လှတောရွာအထွက် တိုက်ပွဲမှာ စစ်ကောင်စီဘက်က အနည်းဆုံး ၄ ဦးသေဆုံ

ဝက်လက် လှတောရွာအထွက် တိုက်ပွဲမှာ စစ်ကောင်စီဘက်က အနည်းဆုံး ၄ ဦးသေဆုံး

RNA_နိုဝင်ဘာ(၂၉)၊၂၀၂၂ ခုနှစ်။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီတပ်ကို နိုဝင်ဘာလ ၂၈ ရက်နေ့က နံနက် (၉) နာရီဝန်းကျင်က လှတော့ဘက် တက်လာသည့် စစ်ကြောင်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က အနည်းဆုံး (၄) ဦးသေဆုံးကြောင်း ထုတ်ပြန်ထားသည်။

“ ခွေး၅ကောင်အကျအဆုံးရှိသည် ခွေး၄ကောင်မှာ လမ်းမပေါ်တွင် တုံးလုံးပက်လက် ပြန့်ကျဲနေပီး ခွေး၁ကောင်မှာ မချိမဆန့်ဖစ်နေသည်ကို နာရေးကူညီရေးအသင်းကားဖြင့် လာရောက်ခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ရှိရသည်။ကျွန်တော်တို့မဟာမိတ်အဖွဲ့များ အထိအခိုက်အကျအဆုံးမရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့” ဟု ဝက်လက်မြို့နယ်အခြေစိုက် ကြောင်လက်သည်း တပ်ဖွဲ့က တိုက်ပွဲရုပ်သံနှင့်တကွ ထုတ်ပြန်ထားသည်။

လှတောရွာအထွက် ပင်းဇင်းမူးဘောင်ကြားတွင် စစ်ကြောင်းဆက်လက်တက်မရအောင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် ကြောင်လက်သည်း ပြည်သူ့ကာကွယ်ရေးတပ်၊ နန်းတက်မင်း တော်လှန်ရေးအင်အားစု၊ Dynamite “တပ်ခွဲ” နှင့် မဟာမိတ်များစုပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

#RedNewsAgency

By Editor