Tag: ၇၅ နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့

  • “လွတ်လပ်ရေးကို တောင်းမယူ တိုက်ယူပြမည့် ငါတို့အညာ” 

    “လွတ်လပ်ရေးကို တောင်းမယူ တိုက်ယူပြမည့် ငါတို့အညာ” 

    RNA_ဒီဇင်ဘာ(၆)၊၂၀၂၃ ခုနှစ်။

    စစ်ကိုင်းတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များဖြစ်သည့် People Revolution Army -PRA ၊ မြန်မာ့တော်ဝင် နဂါးတပ်တော် – MRDA နှင့် အညာပစ်တိုင်း ထောင်လေးများ အဖွဲ့တို့ ပူးပေါင်းပြီး “လွတ်လပ်ရေးကို တောင်းမယူ တိုက်ယူပြမည့် ငါတို့အညာ” စာတန်းများကိုင်ဆောင်ပြီး ပြည်သူများနှင့်အတူ ဇန်နဝါရီလ (၄) ရက်နေ့က ပုလဲမြို့နယ်အတွင်း ဆန္ဒပြခဲ့ကြသည်။

    #RedNewsAgency

  • အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီလက်ထက် စိန်ရတူ လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲပြုလုပ်မှု နည်းပါး

    အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီလက်ထက် စိန်ရတူ လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲပြုလုပ်မှု နည်းပါး

    RNA_ဇန်နဝါရီ (၄)၊၂၀၂၃ ခုနှစ်။
     
    ရွေးကောက်ခံအစိုးရထံမှ အကြမ်းဖက်အာဏာသိမ်းခဲ့သည့် မင်းအောင်လှိုင်ဦးဆောင်သည့် စစ်ကောင်စီလက်ထက် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့တွင် ရန်ကုန်မြို့၌ ပျော်ပွဲရွှင်ပွဲပြုလုပ်မှု မရှိသလောက်နည်းပါးကြောင်း စုံစမ်းသိရှိရသည်။
     
    ယခင်နှစ်များက လွတ်လပ်ရေးနေ့တွင် ဘောလုံးကန်ခြင်း၊ ခေါင်းအုံးရိုက်ပွဲကျင်းပခြင်း၊ ချောတိုင်တက်ပွဲကျင်းပခြင်း စသည့် အားကစားမျိုးစုံ ပျော်ပွဲရွှင်ပွဲများကို မြို့နယ် ရပ်ကွက် လမ်းများထဲတွင် ပြုလုပ်ခဲ့ကြသော်လည်း ယနေ့ ကျရောက်သည့် လွတ်လပ်ရေးနေ့ ရန်ကုန်မြို့တွင် လူသွားလူလာနည်းပါးပြီး တိတ်ဆိတ်နေသည်ကို မြင်တွေ့ရသည်။

    (more…)

  • လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြင့် အကျဉ်းသား အကျဉ်းသူ ၇၀၁၂ ဦး လွှတ်ပေးဟု စစ်ကောင်စီကြေညာ

    လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြင့် အကျဉ်းသား အကျဉ်းသူ ၇၀၁၂ ဦး လွှတ်ပေးဟု စစ်ကောင်စီကြေညာ

    RNA_ဇန်နဝါရီ (၄)၊၂၀၂၃ ခုနှစ်။
     
    ယနေ့ကျရောက်သည့် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးမှ ပြစ်ဒဏ်ကျခံနေရသူ အကျဉ်းသား အကျဉ်းသူ ၇၀၁၂ ဦးကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ ၁ အရ လွတ်ပေးကြောင်း စစ်ကောင်စီအတွင်းရေးမှူး အောင်လင်းဒွေးကလက်မှတ်ဖြင့် ထုတ်ပြန်ကြေညာထားသည်။

    (more…)

  • လွတ်လပ်ရေးနေ့တွင် ဖောက်ခွဲရေးလုပ်မည့် နေပြည်တော် တပ်ကုန်းPDF (၃)ဦး ဖမ်းဆီးရမိဟု စစ်ကောင်စီထုတ်ပြန်

    လွတ်လပ်ရေးနေ့တွင် ဖောက်ခွဲရေးလုပ်မည့် နေပြည်တော် တပ်ကုန်းPDF (၃)ဦး ဖမ်းဆီးရမိဟု စစ်ကောင်စီထုတ်ပြန်

    RNA_ဇန်နဝါရီ (၄)၊၂၀၂၃ခုနှစ်။
     
    လွတ်လပ်ရေးနေ့တွင် တပ်ကုန်းမြို့နယ်တွင်းရှိ နေရာတော်တော်များများကို ဖောက်ခွဲရေးပြုလုပ်မည့် တပ်ကုန်းမြို့နယ် PDF (၃) ဦးကို ဖမ်းဆီးရမိခဲ့သည့်ဟု စွပ်စွဲကာ အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီက ယနေ့ ထုတ်ပြန်ထားသည်။

    (more…)