“နမ့်နိန်းရွာမှာ ဘာဖြစ်ခဲ့သလဲ နှင့် နောက်ဆက်တွဲလားရာများ”

အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု တရားခံ စစ်ကောင်စီအနေဖြင့် နမ့်နိန်းရွာတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ပြီး ၎င်းတို့အပြစ်ကို ဖုံးကွယ်ကာ တော်လှန်ရေးအဖွဲ့များကို အပစ်လွှဲချနေသော်လည်း အချက်အလက်များအရ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို စစ်ကောင်စီက ကျူးလွန်ခဲ့သည်မှာ အထင်အရှားပင်ဖြစ်သည်
BACS
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၊ နမ့်နိန်းကျေးရွာ ဘုန်းကြီးကျောင်းအတွင်းရှိ သံဃာတော် (၃) ပါး၊ အမျိုးသား (၁၈) ဦးနှင့် အမျိုးသမီး (၁) ဦးတို့အား စစ်ကောင်စီတပ်သားများက ပစ်ခတ်သတ်ဖြတ်ခဲ့သည့်ဖြစ်ရပ်ကို ဖုံးကွယ်ကာ ဘာသာရေး၊ လူမျိုးရေး ပြဿနာများဖြစ်ပွားအောင် နည်းမျိုးစုံဖြင့် စစ်ကောင်စီက ဝါဒဖြန့်နေသည်ကို တွေ့ရှိရသည်။ မြေပြင် နီးစပ်သူများကို ဖုန်းဆက်မေးမြန်းရာတွင် ပျောက်ဆုံးနေသည့် ရွာသူရွာသား ၁၁ ဦး ရှိနေသေးကြောင်း လည်း သိရှိရသည်။
● အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို ဖုံးကွယ်ရန်ကြိုးစားခြင်း
မတ်လ (၁၀) ရက်နေ့က ပင်လောင်းမြို့နယ် နမ့်နိမ်းရွာအနီးတွင် ဒေသတွင်း မဟာမိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ စစ်ကောင်စီတပ်သည် နမ့်နိန်းကျေးရွာအတွင်းသို့ လက်နက်ကြီးများပစ်ခတ်ခဲ့ပြီး စစ်ကြောင်းထိုးလာခဲ့သည်။ လက်နက်ကြီးကျည် ကျရောက်ခြင်းကြောင့် နေအိမ်မီးလောင်မှုများနှင့် ဘုန်းကြီး ကျောင်းအတွင်း ခိုလှုံနေသည့် အရပ်သားတဦး သေဆုံးခဲ့ကြောင်းကို ပအိုဝ်းသတင်းဌာနဖြစ်သည့် The People’s Voice – ခမ်းသားငေါဝ်း Burmese Version သတင်း ( ပုံ – ၁ )တွင် ဖော်ပြထားသည်။ မတ်လ ၁၁ ရက်နေ့ မနက်ပိုင်းတွင် လက်နက်ကြီးပစ်ကူများ လေကြောင်းပစ်ကူများ အသုံးပြုကာ ကျေးရွာနှင့် ဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီတပ်များ ဝင်ရောက်စီးနင်းခဲ့သည်။
( ပုံ – ၁ )
● နမ့်နိန်းရွာ ပထမဆုံး သတင်းဖြစ်စဉ်
