17
Jan
RNA_ဇန်နဝါရီ ၁၇ ရက်၊ ၂၀၂၂ ခုနှစ်။ ဖရူဆိုမြို့နယ်၊ ဟိုယာကျေးရွာအုပ်စု၊ ရီခီးဘူးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားမှုမရှိပဲ ပြီးခဲ့သည့်ည (၁) နာရီ (၄၀) မိနစ် ( ဇန်နဝါရီ ၁၇ ရက်၊ နံနက် ၁ နာရီ ၄၀ မိနစ်) ဝန်းကျင်က စစ်ဘေးရှောင်များ ရှိသည့်နေရာ စစ်ကောင်စီတပ် လေယာဥ်ဖြင့် ဗုံးကြဲပစ်ခတ်သည့်အတွက် (၈) နှစ်အရွယ်ကလေးငယ် အပါအဝင် (၃) ဦး သေဆုံးခဲ့ရကြောင်း သိရသည်။ ရီခီးဘူးကျေးရွာတွင် လာရောက်စစ်ဘေးရှောင်သူ အများအပြားရှိခဲ့ပြီး ဗုံးကြဲပစ်ခတ်မှုကြောင့် စစ်ဘေးရှောင် အမျိုးသမီးကလေးသူငယ် အသက်(၈)နှစ်၊ အမျိုးသမီးအသက်(၁၈)နှစ်၊ အမျိုးသားအသက် (၇၅)နှစ်တို့ သေဆုံးခဲ့ရကြောင်း၊ စစ်ကောင်စီတပ်သည် အပြစ်မဲ့ပြည်သူလူထုကို အကြောင်းမဲ့…