Tag: ကျောက်စိမ်းလုပ်ကွက်

  • ဖားကန့် ရွှံ့နွံပေါက်ကျမှုအတွင်း (၁၀) နှစ်အောက် ကလေးငယ် (၆) ဦးအပါအဝင် (၃၂) ဦးသေဆုံး

    ဖားကန့် ရွှံ့နွံပေါက်ကျမှုအတွင်း (၁၀) နှစ်အောက် ကလေးငယ် (၆) ဦးအပါအဝင် (၃၂) ဦးသေဆုံး

    RNA_ဖားကန့်၊ ဇန်နဝါရီ(၁၅)၊ ၂၀၂၅ ခုနှစ်။

    ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာအနီး ကျောက်စိမ်းတူးဖော်နေသော ရတနာအဓိပတိ (ဒေသအခေါ် ) ကုမ္ပဏီလုပ်ကွက်မှ ရွှံ့နွံကန် ပေါက်ထွက်ပြီး ရပ်ကွက်နေအိမ်များပေါ်ဖုံးလွှမ်းခဲ့သည့်ဖြစ်စဉ်အတွင်း အသက် (၁၀) နှစ်အောက် ကလေးငယ် (၆) ဦးအပါအဝင် (၃၂) ဦးသေဆုံးကြောင်း အတည်ပြုပြီး အလောင်းရှာဖွေမှုများကို ယနေ့ လမ်းဟောင်းပေါ်သွားသည့်အတွက် ရပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

    (more…)

  • ဖားကန့်၌ ကမ်းပါးပြိုကျသည့်အတွက် ကျောက်တူးနေသူ (၃)ဦး ဒဏ်ရာရပြီး (၁)ဦး သေဆုံး

    ဖားကန့်၌ ကမ်းပါးပြိုကျသည့်အတွက် ကျောက်တူးနေသူ (၃)ဦး ဒဏ်ရာရပြီး (၁)ဦး သေဆုံး

    RNA_ဖားကန့်၊ဇွန်လ ၁၃ ရက်၊ ၂၀၂၄ ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာအပိုင်း သာယာကုန်းကမ်းပါး ပြိုကျမှု ယနေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ချိန် ကမ်းပါးနံရံတွင်ကပ်လျက် ကျောက်တူးနေသူ (၄) ဦး မြေစာနှင့်အတူ ကမ်းပါးအောက်ခြေသို့ ပြုတ်ကျခဲ့ပြီး (၃) ဦး ဒဏ်ရာရရှိကာ (၁) ဦးမှာ မြေစာပိ သေဆုံးသွားခဲ့သည်။


    ကျောက်တူးနေစဉ် ကမ်းပါးပြိုကျ၍ မြေစာပိ သေဆုံးသူနှင့် ဒဏ်ရာရသူများသည် ဒေါ်ခမ်းပေါင်း လုပ်ကွက်မှ ကျင်းသားများဖြစ်ကြောင်း၊ ဖားကန့်၌ မိုးရာသီ လမ်းများပျက်စီးပြီး ကျင်းများသည် ရေကန်အဖြစ်ပြောင်းလာချိန် နွံရေများပြည့်လာပြီး ဘက်ဟိုးနှင့်မြေသယ်ယာဉ် စက်ယန္တရားများ အသုံးပြုရန် ခက်ခဲလာသည့်အတွက် လုပ်ကွက်ပိုင်ရှင်များက အစုပုံစံဖြင့် ကျင်းသားများကို ကမ်းပါးယံများတွင် ကျောက်တူးစေခြင်း၊ စုပုံထားသည့် မြေစာများအား ရွှေမျောစင်များဖြင့် ရွှေမျောတိုက်စေခြင်းတို့ကို ဆောင်ရွက်ကြသည်။

    #RedNewsAgency

  • ကျောက်စိမ်းတူးဖော်နေသည့် လုပ်ကွက်တစ်ခုအပေါ် နွံကန်ပေါက်ကျပြီး (၃၀) ဦးထက်မနည်း သေဆုံး

