စစ်ကောင်စီတပ် စစ်ကြောင်း ရွှေဂဲပြန်ကျေးရွာမှ အမျိုး သမီး (၁) ဦးအား မုဒိမ်းကျင့်သတ်ဖြတ်

Written by

in

RNA_မတ်(၁၈)၊၂၀၂၃ ခုနှစ်။

စစ်ကိုင်းမြို့နယ်၊ မင်းကွန်းကျေးရွာဘက်မှ အင်အားများသည့် စစ်ကောင်စီတပ်စစ်ကြောင်း ရွှေဂဲပြန်ရွာနေ အမျိုး သမီး (၁) ဦးအား မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သည့်အပြင် မဇလီ‌ကျေးရွာရှိ သံဃာ (၁) ပါးကိုလည်း သတ်ဖြတ်သွားကြောင်း သိရသည်။

စစ်ကောင်စီတပ်စစ်ကြောင်းသည် မတ်လ (၁၅) ရက်နေ့က မန္တလေးဆိပ်ကမ်းမှ ထွက်ရှိလာပြီး အင်အားဖြည့်တင်းကာ မတ်လ (၁၆) ရက်နေ့တွင် ရွှေဂဲပြန်ကျေးရွာနှင့် မဇလီကျေးရွာဘက်ရောက်ရှိကာ အမျိုး သမီး (၁) ဦးနှင့် သံဃာ (၁) ပါးကို သတ်ဖြတ်သွားခြင်း ဖြစ်ကြောင်း Wetlet Informational Network ထံမှ သိရသည်။

စစ်ကောင်စီတပ်စစ်ကြောင်းတလျှောက် ဒေသခံပြည်သူများ ထွက်ပြေးနေကြရကြောင်း၊ အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်ရန်လာသည့် စစ်ကောင်စီတပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြသည့်အတွက် စစ်ကောင်စီဘက် အသေအဆုံးရှိကြောင်း Wetlet Informational Network မှ အသိပေးထားသည်။

#RedNewsAgency