တပ်မမှူး

တပ်မမှူးအပြောင်းအလဲသတင်း ထွက်ပေါ်ပြီးနောက် ကျောက်တူးဖော်ရေးကုမ္ပဏီများနှင့် ဈေးနှုန်းအသစ်ညှိနှိုင်းနေ

တပ်မမှူးအပြောင်းအလဲသတင်း ထွက်ပေါ်ပြီးနောက် ကျောက်တူးဖော်ရေးကုမ္ပဏီများနှင့် ဈေးနှုန်းအသစ်ညှိနှိုင်းနေ

RNA_ဖားကန့်၊ ဧပြီ (၆)၊၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်‌၌ ယခုရက်သတ္တပတ်အတွင်း ရှေ့တန်းတပ်မ (၃၃)၏ တပ်မမှူး အပြောင်းအလဲရှိသည်ဟု သတင်းထွက်လာပြီးနောက် ကျောက်တူးဖော်နေသည့် ကုမ္ပဏီလုပ်ငန်းအချို့ ရပ်နားထားသည်ကိုတွေ့ရသည်။ ဧပြီ (၃)ရက်နေ့က စစ်ကောင်စီ၏ တပ်သား (၅၀)ခန့်ပါဝင်သည့် စစ်ကြောင်းက ကုမ္ပဏီအချို့ကို ဝင်ရောက်စီးနင်းခဲ့ပြီး လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာအပိုင်းရှိ ဒေသအခေါ် စိန်စိန်ကုမ္ပဏီလုပ်ကွက်အတွင်းမှ ဘက်ဟိုးနှင့် မြေသယ်ကား(၁၀)စီးနှင့် အထက် သိမ်းဆည်းသွားခဲ့ပြီး ပြန်ရွေးမည်ဆိုပါက တစ်စီးလျှင်ငွေကျပ် သိန်းတစ်ထောင့်နှစ်ရာနှင့် ပြန်ရွေးခိုင်းကြောင်း ကုမ္ပဏီနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ (more…)
Read More