စစ်ကောင်စီတပ်များ ဝင်ရောက်စီးနင်းပြီးနောက် နမ့်နိမ်းရွာ ဘုန်းကြီးကျောင်းအတွင်းအစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရသည့်ဓာတ်ပုံများ ထွက်ပေါ်လာခဲ့သည်။ PDF များကို စစ်ကောင်စီတပ်က သတ်ဖြတ်နိုင်မှုအဖြစ် အစုလိုက်အပြုံလိုက်သေဆုံးနေသည့်ဓာတ်ပုံများကို စစ်ကောင်စီဝါဒဖြန့် ချန်နယ်များက ဖြန့်ဝေခြင်းဖြစ်သည်။ စစ်ကောင်စီဝါဒဖြန့် ချန်နယ်တခုဖြစ်သည့် Ko Thet – Telegram တွင် မတ်လ ၁၁ ညနေ ၆ နာရီ နောက်ပိုင်းကစတင်ကာ ဘုန်းကြီးကျောင်းဝန်းအတွင်း ပစ်ခတ်သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်း ဓာတ်ပုံများကိုအသုံးပြုကာ “ဒါက အမြည်း ခေါင်းတွေ၊ နဖူးတွေ၊ ဘက်သီးတွေ ပုံတွေအများကြီးကျန်သေးတယ်” စသဖြင့် သတ်ဖြတ်ခံထားရသည့် ၃ ဦးပုံ စတင် တင်ခဲ့ပြီး “ဘုရားပေါ်မှာ Beer သောက်ပြီး စစ်တပ်ကိုပစ်တဲ့ ကယားပဒက်တွေကတော့ မြင်တဲ့အတိုင်းပဲ .. Sniper မိထားတာ .. ဒါ အမြည်းနော် ပြီးမှ စုတင်မယ် ..” ဆ ဆိုကာ နောက်ထပ်သတ်ဖြတ်ခံရသူ ၃ ဦးပုံ တင်ခဲ့သည်။ ထို့နောက် ၁၂ ရက်နေ့ နံနက်အစောပိုင်းတွင် ရုပ်အလောင်းများပေါ် လက်လုပ်သေနတ်များတင်ထားသည့် ပုံများဖြင့် “ကယားပဒက်များ၏ နိဂုံး” ဆိုသည့် အကြောင်းအရာကိုတင်ခဲ့သည်။( ပုံ – ၂ )
( ပုံ – ၂ )
စစ်ကောင်စီဝါဒဖြန့်ချန်နယ်ပါ အရပ်သားများကို ကယား PDF ဟု စွပ်စွဲသတ်ဖြတ်ထားသည့်ပုံ စစ်ကောင်စီဝါဒဖြန့် ချန်နယ်များတွင် တင်ထားသည့် အချက်အလက်များကို စစ်ဆေးကြည့်သည့်အခါ သတ်ဖြတ်ခံရသူများသည် စစ်ယူနီဖောင်း၊ ဘောင်းဘီ ဝတ်ဆင်ထားခြင်းမရှိဘဲ အများစုမှာ ပုဆိုးများသာ ဝတ်ဆင်ထားသည် ကိုတွေ့ရသည်။

ထို့အပြင် လက်လုပ်သေနတ်များမှာ သွေးစွန်းပေခြင်းမရှိသည့်အပြင် လက်ဖြင့်ကိုင်ထားခြင်းမရှိဘဲ တမင် လုပ်ကြံ တင်ထားခြင်းသာဖြစ်ကြောင်း တွေ့ရသည်။ KNDF အပါအဝင် ရှမ်း-ကယား နယ်စပ်ရှိ တော်လှန် ရေးမဟာမိတ်အဖွဲ့များအနေဖြင့် လက်ရှိတိုက်ပွဲများတွင် ပုဆိုးများ ဝတ်ဆင်တိုက်ခိုက်ခြင်းမရှိကြောင်း တွေ့ရသည်။ ထိုကြောင့် သတ်ဖြတ်ခံရသူများသည် အရပ်သားများသာဖြစ်သည်ကိုတွေ့ရသည်။ ထို့အပြင် KNDF ၏ ထုတ်ပြန်ချက် နှင့် ပအိုဝ်း PDF ဖြစ်သည့် PNDF(KK) ၏ ထုတ်ပြန်ချက် များပါ ဓာတ်ပုံများနှင့် နှိုင်းယှဉ်ကြည့်ပါက စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်များသည် အရပ်သား သတ်ဖြတ်ခံရမှုကို ဖုံးကွယ်ရန် ကြိုးစားထားကြောင်း တွေ့ရသည်။
KNDF နှင့် PNDF (KK) တို့ထုတ်ပြန်သည့် ဓာတ်ပုံများ ( ပုံ – ၃ ) တွင် သတ်ဖြတ်ခံထားရသည့် ဘုန်းကြီး ၃ ပါးကို တွေ့ရပြီး အဆိုပါ ဘုန်းကြီးများသည် စစ်ကောင်စီဝါဒဖြန့် ချန်နယ်များပါ ရုပ်အလောင်းများနှင့် ကပ်လျက်ရှိနေကြောင်း တွေ့ရသည်။ စစ်ကောင်စီဝါဒဖြန့် ချန်နယ်များအနေဖြင့် အဆိုပါ ဘုန်းကြီး ရုပ်အလောင်းပုံများ မပါရှိစေရန် အနီးကပ်ရိုက်ကူးကာ ဖုံးကွယ်ထားကြောင်းတွေ့ရသည်။