    ကျောက်စိမ်းတူးဖော်နေသည့် လုပ်ကွက်တစ်ခုအပေါ် နွံကန်ပေါက်ကျပြီး (၃၀) ဦးထက်မနည်း သေဆုံး

    RNA_ဖားကန့်၊ မတ် (၁၂)၊ ၂၀၂၄ ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ရှရော်ခကျေးရွာနှင့် မနကျေးရွာအစပ်နေရာရှိ ကျောက်တူးဖော်နေသည့် လုပ်ကွက်တစ်ခုအပေါ် အထက်ဘက်မှ ရွှံ့နွံကန်ပေါက်ကျပြီး လုပ်ကွက်ဝန်ထမ်း (၃၀)ဦးထက်မနည်း သေဆုံးမှု ယနေ့ နံနက် (၄)နာရီခန့်က ဖြစ်ပွားခဲ့သည်။

    ရွှံ့နွံကန်ပေါက်ကျခဲ့သည့် လုပ်ကွက်အတွင်းမှ ကိုဖြိုးဝေ (ယာဉ်မောင်း) အသက်(၂၅) နှစ်၊ ကျော်ဇင်ဝိုင်း (ကြီးကြပ်) အသက် (၂၈)နှစ်၊ ဟိန်းမင်းလတ် (ဘက်ဟိုးမောင်း) အသက် (၃၂)နှစ်၊ စည်သူမျိုး (မိုင်းအဖွဲ့) အသက်(၁၉) နှစ်တို့ (၄)ဦးသာ အသက်ရှင်လျှက် လွတ်မြောက်ခဲ့သည်။

    (more…)

  • စပျစ်ခူးရွာ တစ်ရွာလုံးရွှေ့ပြီး ကျောက်စိမ်းတူးရန်ပြင်နေ

    စပျစ်ခူးရွာ တစ်ရွာလုံးရွှေ့ပြီး ကျောက်စိမ်းတူးရန်ပြင်နေ

    RNA_ဖားကန့် စက်တင်ဘာလ ၈ ရက်၊ ၂၀၂၃ ခုနှစ်။

    ဖားကန့်မြို့နယ်၊ အေးမြသာယာအုပ်စု၊ စပျစ်ခူးကျေးရွာကို တစ်ရွာလုံးရွှေ့ပြောင်းပြီး ကျောက်စိမ်းတူးရန် အဖွဲ့အစည်းတစ်ခုက ဦးဆောင်ပြင်ဆင်နေကြောင်း ကျေးရွာသားများထံမှ သိရသည်။ 

    စပျစ်ခူးရွာသည် အိမ်ခြေ(၁၆၀)ဝန်းကျင်၊ လူဦးရေ ငါးရာနီးပါးရှိပြီး နှစ်ပေါင်းသုံးဆယ်ကျော် သက်တမ်းရှိ ရွာတစ်ရွာဖြစ်ကြောင်း၊ စပျစ်ခူးတစ်ရွာလုံးကို KIO/KIA အစိုးရက လုပ်ကွက်တူးဖို့ ခွင့်ပြုပေးလိုက်ကြောင်း၊ အာဏာသိမ်းစစ်တပ်မှလည်း ပါဝင်ပတ်သက်နေသည်ဟု ဒေသခံများထံမှ သိရသည်။

    ဖားကန့်ဒေသတစ်ခုလုံး KIA ကပဲ ဦးဆောင်ပြီးတူးတူး၊ လုပ်ငန်းရှင်ပဲညှိပြီးတူးတူး၊ စစ်တပ်ကို အခွန်အခမပေးပဲ တူးလို့မရဘူးလို့ ဖားကန့်မြို့ခံတစ်ဦးက ပြောသည်။

    (more…)

