စစ်ကောင်စီတပ်နှင့် (၃) ရက်တာတိုက်ပွဲဖြစ်ပွားပြီး Myingyan Black Tiger(MBT) တပ်ဖွဲ့ ဌာနချုပ်စခန်းစွန့်ခွါခဲ့ရ
RNA_မတ်လ(၁၉)၊၂၀၂၃ ခုနှစ်။
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်း ဒေသရှိ Myingyan Black Tiger(MBT)၏ ဌာနချုပ်နယ်မြေအတွင်း စစ်ကောင်စီ၏ တပ်မ ၉၉ ဘီလူးကွန်မန်ဒို စစ်ကြောင်းနှင့် MBT၏ ကျားမဲစစ်ကြောင်းတို့ (၃)ရက်တာ တိုက်ပွဲပြင်းထန်ခဲ့ပြီး မတ်လ (၁၈) ရက်နေ့က Myingyan Black Tiger(MBT)၏ ဌာနချုပ် ခစန်း စွန့်ခွါလိုက်ရကြောင်း သိရသည်။
“ 18.3.2023)တွင် MBT၏ ဌာနချုပ်စခန်းအား စွန့်ခွာပေးခဲ့ရပြီး ယနေ့ချိန်အထိ တိုက်ပွဲ ဆက်လက်ပြင်းထန်နေလျှက်ရှိသည်။ (၃)ရက်တာတိုက်ပွဲအတွင်း MBTမှ ရဲဘော် ၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးမှာ အရေးပေါ်ဆေးကုသမှု ခံယူနေသည်။ စစ်ကောင်စီဘက်မှ ၆ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း မျက်မြင်သက်သေအရ အတည်ပြုနိုင်ခဲ့သည်” ဟု Myingyan Black Tiger(MBT) မှ ယနေ့ ထုတ်ပြန်ထားသည်။

Myingyan Black Tiger (MBT)၏ ကျားမဲစစ်ကြောင်းအား MBT၏ အထူးညီနောင်မဟာမိတ်များမှ ပါဝင်ကူညီအားဖြည့်ထားလျှက်ရှိကြောင်း၊ နယ်မြေအတွင်း ဗိုလ်မိုက်ခဲ ဦးဆောင်သည့် Myingyan Black Tiger (MBT)နှင့် မဟာမိတ်များပူးပေါင်းကာ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေကြောင်း၊ စစ်ရေးဆက်လက်တင်းမာနေမှုကြောင့် လက်နက်ခဲယမ်းနှင့် ရိက္ခာအတွက် မိဘပြည်သူများ၏ ကူညီထောက်ပံ့မှုများ လိုအပ်နေကြောင်း သိရသည်။
#RedNewsAgency
#RNA #PDF #MilitaryCoupInMyanmar #Myanmar #SpringRevolution #Magway
#Myingyan #BLACKTIGER #red #whathappeninginmyanmar