13
Dec
RNA_ဒီဇင်ဘာ(၁၃)၊၂၀၂၃ခုနှစ်။ စစ်တပ်၏ ဖိနှိပ်မှုဒဏ်ကို မျိုးဆက်တစ်ခုပြီးတစ်ခု ခံစားခဲ့ကြရသော မြန်မာပြည်သူလူထုတစ်ရပ်လုံး မျှော်လင့်တောင့်တနေသည့် နိင်ငံရေး ရည်မှန်းချက်များကို မည်သည့်အခါမှ လျစ်လျူရှုသွားမည်မဟုတ်သည့်အပြင် နောက်လှည်သွားမည့်သူများမဟုတ်ကြောင်း မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့က အသိပေးထားသည်။ “လတ်တလောတွင် တွေ့မြင်နေရသော သတင်းအချို့ကြောင့် မြန်မာပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် စိုးရိမ်ပူပန်မှုများ ရှိနေသည်ကို မိမိတို့အနေဖြင့် သိရှိရ၍ အဆိုပါကိစ္စရပ်အပေါ် များစွာစိုးရိမ်ပူပန်မှု မရှိကြစေရန် ပြောကြားလိုပါသည်။ ထို့အတူ မိမိတို့အနေဖြင့် ဘုံရည်မှန်းချက် အလုံးစုံပြည့်ဝသည်အထိ လုပ်သင့်လုပ်ထိုက်သည်များကို မြန်မာပြည်သူလူထု တစ်ရပ်လုံးနှင့် လက်တွဲကာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းကိုလည်း လေးစားစွာ အသိပေးအပ်ပါသည်” ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က ယမန်နေ့က ထုတ်ပြန်ထားသည်။ ၁၀၂၇ စစ်ဆင်ရေးစတင်သည့်နေ့မှစ၍ ယနေ့အထိ စစ်ကောင်စီတပ်စခန်းများနှင့် စစ်ရေးပစ်မှတ်များကို…