( ပုံ – ၃ )
PNDF- KK မှ ရရှိခဲ့သည့် သက်သေအထောက်အထား ဒရုန်းဖြင့် ကောင်းကင်ဓာတ်ပုံ သက်သေများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ က ရိုက်ကူးနိုင်ခဲ့ပြီး ယင်းဓာတ်ပုံများကို စစ်ကောင်စီဝါဒဖြန့်သူများက ရေစာနှင့် အမှတ်တံဆိပ်များဖျက်ကာ ၎င်းတို့ ရိုက်ယူထားသကဲ့သို့ ပုံပြောင်း ဝါဒဖြန့်နေကြသည်ကိုတွေ့ရသည်။
● စစ်ကောင်စီဝါဒဖြန့် Page မှ IPDF ၏ပုံကို ရေစာဖျက်ကာ တန်ပြန်ဝါဒဖြန့်ပုံ ( ပုံ – ၄ )
စစ်ကောင်စီ ပြန်ကြားရေး ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း နမ့်နိန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွင်း အစုလိုက် အပြုံလိုက် သတ်ခံရမှုနှင့် တ်သက်ပြီး ၎င်းတို့လုပ်ဆောင်ခြင်းမဟုတ်ဘဲ KNDF နှင့် KNPP တို့က လုပ်ဆောင်ခြင်းဖြစ်ကြောင်း အပြစ်လွှဲချခဲ့သည်။ ထို့အပြင် စစ်ကောင်စီလက်အောက်ခံ အသွင်ပြောင်း ပြည်သူ့စစ် PNO/PNA ကလည်း စစ်ကောင်စီ လုပ်ဆောင်ချက်ကို ဖုံးကွယ်ကာ KNDF နှင့် တော်လှန်ရေး အဖွဲ့များကို အပြစ်လွှဲချထားသည့် ထုတ်ပြန်စာကို မတ်လ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
တန်ပြန်ဝါဒဖြန့်ပုံ ( ပုံ – ၄ )
PNA ၏ နမ့်နိန်းရွာဖြစ်စဉ်အပေါ် ထုတ်ပြန်ချက် ( ပုံ – ၅ )၊
ဘာသာရေး လူမျိုးရေး လှုံ့ဆော်ခြင်း နမ့်နိန်းရွာ သတ်ဖြတ်မှုနှင့်ပတ်သက်ပြီး စစ်ကောင်စီအနေဖြင့် ၎င်းတို့လုပ်ရပ်ကို ဖုံးကွယ်ဖို့ ကြိုးစားသည့်အပြင် တော်လှန်ရေးအဖွဲ့များကို အပြစ်လွှဲချကာ ဘာသာရေး လူမျိုးရေး သွေးထိုးလှုံ့ဆော်မှုများ ပြုလုပ်လာသည်။ ပင်လောင်းဒေသတွင် ဖေဖော်ဝါရီ ၂၄ ရက်က စတင်ကာ စစ်ရေးတင်းမာမှုများစတင်ခဲ့သည်။ ယင်းအခြေအနေကို ထိန်းချုပ် အသာစီးရယူနိုင်ရန် စစ်ကောင်စီလက်အောက်ခံ အသွင်ပြောင်း ပြည်သူ့စစ် PNO/PNA က လူမျိုးရေးသွေးထိုးလှုံ့ဆော်မှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။ စစ်ကောင်စီအနေဖြင့်လည်း PNO/PNA နှင့် ပိုမိုနီးကပ်သည့် ဆက်ဆံရေးကို ပြုလုပ်လာခဲ့သည်။ စစ်ကောင်စီ၏ ပထမဆုံးဆောင်ရွက်ချက်သည် PNO ခေါင်းဆောင် ဦးအောင်ခမ်းထီကို ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ ဒုတိယအနေဖြင့် PNO ဥက္ကဋ္ဌ ခွန်စံလွင်ကို စစ်ကောင်စီအဖွဲ့ဝင်အဖြစ် ခန့်ထားခြင်းဖြစ်သည်။ တတိယအနေဖြင့် မတ်လ ၇ ရက်နေ့တွင် စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်က PNO/PNA ခေါင်းဆောင် ဦးအောင်ခမ်းထီကို သွားရောက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
