Tag: ကျေးရွာကိုမီးရှို့

  • တနောင်းတောတောင်ရွာ မီးရှို့ဖျက်ဆီးခံရမှုအတွင်း သက်ကြီးရွယ်အို (၃) ဦး သေဆုံး

    တနောင်းတောတောင်ရွာ မီးရှို့ဖျက်ဆီးခံရမှုအတွင်း သက်ကြီးရွယ်အို (၃) ဦး သေဆုံး

    RNA_မတ်(၁၆)၊၂၀၂၃ ခုနှစ်။

    အကြမ်းဖက်စစ်ကောင်စီတပ် စစ်ကြောင်းက စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ထနောင်းတော တောင်ရွာအတွင်း စီးနင်းဝင်ရောက်ပြီး ကျေးရွာကို မီးရှို့ဖျက်ဆီးမှုအတွင်း ပိတ်မိကာ သက်ကြီးရွယ်အို (၃) ဦး မီးလောင်မှုအတွင်း ပိတ်မိကာ သေဆုံးခဲ့ကြောင်း သိရသည်။

    မုံရွာ-မန္တလေးအမြန်လမ်းရှိ မြေနဲကျေးရွာအဝင် စွမ်းရည်ထက်ဆီဆိုင်တွင် တပ်စွဲထားသော စစ်ကောင်စီတပ် အင်အင်း (၃၀) ခန့်ရှိ စစ်ကြောင်းက ‌သေနတ်များပစ်ခတ်ကာ ကျေးရွာအတွင်း စီးနင်းပြီး မတ်လ (၁၅) ရက်နေ့ နံနက်က ဝင်ရောက်ပြီး (၇) နာရီမှစတင်ကာ မီးရှို့ဖျက်ဆီးခဲ့ကြခြင်း ဖြစ်သည်ဟု မုံရွာ – အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။

    (more…)

  • နှစ်ပေါင်း ၁၂၀ ကျော် “ကောင်းကင်ဘုံသို့ပင့်ဆောင်ခြင်းခံရသော မယ်တော်သ္ခင်မဘုရားကျောင်း” မီးရှို့ခံရ

    နှစ်ပေါင်း ၁၂၀ ကျော် “ကောင်းကင်ဘုံသို့ပင့်ဆောင်ခြင်းခံရသော မယ်တော်သ္ခင်မဘုရားကျောင်း” မီးရှို့ခံရ

    RNA_ဇန်နဝါရီ(၁၅)၊၂၀၂၃ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်၊ ချမ်းသာရွာမှ နှစ်ပေါင်း ၁၂၉ နှစ်ရှိ “ကောင်းကင်ဘုံသို့ပင့်ဆောင်ခြင်းခံရသော မယ်တော်သ္ခင်မဘုရားကျောင်း”ကို ယနေ့ နံနက်က စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

    ခရစ်ယာန်ကက်သလစ်သာသနာ ဗိမာန်တော်ဘုရား ရှိခိုးကျောင်းတော်ကြီးနှင့် ရေဦးနယ်အတွင်း အဝေးမှ လှမ်းမြင်နိုင်သော ဘုရားကျောင်းခေါင်းလောင်းစင်ကြီး အပါ အဝင်ဘုရားကျောင်းဝင်းအတွင်းရှိ မကြာသေးခင်က အသစ်မွမ်းမံ ပြန်လည်တည်ဆောက်ထားသည့် Fr. ဘုန်းတော်ကြီးကျောင်းတိုက်၊ သမိုင်းဝင် ရာပြည့် Sr.သီလရှင်ကျောင်းတိုက်တို့ကို စစ်ကောင်စီတပ်သားများ မီးရှို့ဖျက်ဆီးသွားသည့်အတွက် ဘုရား ရှိခိုးကျောင်းခေါင်းလောင်း စင်ကြီးပါပြာကျသွားကြောင်း သိရသည်။

    (more…)

  • စစ်ကောင်စီတပ်က ပြည်သူများကို သတ်ဖြတ်ပြီး ကျေးရွာကို မီးလောင်တိုက်သွင်း

    စစ်ကောင်စီတပ်က ပြည်သူများကို သတ်ဖြတ်ပြီး ကျေးရွာကို မီးလောင်တိုက်သွင်း

    RNA_နိုဝင်ဘာ(၁၅)၊၂၀၂၂ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ထန်းကြီးကျေးရွာကိုဝင်စီးစဉ် ပြည်သူများကို သတ်ဖြတ်ပြီး လေဖြတ်နေသည့် ပြည်သူတဦးနှင့် ကျေးရွာကို မီးရှို့သွားကြောင်း သိရသည်။

