စီတပ် ရေယာဉ်အုပ်စုကို MRDA စေတန်တပ်ခွဲမှဦးဆောင်ပြီး ဒေသတွင်းမဟာမိတ်အဖွဲ့များဖြစ်သော မုံရွာခရိုင်၊ တပ်ရင်း( ၁၁) တပ်ခွဲ( ၃)၊ Royal Alliance အဖွဲ့များမှ ဩဂုတ်လ ၂ ရက်နေ့ နေလယ် ၃ နာရီဝန်းကျင်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ (၁)နာရီခန့်ဖြစ်ပွားခဲ့ကြောင်း MRDA ‌စေတန် တပ်ခွဲမှူးထံမှ သိရသည်။ (more…)
Read More
တိုက်ပွဲအတွင်း မြန်မာ့တော်ဝင်နဂါးတပ်တော်မှ ရဲဘော် (၆) ဦးကျဆုံး

တိုက်ပွဲအတွင်း မြန်မာ့တော်ဝင်နဂါးတပ်တော်မှ ရဲဘော် (၆) ဦးကျဆုံး

RNA_ဖေဖော်ဝါရီ(၃)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်း ယခုရက်ပိုင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာခဲ့ရာ ဗိုလ်နဂါးဦးဆောင်သည့် မြန်မာ့တော်ဝင်နဂါးတပ်တော်- MRDA နှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ MRDA ရဲဘော် (၆) ဦးကျဆုံးခဲ့ရကြောင်း သိရသည်။ "တိုက်ပွဲတလျှောက်ကျေးရွာတွေအတွက် အပင်ပန်းခံကာကွယ်ပေးခဲ့ကြတဲ့ညီငယ်တွေ၊ ပြည်သူ့ဘဝလွတ်မြောက် ရေးအတွက် ရဲ့ဝံ့စွန့်စားပြီး အသက်နဲ့ဘဝကိုပေးရဲခဲ့ကြတဲ့ MRDA ကအားထားရတဲ့ညီငယ်ရဲဘော်တွေရဲ့အသက်မဲ့ ခန္ဓာကိုယ်တွေကို သင်္ဂြိုလ်ဖို့စီစဉ်နေချိန် တလောကလုံးမှာ ကိုယ်တယောက်ပဲကျန်နေတော့သလို တိတ်ဆိတ်ခြောက်ကပ်နေတဲ့ခံစားမှုကို ဆိုးဆိုးရွားရွားရင်ဆိုင်ခဲ့ရတယ်" ဟု ဗိုလ်နဂါးက ပြောကြားထားသည်။ (more…)
Read More
ခုခံစစ်အားကောင်းသည့် ပုလဲနယ်ကို စစ်ကောင်စီတပ် စစ်ကြောင်းပြန်ထိုး

ခုခံစစ်အားကောင်းသည့် ပုလဲနယ်ကို စစ်ကောင်စီတပ် စစ်ကြောင်းပြန်ထိုး

RNA_ဇန်နဝါရီ(၃၀)၊၂၀၂၃ ခုနှစ်။ နွေဦးတော်လှန်ရေးတွင် ခုခံစစ်အားကောင်းသည့် စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်တွင် ယခုရက်ပိုင်း စစ်ကောင်စီတပ် အင်အား (၁၀၀) ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးနေသည့်အတွက် ဒေသခံများ စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။ " အခု ယင်းမာပင်နဲ့ ပုလဲအစပ်ကို စခတွေ စစ်ကြောင်းပြန်ဆင်းနေကြတယ်၊ အခု ရွာ (၈) ရွာလောက်က ပြည်သူတွေ ဒီနေ့ပဲ စစ်ဘေးရှောင်နေကြရတယ်" ဟု ဒေသခံတဦးက ပြောသည်။ (more…)
Read More
“လွတ်လပ်ရေးကို တောင်းမယူ တိုက်ယူပြမည့် ငါတို့အညာ” 

“လွတ်လပ်ရေးကို တောင်းမယူ တိုက်ယူပြမည့် ငါတို့အညာ” 

RNA_ဒီဇင်ဘာ(၆)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များဖြစ်သည့် People Revolution Army -PRA ၊ မြန်မာ့တော်ဝင် နဂါးတပ်တော် - MRDA နှင့် အညာပစ်တိုင်း ထောင်လေးများ အဖွဲ့တို့ ပူးပေါင်းပြီး "လွတ်လပ်ရေးကို တောင်းမယူ တိုက်ယူပြမည့် ငါတို့အညာ" စာတန်းများကိုင်ဆောင်ပြီး ပြည်သူများနှင့်အတူ ဇန်နဝါရီလ (၄) ရက်နေ့က ပုလဲမြို့နယ်အတွင်း ဆန္ဒပြခဲ့ကြသည်။ #RedNewsAgency
Read More