  • ဖားကန့် မြေပြိုမှု သေဆုံးသွားသူ ရုပ်အလောင်း ၂၅ လောင်း ရှာဖွေတွေ့ရှိ

    ဖားကန့် မြေပြိုမှု သေဆုံးသွားသူ ရုပ်အလောင်း ၂၅ လောင်း ရှာဖွေတွေ့ရှိ

    RNA_ ဩဂုတ်(၁၅)၊၂၀၂၃ ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မနကျေးရွာအနီးရှိ ကျောက်စိမ်းသစ်ရွက်ကုမ္ပဏီလုပ်ကွက်ရေကန်အတွင်း မြေပြိုမှုကြောင့် ပျောက်ဆုံးနေသူ ၃၇ ဦးထဲက သေဆုံးရုပ်အလောင်း ၂၅ လောင်း ယနေ့ လူမှုကယ်ဆယ်ရေးအသင်းများက ဆယ်ယူရမိကြောင်း သိရသည်။

    [embedyt] https://www.youtube.com/watch?v=xL4nCKRocuY[/embedyt]

    ဩဂုတ်လ ၁၃ ရက်နေ့ ညနေ (၃)နာရီခန့်က ကမ်းပါးပြိုပြီး ရေလိုင်းရိုက်ခတ်မှုကြောင့် ရေကန်ဘေး လက်ကျင်းကျောက်တူးနေသူ ရေမဆေးကျောက်ရှာဖွေနေသူများအပါအဝင် ကုမ္ပဏီဝန်ထမ်းတချို့နှင့် ရေမဆေးကျောက်ရှာဖွေသူ ၃၇ ဦး ပျောက်ဆုံးနေခြင်းဖြစ်‌ကြောင်း၊ ဆယ်ယူရသည့် အလောင်း (၂၅) လောင်းထဲက (၆) ဦးမှာ ပိုင်ရှင်မပေါ်သေးကြောင်း သိရသည်။

    (more…)

  • ရေမဆေးကျောက်ရှာဖွေသူများအပါအဝင် (၃၆) ဦးဝန်းကျင်ကို ရှာဖွေမှု မြင်ကွင်း

    ရေမဆေးကျောက်ရှာဖွေသူများအပါအဝင် (၃၆) ဦးဝန်းကျင်ကို ရှာဖွေမှု မြင်ကွင်း

    RNA_ဩဂုတ်(၁၄)၊၂၀၂၃ ခုနှစ်။
     
    ဖားကန့်က၊ ကျောက်စိမ်းရှာဖွေနေသူများ၊ မြေပြိုမှုကြောင့် နွံအတွင်းပျောက်ဆုံးသွားသည့် (၃၆) ဦးဝန်းကျင်ကို ယနေ့ နေ့လည်ပိုင်းအထိ ဒေသခံ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များက ဆက်လက်ရှာဖွေခဲ့ကြကြောင်း သိရသည်။
     
    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မနကျေးရွာအနီးရှိ ကျောက်စိမ်းသစ်ရွက်ကုမ္ပဏီလုပ်ကွက်ရေကန်အတွင်း ဩဂုတ်လ ၁၃ ရက်နေ့ ညနေ (၃)နာရီခန့်က ကမ်းပါးပြိုပြီး ရေလိုင်းရိုက်ခတ်မှုကြောင့် ရေကန်ဘေး လက်ကျင်းကျောက်တူးနေသူ (၃၆)ဦး ရေကန်နွံအတွင်းနစ်‌မြှုပ်ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။
    [embedyt] https://www.youtube.com/watch?v=E8ZBk9Rn2sU[/embedyt]

    (more…)

  • ကမ်းပါးပြိုပြီး ပျောက်ဆုံးနေသည့် ရေမဆေးကျောက်ရှာဖွေသူ (၃၆) ဝန်းကျင်သေဆုံးဟု သတ်မှတ်

    ကမ်းပါးပြိုပြီး ပျောက်ဆုံးနေသည့် ရေမဆေးကျောက်ရှာဖွေသူ (၃၆) ဝန်းကျင်သေဆုံးဟု သတ်မှတ်

