လွတ်လပ်ရေးနေ့

“လွတ်လပ်ရေးကို တောင်းမယူ တိုက်ယူပြမည့် ငါတို့အညာ” 

“လွတ်လပ်ရေးကို တောင်းမယူ တိုက်ယူပြမည့် ငါတို့အညာ” 

RNA_ဒီဇင်ဘာ(၆)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များဖြစ်သည့် People Revolution Army -PRA ၊ မြန်မာ့တော်ဝင် နဂါးတပ်တော် - MRDA နှင့် အညာပစ်တိုင်း ထောင်လေးများ အဖွဲ့တို့ ပူးပေါင်းပြီး "လွတ်လပ်ရေးကို တောင်းမယူ တိုက်ယူပြမည့် ငါတို့အညာ" စာတန်းများကိုင်ဆောင်ပြီး ပြည်သူများနှင့်အတူ ဇန်နဝါရီလ (၄) ရက်နေ့က ပုလဲမြို့နယ်အတွင်း ဆန္ဒပြခဲ့ကြသည်။ #RedNewsAgency
Read More
အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီလက်ထက် စိန်ရတူ လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲပြုလုပ်မှု နည်းပါး

အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီလက်ထက် စိန်ရတူ လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲပြုလုပ်မှု နည်းပါး

RNA_ဇန်နဝါရီ (၄)၊၂၀၂၃ ခုနှစ်။   ရွေးကောက်ခံအစိုးရထံမှ အကြမ်းဖက်အာဏာသိမ်းခဲ့သည့် မင်းအောင်လှိုင်ဦးဆောင်သည့် စစ်ကောင်စီလက်ထက် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့တွင် ရန်ကုန်မြို့၌ ပျော်ပွဲရွှင်ပွဲပြုလုပ်မှု မရှိသလောက်နည်းပါးကြောင်း စုံစမ်းသိရှိရသည်။   ယခင်နှစ်များက လွတ်လပ်ရေးနေ့တွင် ဘောလုံးကန်ခြင်း၊ ခေါင်းအုံးရိုက်ပွဲကျင်းပခြင်း၊ ချောတိုင်တက်ပွဲကျင်းပခြင်း စသည့် အားကစားမျိုးစုံ ပျော်ပွဲရွှင်ပွဲများကို မြို့နယ် ရပ်ကွက် လမ်းများထဲတွင် ပြုလုပ်ခဲ့ကြသော်လည်း ယနေ့ ကျရောက်သည့် လွတ်လပ်ရေးနေ့ ရန်ကုန်မြို့တွင် လူသွားလူလာနည်းပါးပြီး တိတ်ဆိတ်နေသည်ကို မြင်တွေ့ရသည်။ (more…)
Read More
လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြင့် အကျဉ်းသား အကျဉ်းသူ ၇၀၁၂ ဦး လွှတ်ပေးဟု စစ်ကောင်စီကြေညာ

လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြင့် အကျဉ်းသား အကျဉ်းသူ ၇၀၁၂ ဦး လွှတ်ပေးဟု စစ်ကောင်စီကြေညာ

RNA_ဇန်နဝါရီ (၄)၊၂၀၂၃ ခုနှစ်။   ယနေ့ကျရောက်သည့် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးမှ ပြစ်ဒဏ်ကျခံနေရသူ အကျဉ်းသား အကျဉ်းသူ ၇၀၁၂ ဦးကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ ၁ အရ လွတ်ပေးကြောင်း စစ်ကောင်စီအတွင်းရေးမှူး အောင်လင်းဒွေးကလက်မှတ်ဖြင့် ထုတ်ပြန်ကြေညာထားသည်။ (more…)
Read More
လွတ်လပ်ရေးနေ့တွင် ဖောက်ခွဲရေးလုပ်မည့် နေပြည်တော် တပ်ကုန်းPDF (၃)ဦး ဖမ်းဆီးရမိဟု စစ်ကောင်စီထုတ်ပြန်

