စစ်ကောင်စီတပ်၏ ၈၅ စီးပါယာဉ်တန်းကို ပဒေသာမိုင်း အလုံး (၂၀) ဖြင့် ဖောက်ခွဲတိုက်ခိုက်

RNA_မတ်(၁၉)၊၂၀၂၃ ခုနှစ်။

ချင်းပြည်နယ်၊ မင်းတပ်ဘက်သို့တက်လာသည့် စစ်ကောင်စီတပ် (၈၅) စီးပါ ယာဉ်တန်းကို ပဒေသာမိုင်း အလုံး(၂၀) ဖြင့် CDF- Mindat တပ်ဖွဲ့မှ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မကွေးတိုင်း၊ ပခုက္ကူမြို့၊ စစ်ကောင်စီတပ် တပ်မ (၁၀၁) မှ ထွက်လာသည့် ယာဉ်တန်း ကျောက်ထု -မင်းတပ်ဘက် တက်လာစဉ် မတ်လ (၁၆) ရက်နေ့က ပဒေသာမိုင်းဖြင့်တိုက်ခိုက်ရာ ယာဉ် (၂) စီး ပျက်စီးသွားပြီး၊ အသေအဆုံး အတိအကျမသိရှိရသေးကြောင်း CDF- Mindat ကထုတ်ပြန်ထားသည်။

ပခုက္ကူမြို့မှထွက်လာသည့် စစ်ကောင်စီယာဉ်တန်းသည် လမ်းတလျှောက် တိုက်ခိုက်ခံခဲ့ရပြီး ယာဉ် (၃၅) စီး ပျက်စီးဆုံးရှုံးမှုရှိခဲ့ပြီး အသေအဆုံးများရှိကြောင်း၊ မင်းတပ်ဘက်တပ်လာသည့် စစ်ကောင်စီယာဉ်တန်း မတ်လ (၁၈) ရက်နေ့ နံနက်က ကျောက်ထုက်ပြန်ဆင်းသွားသည့်အတွက် မင်းတပ် – ကျောက်ထု လမ်းပိုင်းအား ပြည်သူများ ပြန်လည်အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။

#RedNewsAgency

By Editor