    RNA_ဩဂုတ်(၁၄)၊၂၀၂၃ ခုနှစ်။

    ရေမဆေးကျောက်ရှာဖွေသည့် ကျောက်ကျင်းတူးနေသူ (၃၆) ဦးထက်မနည်း ဩဂုတ်လ ၁၃ ရက်နေ့ ညနေ ၃ နာရီခန့်ကတည်းက နစ်မြှုပ်ပျောက်ဆုံးနေသူများ ယနေ့ နံနက် ၁၀ နာရီအထိ ရှာမရတော့သည့်အတွက် သေဆုံးပြီဟု ဒေသခံများက သတ်မှတ်ထားကြောင်း သိရသည်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မနကျေးရွာအနီးရှိ ကျောက်စိမ်းသစ်ရွက်ကုမ္ပဏီလုပ်ကွက်ရေကန်အတွင်း ဩဂုတ်လ ၁၃ ရက်နေ့ ညနေ (၃)နာရီခန့်က ကမ်းပါးပြိုပြီး ရေလိုင်းရိုက်ခတ်မှုကြောင့် ရေကန်ဘေး လက်ကျင်းကျောက်တူးနေသူ (၃၁)ဦး ရေကန်နွံအတွင်းနစ်‌မြှုပ်ပျောက်ဆုံးသွားခြင်းဖြစ်သည်။

    ရေနွံကန်ဧရိယာ- ယင်းအတွင်းလူများပျောက်ဆုံးနေ

    ” လက်ရှိဒီမှာကျောက်တူးနေတဲ့ ကုမ္ပဏီဝန်ထမ်းတွေလည်းပါတယ်၊ အပြင်ကနေ လာတူးနေသူတွေလည်းပါတယ်၊ စာရင်းကတော့ မခွဲထားဘူး၊ ဒဏ်ရာရရှိသူ (၈)ဦးရှိတယ်”ဟု ပျောက်ဆုံးစာရင်းပြုစုနေသည့် ကျေးရွာ ရပ်မိ/ရပ်ဖ တစ်ဦးကပြောသည်။

    (more…)

  • ကျောက်စိမ်းလုပ်ကွက်ရေကန်အတွင်း မြေပြိုပြီး ရေကန်အစပ် ရေချိုးနေသူများ မျောပါနစ်မြှုပ်မှုတွင် ကလေး ၂ ဦးမိခင် ပျောက်ဆုံးနေ

    ကျောက်စိမ်းလုပ်ကွက်ရေကန်အတွင်း မြေပြိုပြီး ရေကန်အစပ် ရေချိုးနေသူများ မျောပါနစ်မြှုပ်မှုတွင် ကလေး ၂ ဦးမိခင် ပျောက်ဆုံးနေ

    RNA_ဖားကန့်၊ ဩဂုတ်လ ၅ ရက်၊၂၀၂၃ ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာ၊ အောင်သာယာအပိုင်းတွင် ယနေ့ (၁၂)နာရီခွဲခန့်က ကျောက်စိမ်း
    လုပ်ကွက်တူးဖော်ထားသည့် ရေကန်အတွင်း သာယာကုန်းအပိုင်းမှ မြေပြိုကျပြီး ရေလှိုင်းရိုက်ခတ်မှုနှင့်အတူ ကန်အစပ်ရေချိုးနေသည့် အမျိုးသမီး၂ ဦးနှင့် ကလေး ၂ ဦး ပေ (၁၅၀) ခန့် မျောပါပြီး လုပ်ကွက်တူးဖော်ထားသည့် ရေကန်အတွင်း နစ်မြှပ်ခဲ့ကြောင်း သိရသည်။

    ရှာဖွေကယ်ဆယ်ရေးလုပ်နေသည့် မြင်ကွင်း

    ကျောက်စိမ်းလုပ်ကွက် ကန်အစပ်မှ ရေစီးနှင့်အတူ ရွာလယ်လမ်းအတိုင်း ပေ(၁၅၀)ခန့် ရေစီးနှင့်အတူ မျောပါခဲ့သူ ၄ ဦးထဲမှ အမျိုးသမီးတစ်ဦးနှင့် ကလေးနှစ်ဦးကို အသက်ရှင်လျက်ပြန်လည်ဆယ်ယူနိုင်ခဲ့သော်လည်း ကလေးနှစ်ဦးမိခင် ဒေါ်ခင်ဆွေမာ(ခ) ဒေါ်မလေး၊ (၃၇)နှစ်ခန့်မှာ ရေကန်အတွင်း နစ်မြှုပ်ပျောက်ဆုံးလျက်ရှိကြောင်း Myanmar Rescue (Hpakant) မှ ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေသူများထံမှ သိရသည်။