လွတ်လပ်ရေးနေ့တွင် ဖောက်ခွဲရေးလုပ်မည့် နေပြည်တော် တပ်ကုန်းPDF (၃)ဦး ဖမ်းဆီးရမိဟု စစ်ကောင်စီထုတ်ပြန်

RNA_ဇန်နဝါရီ (၄)၊၂၀၂၃ခုနှစ်။   လွတ်လပ်ရေးနေ့တွင် တပ်ကုန်းမြို့နယ်တွင်းရှိ နေရာတော်တော်များများကို ဖောက်ခွဲရေးပြုလုပ်မည့် တပ်ကုန်းမြို့နယ် PDF (၃) ဦးကို ဖမ်းဆီးရမိခဲ့သည့်ဟု စွပ်စွဲကာ အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီက ယနေ့ ထုတ်ပြန်ထားသည်။ (more…)
Read More
လွတ်လပ်ရေး မရသေးသည့်အတွက် ပျော်ပွဲရွှင်ပွဲ မလုပ်

လွတ်လပ်ရေး မရသေးသည့်အတွက် ပျော်ပွဲရွှင်ပွဲ မလုပ်

RNA_ဇန်နဝါရီ ၄ ရက်၊ ၂၀၂၂ ခုနှစ်။ ယနေ့ ကျရောက်သည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် လွတ်လပ်ရေးမရသေးသည့်အတွက် ပျော်ပွဲ ရွှင်ပွဲမပြုလုပ်ဟု ရန်ကုန် ဒေသခံများက ပြောသည်။ " ဒီနှစ်က ဘယ်သူမှ ပျော်ပွဲရွှင်ပွဲ မလုပ်ကြဘူး။ လွတ်လပ်ရေးမှ မရသေးတာ" ဟု ဗဟန်းမြို့နယ် နေထိုင်သူ တဦးက ပြောသည်။ (more…)
Read More
စစ်အာဏာရှင်အနေဖြင့် ဖမ်းဆီးထားသူများ ပြန်လွှတ်ပြီး ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ထပ်မံတောင်းဆို

စစ်အာဏာရှင်အနေဖြင့် ဖမ်းဆီးထားသူများ ပြန်လွှတ်ပြီး ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ထပ်မံတောင်းဆို

RNA_ဇန်နဝါရီ ၃ ရက်၊ ၂၀၂၂ ခုနှစ်။ စစ်အာဏာရှင်က မတရားဖမ်းဆီး ထိန်းသိမ်းထားသူများအားလုံး လွှတ်ပေးရန်နှင့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်သွားရန် ထပ်မံတောင်းဆိုကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ​ ဂျေ ဘလင်ကန်က ယနေ့ ပေးပို့သော ၇၄ နှစ်မြောက် မြန်မာနိုင်ငံလွတ်လပ်ရေးနေ့ ဆုတောင်းသဝဏ်လွှာတွင် ဖော်ပြထားသည်။ " စစ်အာဏာရှင်၏ ကြောက်မက်ဖွယ်ရာနှိပ်စက်ကလူပြုမှုများကို ခံစားနေရသည့်တိုင် ပိုမိုကောင်းမွန်သောအနာ ဂတ်တစ်ခုအတွက်မျှော်လင့်ချက်ကို မစွန့်လွှတ်ကြသည့် မြန်မာပြည်သူများအတွက် အမေရိကန်ပြည်ထောင် စု၏ သန္နိဋ္ဌာန်မှာ ပြောင်းလဲမသွားပါ။ အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရန်၊ မတရားထိန်းသိမ်းထားသူများအားလုံးကို လွှတ်ပေးရန်နှင့် စစ်မှန်ပြီး အားလုံးပါဝင်နိုင်သည့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ရန် စစ်အာဏာရှင်ကို မိမိတို့ ထပ်မံတောင်းဆိုပါသည်" ဟူ၍ အမေရိကန်…
Read More