    ဝက်လက်မြို့နယ် တောင်ဘက်ခြမ်း ကျေးရွာများအတွင်း ယခုရက်ပိုင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေသည့်အတွက် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တချို့နှင့် တိုက်ပွဲဖြစ်ပွားကြောင်း၊ နိုဝင်ဘာလ (၁၃) ရက်နေ့က ထန်းကြီးကျေးရွာဝင်စီးစဉ် ဒေသခံပြည်သူ အနည်းဆုံး (၅) ဦးကို သတ်ဖြတ်ပြီး ကျေးရွာကို မီးရှို့သွားခဲ့သည်။

    (more…)

  • ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိကျေးရွာများကို စစ်ကောင်စီတပ် ရောက်ရှိပြီး နေအိမ်များကိုမီးရှို့ဖျက်ဆီး

    ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိကျေးရွာများကို စစ်ကောင်စီတပ် ရောက်ရှိပြီး နေအိမ်များကိုမီးရှို့ဖျက်ဆီး

    အောင်ခန့်ဇော်/RNA_စက်တင်ဘာ(၂၄)၊၂၀၂၂ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ထဲမှ ဆင်းလာသော အကြမ်းဖက် စစ်ကောင်စီတပ်သားများသည် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းကျေးရွာများသို့ ယနေ့ နံနက် (၇) နာရီဝန်းကျင်မှစတင်ရောက်ရှိပြီး ညောင်ပင်ကြီး-ဆားလင်းကြီးလမ်းဘေးရှိကျေးရွာများကို ဝင်ရောက်စီးနင်းပြီး ဥသျှစ်ပြားကျေးရွာကို ရွာလုံးကျွတ်မီးရှို့ခဲ့ကြသည်။

    စစ်ကောင်စီတပ်သားများ ဥသျှစ်ပြားကျေးရွာကို ရွာလုံးကျွတ်မီးရှို့ခဲ့နောက် ထန်းပုကျေးရွာသို့ရောက်ရှိလာပြီး ဘုန်းကြီးကျောင်းမှာ အလှူလုပ်မည့် ထမင်းဟင်းများကို အဓမ္မလုယူ စားသောက်သွားကြောင်း၊ ညနေပိုင်းတွင် ၂ဖွဲ့ခွဲပြီး သဲကောကြီးရွာသို့ရောက်ရှိလာသည့်အဖွဲ့က သဲကောကြီးရွာကို မီးရှို့ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

    ဓာတ်ပုံ : ယနေ့ သဲကောကြီးရွာမီးရှို့ခံနေရသည့်မြင်ကွင်း။ 

    (more…)

  • ပုလဲ မြို့နယ် ပန်းကျေးရွာ နေအိမ်၂၀၀ ဝန်းကျင်ကို စစ်ကောင်စီတပ် မီးရှို့

    ပုလဲ မြို့နယ် ပန်းကျေးရွာ နေအိမ်၂၀၀ ဝန်းကျင်ကို စစ်ကောင်စီတပ် မီးရှို့

    RNA_ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၂၂ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ် ပန်းကျေးရွာက နေအိမ် ၂၀၀ ဝန်းကျင်ကို စစ်ကောင်စီတပ် စစ်ကြောင်းက ပြီးခဲ့သည့်ည ( ဇန်နဝါရီလ ၃၁ ရက်) က မီးရှို့သွားကြောင်း သိရသည်။

    ” အခုအဲဒီစစ်ကြောင်းက ရွာတွေကို မီးပတ်ရှို့နေတာ ပြည်သူတွေပြေးရတာပေါ့၊ ပထမ မွေ့တုံရွာကိုရှို့တယ် ဘုန်းကြီးကျောင်းပါ မီးထဲပါသွားတာ ပြီးတော့ ပန်းရွာထပ်ရှို့တယ်၊ ပန်းရွာက အိမ်ခြေပိုများတယ်၊ မကွေးတိုင်း မြိုင်ဘက်က ကူးလာတဲ့ စစ်ကြောင်းလို့ ပြောတယ်၊ ရွာသားတွေက ‌စစ်ကြောင်းလာတာနဲ့ပြေးလွှားနေရပြီ ရွာထဲရောက်တော့ မိုက်တိုက်တော့တာပဲ” ဟု ပုလဲမြို့နယ် ဒေသခံ တဦးက ပြောသည်။

    စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်းအတွင်းက ကျေးရွာများကို ရောက်ရှိလာပါက အငြိုးအတေးနှင့် မီးရှို့နေခြင်းဖြစ်ကြောင်း၊ မွေ့တုံကျေးရွာနှင့် ပန်းကျေးရွာအနီးတို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိကြောင်း ဒေသခံများထံက သိရသည်။

    Red News Agency