သက်ကြီးရွယ်အို

စစ်ကောင်စီတပ် စစ်ကြောင်းထိုးပြီး ကျပင်းမြောက်ရွာသား (၄) ဦးကို နှိပ်စက်သတ်ဖြတ်

စစ်ကောင်စီတပ် စစ်ကြောင်းထိုးပြီး ကျပင်းမြောက်ရွာသား (၄) ဦးကို နှိပ်စက်သတ်ဖြတ်

RNA_မတ်(၂၄)၊၂၀၂၅ခုနှစ်။ မကွေးတိုင်း၊ စလင်းမြို့နယ်၊ ကျပင်းအုပ်စု၊ ကျပင်းမြောက်ရွာမှ ကျေးရွာသား (၄) ဦးကို စစ်ကောင်စီတပ်မှ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခဲ့ကြောင်း သိရသည်။ စစ်ကောင်စီတပ်စစ်ကြောင်းသည် မတ်လ ၁၀ ရက်နေ့က ကျပင်းမြောက်ရွာသို့ ဝင်ရောက်လာပြီး အရပ်သား (၇) ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ ဖမ်းဆီးခံရသူများထဲမှ အသက် ၇၀ ဝန်းကျင်ရှိ ဦးဗိုလ်ရွှေနှင့် ဦးမြင့်ဆွေကို ပြန်လည်လွှတ်ပေးခဲ့ကြောင်း၊ ကျပင်းတောင်ရွာမှ ကိုသန်းမြတ်စိုးသည် ထွက်ပြေးလွှတ်မြောက်ခဲ့သော်လည်း ကျန် (၄) ဦးသည် ရက်ရက် စက်စက် အသတ်ခံခဲ့ရခြင်းဖြစ်သည်ဟု ဒေသခံထံမှ သိရသည်။ (more…)
Read More
တနောင်းတောတောင်ရွာ မီးရှို့ဖျက်ဆီးခံရမှုအတွင်း သက်ကြီးရွယ်အို (၃) ဦး သေဆုံး

တနောင်းတောတောင်ရွာ မီးရှို့ဖျက်ဆီးခံရမှုအတွင်း သက်ကြီးရွယ်အို (၃) ဦး သေဆုံး

RNA_မတ်(၁၆)၊၂၀၂၃ ခုနှစ်။ အကြမ်းဖက်စစ်ကောင်စီတပ် စစ်ကြောင်းက စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ထနောင်းတော တောင်ရွာအတွင်း စီးနင်းဝင်ရောက်ပြီး ကျေးရွာကို မီးရှို့ဖျက်ဆီးမှုအတွင်း ပိတ်မိကာ သက်ကြီးရွယ်အို (၃) ဦး မီးလောင်မှုအတွင်း ပိတ်မိကာ သေဆုံးခဲ့ကြောင်း သိရသည်။ မုံရွာ-မန္တလေးအမြန်လမ်းရှိ မြေနဲကျေးရွာအဝင် စွမ်းရည်ထက်ဆီဆိုင်တွင် တပ်စွဲထားသော စစ်ကောင်စီတပ် အင်အင်း (၃၀) ခန့်ရှိ စစ်ကြောင်းက ‌သေနတ်များပစ်ခတ်ကာ ကျေးရွာအတွင်း စီးနင်းပြီး မတ်လ (၁၅) ရက်နေ့ နံနက်က ဝင်ရောက်ပြီး (၇) နာရီမှစတင်ကာ မီးရှို့ဖျက်ဆီးခဲ့ကြခြင်း ဖြစ်သည်ဟု မုံရွာ - အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။ (more…)
Read More