PNA ၏ နမ့်နိန်းရွာဖြစ်စဉ်အပေါ် ထုတ်ပြန်ချက် ( ပုံ – ၅ )
● PNO ခေါင်းဆောင် ဦးအောင်ခမ်းထီ နှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် တွေ့ဆုံစဉ် ( ပုံ – ၆ )
မင်းအောင်လှိုင် လာရောက်တွေ့ဆုံသည့် နေ့တွင်ပင် PNO/PNA က လူမျိုးရေး သွေးထိုးလှုံ့ဆော်သည့် ထုတ်ပြန်စာ တစ်စောင်ကိုထုတ်ပြန်ခဲ့သည်။ ယင်းထုတ်ပြန်စာတွင် တောင်မဲသင်း၊ တောင်စလုံး၊ မြောက်စလုံး၊ နမ့်နိန်း၊ လုံးပျဉ်၊ ပင်ပွံ၊ လွယ်ဟွဲး၊ ဗေားရန်ကျေးရွာများသို့ အမြင်ကျဉ်းမြောင်းသောအစုအဖွဲ့များမှ ကျူးလွန်ဝင်ရောက်လာ သောကြောင့် စစ်တလင်းဖြစ်နေရကြောင်း၊ ထိုကျေးရွာရှိ ဒေသခံ(၅၀၀၀)ကျော်မှာလည်း စစ်ဘေးတိမ်းရှောင် နေရပြီး ပြည်သူ့စစ်များမှာလည်းတိုက်ပွဲအတွင်း အသက်များပေးလှူခဲ့ရကြောင်း၊ ပြည်သူပိုင်အိုးအိမ်များ ဘုရားကျောင်းကန်များမှာလည်း နှစ်ဖက်တိုက်ပွဲကြောင့် အထိအခိုက်များစွာ ရှိခဲ့ကြောင်း သိရသည်။ ဒေသကိုတားဆီးကာကွယ်ရန်မှာ ပြည်သူ့စစ်တွင်သာတာဝန်ရှိသည်မဟုတ်သောကြောင့် ပအိုဝ်းဒေသအတွင်း မြို့နယ်အလိုက်၊ ကျေးရွာအလိုက် အမျိုးသားလုံခြုံရေးတာဝန်များ ထမ်းဆောင်ကြရန်၊ ဒေသကျူးကျော် မှုခံနေရချိန်တွင် ပအိုဝ်းပြည်သူလူထုအနေဖြင့် လက်ပိုက်ကြည့်နေပါက မျိုးချစ်စိတ်ဓါတ် မပီသသောကြောင့် အရွယ်ရောက်လူငယ်များအနေဖြင့်အမျိုးသားရေးတာဝန်ကို ဝင်ရောက်ထမ်းဆောင်ကြရန် လှုံ့ဆော်ထားသည်။ အဆိုပါထုတ်ပြန်ချက်ထုတ်ပြန်ပြီးနောက် တိုက်ပွဲများ ပြင်းထန်လာကာ နမ့်နိမ်းရွာ သတ်ဖြတ်မှုများ ဖြစ်ပွားလာခြင်းဖြစ်သည်။
PNO ခေါင်းဆောင် ဦးအောင်ခမ်းထီ နှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် တွေ့ဆုံစဉ် ( ပုံ – ၆ )
● PNA ၏ ဘာသာရေး လူမျိုးရေး သွေးထိုးလှုံ့ဆော်သည့် ထုတ်ပြန်ချက်
( ပုံ – ၇ )ထို့အပြင် ပအိုဝ်းလူမျိုးများသည် ဗုဒ္ဓဘာသာကိုးကွယ်သူများပြားပြီး ဖွံ့ဖြိုးမှုနောက်ကျသည့်ဒေသတွင် နေထိုင်ကြရသည်။ဘာသာတရား အလွန်ကိုင်းရှိုင်းသည့်အပြင် PNO ခေါင်းဆောင် ဦးအောင်ခမ်းထီဓာတ်ပုံကို ဘုရားစင်တွင် တင်ထားပြီး ကိုးကွယ်သည်အထိ လေးစားကြသူများဖြစ်သည်။ ယင်းအခြေအနေကို အခွင့်ကောင်းယူကာ ဒေသတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်များသည် ဘာသာရေး လူမျိုးရေး