ဒိုက်ဦးထောင်

ပဲခူးခရိုင် ဗကသဒုဥက္ကဋ္ဌ ကိုခန့်လင်းနိုင်ကို အကျဉ်းထောင်မှထုတ်ကာ စစ်ကောင်စီလက်အောက်ခံများက သတ်ဖြတ်

ပဲခူးခရိုင် ဗကသဒုဥက္ကဋ္ဌ ကိုခန့်လင်းနိုင်ကို အကျဉ်းထောင်မှထုတ်ကာ စစ်ကောင်စီလက်အောက်ခံများက သတ်ဖြတ်

RNA_ဇူလိုင်(၈)၊၂၀၂၃ ခုနှစ်။ ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ကျိုက်ဇကော အကျဉ်းထောင်မှာ မတရားဖမ်းဆီးချုပ်နှောင်ခံထားရသည့် ပဲခူးခရိုင် ဗကသဒုက္ကဋ္ဌ ကိုခန့်လင်းနိုင်ကို စစ်ကောင်စီလက်အောက်ခံများက အကျဉ်းထောင်မှထုတ်သွားပြီး သတ်ဖြတ်ခဲ့သည့်အတွက် ကျဆုံးခဲ့ရကြောင်း သိရသည်။ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ပဲခူးခရိုင် ဒုဥက္ကဋ္ဌ ကိုခန့်လင်းနိုင်ပါအဝင် နိုင်ငံရေးအကျဉ်းသား လေးဦးကို စစ်ကောင်စီလက်အောက်ခံများက၂၀၂၃ ခုနှစ် မေလ ၂၈ ရက်နေ့က ခေါ်ထုတ်သွားပြီးနောက် အဆက်အသွယ်ပြတ်တောက်နေရာမှ ၂၀၂၃ ခုနှစ် ဇူလိုင် ၇ ရက်နေ့က ကျဆုံးသွားပြီဖြစ်ကြောင်း သိရသည်ဟု ဗကသများအဖွဲ့ချုပ်က ယနေ့ထုတ်ပြန်ထားသည်။ (more…)
Read More
အင်းစိန်ထောင်မှ ဖမ်းဆီးခံထားရသူ (၅၀၀) ဝန်းကျင် သာယာဝတီထောင်နှင့်ဒိုက်ဦးထောင်ပြောင်းရွေ့

အင်းစိန်ထောင်မှ ဖမ်းဆီးခံထားရသူ (၅၀၀) ဝန်းကျင် သာယာဝတီထောင်နှင့်ဒိုက်ဦးထောင်ပြောင်းရွေ့

RNA_ဇန်နဝါရီ(၁၆)၊၂၀၂၃ ခုနှစ်။   ရန်ကုန်မြို့၊ အင်စိန်အကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူ အမျိုးသမီး (၁၀၀) ဝန်းကျင်နှင့် အမျိုးသား (၄၀၀) ဝန်းကျင်ကို ကား ၄ စီးဖြင့် သာယာဝတီထောင်နှင့် ဒိုက်ဦးထောင်ကို ဇန်နဝါရီ (၁၄) ရက်နေ့ နံနက်ကိုင်းက ပြောင်းရွေ့ခဲ့ကြောင်း သိရသည်။   "ထောင်ပြောင်းသွားတာ အကုန် ၅၀၀ နီးပါးရှိတယ်လို့ ဒီနေ့ ရုံးထုတ်လာသူတွေဆီကနေသိရတယ်၊ အခုရက်ပိုင်းမှနော် အမျိုးသမီးက ၁၀၀ လောက်ပါတယ်၊ သာယာဝတီထောင်ကို အများဆုံးပြောင်းတယ်တဲ့ မိသားစုတွေကတော့ မသိရသေးဘူး ဘယ်သူတွေပြောင်းတဲ့အထဲပါလည်းဆိုတာလေ" ဟု နိုင်ငံရေးအကျဉ်းသားဟောင်းတဦးကပြောသည်။ (more…)
Read More