Tag: KRU

  • နမ့်နိန်းကျေးရွာအနောက်ဘက် တကျောမှာ တိုက်ပွဲဖြစ်ပြီး စကစဘက်မှ (၂၀) ကျော်သေ

    နမ့်နိန်းကျေးရွာအနောက်ဘက် တကျောမှာ တိုက်ပွဲဖြစ်ပြီး စကစဘက်မှ (၂၀) ကျော်သေ

    RNA_မတ်(၁၆)၊၂၀၂၃ ခုနှစ်။

    ပင်လောင်းမြို့နယ်၊ နမ့်နိန်းကျေးရွာ ‌အနောက်ဘက်ရှိ တောင်ကုန်း ဒေသတစ်ကျောတွင် စစ်ကောင်စီတပ်စစ်ကြောင်း အများအပြား ထိုးစစ်ဆင်လာသည့်အတွက် ယနေ့ နံနက် (၇) ဝန်းကျင်မှစတင်ကာ ပြည်သူ့ကာကွယ်ရေး မဟာမိတ်များနှင့် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်မှ (၂၀) ကျော်သေဆုံးကြောင်း KRU ကထုတ်ပြန်ထားသည်။

    အင်အားအများအပြားထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု (KRU)နှင့် KNDF BO(11)၊ PNDF(KK)၊အလယ်ပိုင်းတိုင်း တပ်ရင်း(804)၊ တပ်ရင်း(805)၊ တပ်ရင်း(1102)၊စစ်တောင်းပျောက်ကျားအဖွဲ့မှ ခုခံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    (more…)

  • မိုင်းရှင်းလင်းရေး ပြုလုပ်စဉ် ရဲဘော် (၃) ဦးဒဏ်ရာရ

    မိုင်းရှင်းလင်းရေး ပြုလုပ်စဉ် ရဲဘော် (၃) ဦးဒဏ်ရာရ

    RNA_ဒီဇင်ဘာ(၅)၊၂၀၂၂ခုနှစ်။

    နယ်မြေစိုးမိုးထားသည့် စစ်ကောင်စီတပ်အား တိုက်ထုတ်ပြီး နယ်မြေစိုးမိုးရေးနှင့် မိုင်းရှင်းလင်းရေးပြုလုပ်စဉ် ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု(KRU)မှ ရဲဘော် (၃) ဦး ဒဏ်ရာရရှိခဲ့ပြီး (၁) ဦး ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

    စစ်ကောင်စီတပ် တပ်စွဲထားသည့် ကယားပြည်နယ်၊ ဒီမော့ဆိုမြို့ ၊ ကုန်းသာကျေးရွာ နယ်မြေအား ဒီဇင်ဘာလ ၁ ရက်နေ့ နံနက်အစောပိုင်းတွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက စစ်ကောင်စီတပ်အား မောင်းထုတ်နိုင်ခဲ့ပြီး နယ်မြေအား ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။

    (more…)

  • စစ်ကောင်စီတပ် ထိန်းချုပ်နယ်မြေတချို့ကို တော်လှန်ရေး တပ်ပေါင်းစုမှ ပြန်လည်ထိန်းချုပ်

    စစ်ကောင်စီတပ် ထိန်းချုပ်နယ်မြေတချို့ကို တော်လှန်ရေး တပ်ပေါင်းစုမှ ပြန်လည်ထိန်းချုပ်

    RNA_ဒီဇင်ဘာ(၂)၊၂၀၂၂ခုနှစ်။

    ကရင်နီ ( ကယား) ပြည်၊ ဒီမော့ဆိုမြို့၊ကုန်းသာကျေးရွာ အတွင်း စစ်ကောင်စီတပ် တပ်စွဲအထိုင်ချနေသည့် ထိန်းချုပ်နယ်မြေအား ကယား (ကရင်နီ) တော်လှန်ရေးတပ်ပေါင်းစု (KRU) မှ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

    ” ဒီမော့ဆို့မြို့ ၊ကုန်းသာ ကျေးရွာ အတွင်း နယ်မြေ များပြန်လည်ရှင်းလင်းနေစဉ်အတွင်း စစ်ကောင်စီ တပ်များ၏ ရိက္ခာ ၊ စွပ်ဗုံး၊ကျည်ဆံနှင့် အသုံးအဆောင်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ပြီး နယ်မြေအား မိုင်းရှင်း လင်းရေးများ ပြန်လည်ပြုလုပ်နေခဲ့ပြီ” ဟု ကယား (ကရင်နီ) တော်လှန်ရေးတပ်ပေါင်းစု (KRU) က ယနေ့ ထုတ်ပြန်ထားသည်။

    (more…)

  • ကရင်နီတော်လှန်ရေးတပ်ပေါင်းစုမှ ရဲဘော် ခွန်စိုးပိုင်သူ (ခ) ခွန်ပေး လက်နက်ကြီးထိမှန်ကျဆုံး 

    ကရင်နီတော်လှန်ရေးတပ်ပေါင်းစုမှ ရဲဘော် ခွန်စိုးပိုင်သူ (ခ) ခွန်ပေး လက်နက်ကြီးထိမှန်ကျဆုံး 

    RNA_စက်တင်ဘာ(၂၇)၊၂၀၂၂ခုနှစ်။

    ကရင်နီပြည်၊ ဒီးမော့ဆိုမြို့၊ ကုန်းသာကျေးရွာအတွင်း တိုက်ပွဲတွင် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) လက်အောက်ခံ (KDF)တပ်ဖွဲ့ မှ ရဲဘော် ခွန်စိုးပိုင်သူ (ခ) ခွန်ပေးသည် လက်နက်ကြီးထိမှန်ကာ ယနေ့ နံနက် ၁၀ နာရီ ၂၅ မိနစ်ဝန်းကျင်က ကျဆုံးခဲ့ကြောင်း သိရသည်။

    (more…)