အခြေခံပြီး အမုန်းပွားအောင် လူမှုကွန်ယက် အပြင် မြေပြင်တွင်လည်း ပြုလုပ်နေကြောင်း သတင်းများတွင် တွေ့ရသည်။ နမ့်နိန်းရွာ သတ်ဖြတ်မှုဖြစ်စဉ်တွင် လည်း PNO/PNA ထောက်ခံသူများက စစ်ကောင်စီ၏ သတ်ဖြတ်မှုကို ဖုံးကွယ်ကာ တော်လှန်ရေးတပ်များကို အပြစ်ပုံချပြီး ဘာသာရေး လူမျိုးရေး သွေးထိုးလှုံ့ဆော်မှုများ ပြုလုပ်နေသည်ကိုတွေ့ရသည်။
PNA ၏ ဘာသာရေး လူမျိုးရေး သွေးထိုးလှုံ့ဆော်သည့် ထုတ်ပြန်ချက် ( ပုံ – ၇ )
အဓိကဝါဒဖြန့် သွေးထိုးလှုံဆော်မှုကို San Aung ဆိုသည့် Facebook စာမျက်နှာ ၊ နန်း ဥမ္မာ ဆိုသည့် account နှင့် ၎င်း Page အကောင့်များနှင့် ဆက်စပ်နေသည့် အကောင့်သစ် Page အသစ်များက ဝါဒဖြန့်ချိမှုများ ပြုလုပ်နေသည်ကိုတွေ့ရသည်။ San Aung ဆိုသည့် Facebook စာမျက်နှာသည် အာဏာသိမ်းပြီးနောက်မှ ဖွင့်လှစ်ထားခြင်းဖြစ်ပြီး Page ကို Admin ၆ ယောက်ဖြင့် စီမံခန့်ခွဲကာ အုပ်စုလိုက် ဝါဒဖြန့်ချိနေသည့် စာမျက်နှာဖြစ်သည်။ ( ပုံ – ၈ )
( ပုံ – ၈ )
အဆိုပါ စာမျက်နှာသည့် ယခင်က PNO/PNA ၏ လှုပ်ရှားဆောင်ရွက်ချက်များကို အားပေးထောက်ခံသည့် အကြောင်းအရာများ ပုံမှန်တင်ခဲ့ပြီး နမ့်နိန်းရွာဖြစ်စဉ်မတိုင်ခင် ရက်ပိုင်းကစတင်ကာ ပအိုဝ်းမျိုးနွယ်စုများနှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား လူမျိုးရေး သွေးထိုးလှုံ့ဆော်မှုများကို အဓိက ပြုလုပ်လာခဲ့သည်။ နမ့်နိမ်းရွာ ဖြစ်စဉ်နှင့်ပတ်သက်သည့် ဝါဒဖြန့်ချိမှု ပင်မအကြောင်းအရာများကို အဆိုပါ SAN AUNG စာမျက်နှာက ဝါဒဖြန့်ချိကာ အခြား PNO ထောက်ခံသူများနှင့် စစ်ကောင်စီ ဝါဒဖြန့် ချန်နယ်များက ပြန်လည်ကူးယူဖော်ပြကြသည်ကိုတွေ့ရ သည်။ နန်း ဥမ္မာ ဆိုသည့် အကောင့်သည်လည်း ဘာသာရေး လူမျိုးရေး လှုံ့ဆော်မှုများကို အစဉ်တစိုက်ပြုလုပ်နေသည်ကို တွေ့ရသည်။ ပုံပါ အကြောင်းအရာတွင် ဗုဒ္ဓဘာသာနှင့် ခရစ်ယာန် ဘာသာကို ခွဲခြားပြောဆိုကာ ဘာသာရေး အမုန်းတရား ဖြစ်အောင် သွေးထိုးလှုံ့ဆော်ထားသည်ကိုတွေ့ရသည်။ ( ပုံ – ၉ )
( ပုံ – ၉ )
SAN AUNG နှင့် နန်း ဥမ္မာတို့နှင့် ဆက်စပ်နေသည့် ဝါဒဖြန့် စာမျက်နှာများသည် လူမျိုးရေးပြဿနာများ ဖန်တီးရန်အတွက် ထုတ်ပြန်စာအတုများကိုပါ ဖန်တီးခဲ့ ပအိုဝ်းလက်နက်ကိုင် တပ်ဖွဲ့ တခုဖြစ်သည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA ထုတ်ပြန်စာ အတုကို ဖန်တီးကာ လူမျိုးရေး ပြဿနာ ဖြစ်ရန်ပုံဖော်ခဲ့ခြင်းဖြစ်သည်။ ( ပုံ – ၁၀ ) လူမျိုးရေး ပြဿနာဖြစ်စေရန် ဖန်တီးထားသည့် ထုတ်ပြန်စာ အတုဖြစ်ကြောင်း PNLA က ထုတ်ပြန်ခဲ့ရပြီး နမ့်နိန်းဖြစ်စဉ်နှင့် ပတ်သက်သည့် ဘာသာရေး လူမျိုးရေးကို အခြေမခံထားသည့် ထုတ်ပြန်ချက် အစစ်တစောင်ကို ထုတ်ပြန်ခဲ့သည်။ ( ပုံ – ၁၁ )