    (more…)

  • ကုမ္ပဏီ (၅)က ကျောက်တူးပြီး ထားခဲ့သည့်မြေအနေအထားကြောင့် လမ်းပြိုကျပျက်စီး

    ကုမ္ပဏီ (၅)က ကျောက်တူးပြီး ထားခဲ့သည့်မြေအနေအထားကြောင့် လမ်းပြိုကျပျက်စီး

    PpRNA_ဖားကန့်၊ဇူလိုင် (၁၄)ရက်၊ ၂၀၂၃ ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ကုဋေကျေးရွာအတွင်း၌ ကုမ္ပဏီ (၅) ခုက စုပေါင်းကျောက်တူးပြီး မိုးကာလ ကျောက်စိမ်းတူးဖော်မရသည့်အခါ တူးလက်စအတိုင်းထားခဲ့သည့်အတွက် အများသုံးကျေးရွာလမ်းပြိုကျပြီး ကျေးရွာနေအိမ်အချို့ မြေပြိုမည့် အန္တရာယ်ရှိနေသည်။

    “နေမင်းကမ္ဘာ” နှင့် “မြန်မာတကောင်း” တို့ပါဝင်သည့် ကုမ္ပဏီ(၅)ခုက စုပေါင်းပြီး ကုဋေကျေးရွာမှ နေအိမ်များအား သိန်းထောင်ချီပေးဝယ်ကာ ကျောက်စိမ်းတူးဖော်ခဲ့ကြပြီး မိုးကာလ ကျောက်တူးမရသည့်အခါ မြေပြန်လည်ဖို့ပေးခြင်းမဆောင်ရွက်ခဲ့ခြင်းကြောင့် ယခုရက်သတ္တပါတ်အတွင်း မြေပြိုမှုနှစ်ကြိမ်ဖြစ်ခဲ့ပြီး အများပြည်သူသွားလမ်းပါ ပြိုကျပျက်ဆီးနေခြင်း ဖြစ်သည်။

    (more…)

  • တပ်မမှူးအပြောင်းအလဲသတင်း ထွက်ပေါ်ပြီးနောက် ကျောက်တူးဖော်ရေးကုမ္ပဏီများနှင့် ဈေးနှုန်းအသစ်ညှိနှိုင်းနေ

    တပ်မမှူးအပြောင်းအလဲသတင်း ထွက်ပေါ်ပြီးနောက် ကျောက်တူးဖော်ရေးကုမ္ပဏီများနှင့် ဈေးနှုန်းအသစ်ညှိနှိုင်းနေ

    RNA_ဖားကန့်၊ ဧပြီ (၆)၊၂၀၂၃ ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်‌၌ ယခုရက်သတ္တပတ်အတွင်း ရှေ့တန်းတပ်မ (၃၃)၏ တပ်မမှူး အပြောင်းအလဲရှိသည်ဟု သတင်းထွက်လာပြီးနောက် ကျောက်တူးဖော်နေသည့် ကုမ္ပဏီလုပ်ငန်းအချို့ ရပ်နားထားသည်ကိုတွေ့ရသည်။

    ဧပြီ (၃)ရက်နေ့က စစ်ကောင်စီ၏ တပ်သား (၅၀)ခန့်ပါဝင်သည့် စစ်ကြောင်းက ကုမ္ပဏီအချို့ကို ဝင်ရောက်စီးနင်းခဲ့ပြီး လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာအပိုင်းရှိ ဒေသအခေါ် စိန်စိန်ကုမ္ပဏီလုပ်ကွက်အတွင်းမှ ဘက်ဟိုးနှင့် မြေသယ်ကား(၁၀)စီးနှင့် အထက် သိမ်းဆည်းသွားခဲ့ပြီး ပြန်ရွေးမည်ဆိုပါက တစ်စီးလျှင်ငွေကျပ် သိန်းတစ်ထောင့်နှစ်ရာနှင့် ပြန်ရွေးခိုင်းကြောင်း ကုမ္ပဏီနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    (more…)