ကျောက်ထုမြို့နယ် စံရွာအနောက်တောင်ကြောတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ (၁၀) ဦးခန့် သေဆုံး

RNA_ဧပြီ(၁)၊ ၂၀၂၃ ခုနှစ်။
 
မကွေးတိုင်း၊ ကျောက်ထုမြို့နယ်၊ စံရွာ အနောက်မြောက်တောင်ကြောတွင် စစ်ကောင်စီတပ် အင်အား (၁၃၀) ခန့်ပါ စစ်ကြောင်းနှင့် YDF ယောနက စစ်ကြောင်း၊ CDF – Mindat၊ ကျောက်ထုPDF တို့နှင့် မတ်လ (၃၀) ရက်နေ့ နေ့လည် (၁၂) နာရီဝန်းကျင်မှ (၂)နာရီ ၂၀ မိနစ်ဝန်းကျင်အထိ တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်မှ (၁၀) ဦးခန့်သေဆုံးကြောင်း ယောကာကွယ်ရေးတပ် – YDF မှ ယနေ့ ထုတ်ပြန်ထားသည်။
 
ဒေသခံတစ်ဦး၏အဆိုအရ “ဒီနေ့ လေကြောင်းတိုက်ခိုက်မှု့ ဖြစ်ပွားတဲ့ ဆောမြို့နယ်နှင့် မင်းတပ်မြို့နယ်အစပ် ထိတွေ့မှုအပြီး ညနေပိုင်းမှာ စခတွေ စံရွာထဲကို အထမ်းတွေနဲ့ ပြန်ဝင်လာတာ‌တွေ့ရတယ်ဗျ ။ အထမ်းအရေအတွက်ကတော့ အတော်လေးများတယ်လို့ ပထမသိရပါသေးတယ်။ အရေအတွက်ဆက်လက်စုံစမ်းဆဲပါဗျ” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီဘက်မှ အထိနာသဖြင့် တိုက်ပွဲဖြစ်ပွားပြီးချိန် ၃နာရီ ၃၀ မိနစ်တွင် မုံရွာ နမခမှ Mi35 ရဟတ်ယာဉ် တစ်စီးသည် ၁၅မိနစ်ခန့် ကြာသည်အထိ ပစ်ကူတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါစစ်ကောင်စီလက်အောက်ခံစစ်ကြောင်းသည် ချင်းပြည်နယ်နှင့် ယောဒေသအတွင်း စစ်ကြောင်းထိုးလာသော အစီး ၈၀ ခန့်ပါယာဉ်တန်းမှဖြစ်ပြီး၊ တိုက်ပွဲအတွင်း သေဆုံးသွားသော စခအလောင်းများကို စံရွာအနီးရှိ စစ်ရှောင်စခန်းများမှ တဲများအတွင်းထည့်၍ မီးရှို့အလောင်းဖျောက်သွားသည်ဟု ထုတ်ပြန်ထားသည်။
 
#RedNewsAgency
By Editor