( ပုံ – ၁၀ )
စစ်အာဏာရှင် အဆက်ဆက်သည် လူထုအတွင်း စည်းလုံး ညီညွတ်မှု ပျက်ပြားအောင် လူမျိုးရေးနှင့် ဘာသာရေးအခြေခံကာ ပဋိပက္ခဖြစ်ပွားအောင် လုပ်ဆောင်ခဲ့ကြသည်။ စစ်တပ်အသွင်ပြောင်း ဦးသိန်းစိန်အစိုးရလက်ထက်မှာပင် ရှမ်းမြောက်တွင် တိုက်ပွဲများ ပြင်းထန်လာသည့်အခါ နယ်မြေတွင်း စစ်တပ်နှင့် အပေါင်းအပါများက ရှမ်းမြောက်တွင် တအာင်းတိုင်းရင်းသားများနှင့် ရှမ်းတိုင်းရင်းသားများအကြား လူမျိုးရေးအမုန်းပွားမှုများကို ပြုလုပ်ခဲ့ကြသေးသည်။ ရှမ်းမြောက်သည် စစ်တပ်ကို ခုခံတွန်းလှန်သည့်တိုက်ပွဲများ ပြင်းထန်လာတိုင်း လူမျိုးရေး၊ ဘာသာရေးအခြေခံကာ တအာင်းလူမျိုးများနှင့် ကချင်တိုင်းရင်းသားများကိုလည်း အငြင်းပွားမှုများရှိအောင် လုပ်ဆောင်ထားသည်။ လူမျိုးရေးနှင့် ဘာသာရေးအခြေခံ အမုန်းပွားမှုများအကြားမှာ စစ်တပ်သည် နိုင်ငံရေးအရ အမြတ်ထုတ်ရန် အစဉ်အမြဲကြိုးပမ်းနေသည့်အဖွဲ့ဖြစ်သည်။ ယခု စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် လက်အောက်ခံများသည်လည်း လုပ်ရိုးလုပ်စဉ်အတိုင်း အခွင့်သာတိုင်း ဘာသာရေး၊ လူမျိုးရေး အခြေခံကာ ဒေသတွင်း ပြည်သူအချင်းချင်းကို ရန်တိုက်ပေးခြင်းနှင့် ပဋိပက္ခဖြစ်ပွားရေးကို ဦးတည်ပြောဆို လုပ်ဆောင်လာခြင်းဖြစ်သည်။
( ပုံ – ၁၁ )
● အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု တရားခံ
စစ်ကောင်စီအနေဖြင့် နမ့်နိန်းရွာတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ပြီး ၎င်းတို့အပြစ်ကို ဖုံးကွယ်ကာ တော်လှန်ရေးအဖွဲ့များကို အပစ်လွှဲချနေသော်လည်း အချက်အလက်များအရ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို စစ်ကောင်စီက ကျူးလွန်ခဲ့သည်မှာ အထင်အရှားပင်ဖြစ်သည်။ စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်များတွင် ၎င်းတို့ကိုယ်တိုင် သတ်ဖြတ်သည်ဟု ဝန်ခံထားသည့် PDF ရုပ်အလောင်းများသည် အမှတ်တကယ်တွင် PDF များ၏ ရုပ်အလောင်းများမဟုတ်ဘဲ ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရသည့် ပအိုဝ်းပြည်သူများဖြစ်သည်။ ပအိုဝ်းပြည်သူများနှင့်အတူ ဘုန်းကြီးများလည်း သတ်ဖြတ်ခံခဲ့ရသည်။
စစ်ကောင်စီဝါဒဖြန့်ချန်နယ်များတွင် ဖော်ပြထားသည် ဓာတ်ပုံများအရ သတ်ဖြတ်ခံရသူများသည် သွေးများနီရဲ စိုစွတ်နေပြီး တော်လှန်ရေးအဖွဲ့များ ရိုက်ယူထားသော ဓာတ်ပုံများတွင် အလောင်းများမှ သွေးများခြောက်ကပ်ကာ ပုပ်ပွနေသည်ကိုတွေရသည်။ အဆိုပါအခြေအနေကို ကြည့်ခြင်းဖြင့် စစ်ကောင်စီတပ်များအနေဖြင့် အရပ်သားပြည်သူများ သတ်ဖြတ်ခံရသည့်အချိန်နှင့် နီးကပ်စွာရှိနေသည်ကိုတွေ့ရပြီး တော်လှန်ရေးအဖွဲ့များအနေဖြင့် အရပ်သားပြည်သူများ သတ်ဖြတ်ခံရပြီး နာရီများစွာ ကြာမြင့်ပြီးမှ ရောက်ရှိခြင်းဖြစ်ကြောင်းတွေ့ရသည်။ ထို့အပြင် ထွက်ပေါ်လာသည့် လေယာဉ်ဖြင့် ဗုံးကြဲသည့် ရုပ်သံဖိုင်တွင် လေယာဉ်ဖြင့် ဗုံးမကြဲခင် အဆောက်အဦးများ မီးလောင်မှုမရှိဘဲ လေယာဉ်ဖြင့် ဗုံးကြဲခံရပြီးနောက်မှသာ အဆောက်အဦးများ မီးလောင်ခဲ့ခြင်းဖြစ်ကြောင်းတွေ့ရသည်။ အဆိုပါ အချက်အလက်များအရ စစ်ကောင်စီအနေဖြင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနှင့် မီးရှို့မှုများ ကျူးလွန်ခဲ့သည်မှာ ထင်ရှားပေသည်။
NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက စုံစမ်းကောက်ယူထားသည့် အချက်အလက်များ ထုတ်ပြန်ခဲ့ရာ ယင်းဖြစ်စဉ်တွင် စစ်ကောင်စီတပ်ဖြစ်သည့် တောင်ကြီးမြို့အခြေစိုက် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းကွပ်ကဲသော၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ်နေလင်းအောင် ကွပ်ကဲသော ဖယ်ခုံမြို့အခြေစိုက် အမှတ် (၇) စစ်ဆင်ရေးကွပ်ကဲမှု (စကခ-၇)၊ (ခကစ-၁၈) စစ်ကြောင်းမှ အင်အား ၂၀၀ ခန့်က သံဃာတော် (၃) ပါးနှင့် ကျေးရွာသား (၁၉) ဦး စုစုပေါင်း ၂၂ ဦးကို MA1 သေနတ်နှင့် ဓားကိုအသုံးပြု သတ်ဖြတ်သွားကြောင်း ဖော်ပြထားသည်။
PNO အနေဖြင့် ဒေသကို ကာကွယ်ရန်ကြွေးကြော်ကာ ပအိုဝ်းပြည်သူများဆီမှ ငွေကြေးကောက်ခံ ရပ်တည်နေသော်လည်း ပအိုဝ်းနယ်မြေအတွင်း အကြမ်းဖက်စစ်တပ်၏ မြေယာသိမ်းဆည်းမှုများကို တစုံတရာ ဖွင့်ဟ တားမြစ်နိုင်ခြင်းမရှိပေ။ ပအိုဝ်းဒေသတွင် ဖိနှိပ်မှုများကို နှစ်ပေါင်းများစွာပြုလုပ်ခဲ့သည့် အကြမ်းဖက်စစ်တပ်နှင့် ပူးပေါင်းကာ ပအိုဝ်းပြည်သူများ၏ အသက် အိုးအိမ်များကို အသုံးချနေသည်။ လက်ရှိတွင်လည်း စစ်ကောင်စီကို အကာအကွယ်ပေးနေပြီး ပအိုဝ်းပြည်သူများကို ဘာသာရေး လူမျိုးရေး မှိုင်းတိုက်ကာ ဒေသတွင်း ပဋိပက္ခများ ပိုမိုတိုးပွားလာအောင် လုပ်ဆောင်လာနေသည်။
Red News Agency
By Editor