Tag: Myingyan Black Tiger

  • စစ်အုပ်စုရှိသည့်နေရာကို လိုက်တိုက်မည်ဟု ဗိုလ်မိုက်ခဲပြော

    စစ်အုပ်စုရှိသည့်နေရာကို လိုက်တိုက်မည်ဟု ဗိုလ်မိုက်ခဲပြော

    RNA_မေ(၂၂)၊၂၀၂၄ ခုနှစ်။
     
    စစ်အုပ်စုရှိသည့်နေရာသည် Myingyan Black Tiger (MBT)တပ်ဖွဲ့၏ နေရာဖြစ်ပြီး စစ်အုပ်စုရှိသိသည့်နေရာကို လိုက်ခိုက်တိုက်မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ မြင်းခြံခရိုင်တပ်ရင်း (၉) Myingyan Black Tiger (MBT) တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားထားသည်။
    [embedyt] https://www.youtube.com/watch?v=cO6pzgg9H0I[/embedyt]
     
    Myingyan Black Tiger (MBT) တပ်ဖွဲ့ကို ၂၀၂၂ ခုနှစ် မေလ ၁ ရက်နေ့က ရဲဘော် (၇) ယောက်ဖြင့် စတင်တည်ထောင်ခဲ့သည့်အတွက် ၂၀၂၄ ခုနှစ် မေလ ၁ ရက်နေ့က တပ်ဖွဲ့ တည်ထောင်ခြင်း (၂) နှစ်ပြည့်ခဲ့သော်လည်း နယ်မြေမတည်ငြိမ်မှုနှင့် တိုက်ပွဲဖြစ်ပွားမှုများကြောင့် မေလ ၂၁ ရက်နေ့မှ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။
     
    #RedNewsAgency

  • အာဇာနည်နေ့ အထိမ်းအမှတ် Myingyan Black Tiger တိုက်ပွဲဖော်ဆောင်

    အာဇာနည်နေ့ အထိမ်းအမှတ် Myingyan Black Tiger တိုက်ပွဲဖော်ဆောင်

    RNA_ဇူလိုင်(၁၉)၊၂၀၂၃ ခုနှစ်။

    အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဟင်္သာ (ရွာမ) ကျေးရွာတွင်တပ်စွဲထားသည့် စစ်အာဏာရှင် မင်းအောင်လှိုင်လက်အောက်ခံ တပ်စခန်းကို ယနေ့ ညနေ ၅ နာရီခန့်က Myingyan Black Tiger (MBT) အဖွဲ့မှ သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    “တပ်ဖွဲ့မှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ တိုက်ပွဲကြာချိန်မိနစ် (၃၀)ခန့် ကြာမြင့်ခဲ့ပြီး စကစ တပ်သားအများအပြားထိခိုက် Tayဆုံးခဲ့သည်။ စခန်းသိမ်းနိုင်ရန် လက်တကမ်းအလိုတွင် RPG-7 ပြောင်းကွဲသွား၍ ရန်သူဘန်ကာအား ဆက်လက်မဖြိုခွင်းနိုင်သောကြောင့်  ရဲဘော်အားလုံး အန္တရယ်ကင်းစွာဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရသည်” ဟု (MBT) က ထုတ်ပြန်ထားသည်။

    (more…)

  • Myingyan Black Tiger(MBT) တပ်ဖွဲ့ ဌာနချုပ်စခန်းစွန့်ခွါခဲ့ရ

    Myingyan Black Tiger(MBT) တပ်ဖွဲ့ ဌာနချုပ်စခန်းစွန့်ခွါခဲ့ရ

    စစ်ကောင်စီတပ်နှင့် (၃) ရက်တာတိုက်ပွဲဖြစ်ပွားပြီး Myingyan Black Tiger(MBT) တပ်ဖွဲ့ ဌာနချုပ်စခန်းစွန့်ခွါခဲ့ရ
     
    RNA_မတ်လ(၁၉)၊၂၀၂၃ ခုနှစ်။
     
    မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်း ဒေသရှိ Myingyan Black Tiger(MBT)၏ ဌာနချုပ်နယ်မြေအတွင်း စစ်ကောင်စီ၏ တပ်မ ၉၉ ဘီလူးကွန်မန်ဒို စစ်ကြောင်းနှင့် MBT၏ ကျားမဲစစ်ကြောင်းတို့ (၃)ရက်တာ တိုက်ပွဲပြင်းထန်ခဲ့ပြီး မတ်လ (၁၈) ရက်နေ့က Myingyan Black Tiger(MBT)၏ ဌာနချုပ် ခစန်း စွန့်ခွါလိုက်ရကြောင်း သိရသည်။
    [embedyt] https://www.youtube.com/watch?v=4yBNTXS6ofE[/embedyt]
     
    “ 18.3.2023)တွင် MBT၏ ဌာနချုပ်စခန်းအား စွန့်ခွာပေးခဲ့ရပြီး ယနေ့ချိန်အထိ တိုက်ပွဲ ဆက်လက်ပြင်းထန်နေလျှက်ရှိသည်။ (၃)ရက်တာတိုက်ပွဲအတွင်း MBTမှ ရဲဘော် ၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးမှာ အရေးပေါ်ဆေးကုသမှု ခံယူနေသည်။ စစ်ကောင်စီဘက်မှ ၆ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း မျက်မြင်သက်သေအရ အတည်ပြုနိုင်ခဲ့သည်” ဟု Myingyan Black Tiger(MBT) မှ ယနေ့ ထုတ်ပြန်ထားသည်။

    (more…)

  • သေနတ်အစစ်ရှိပါက စစ်ကောင်စီစခန်းကို မိနစ်ပိုင်းအတွင်းသိမ်းနိုင်

    သေနတ်အစစ်ရှိပါက စစ်ကောင်စီစခန်းကို မိနစ်ပိုင်းအတွင်းသိမ်းနိုင်

    သေနတ်အစစ်ရှိပါက စစ်ကောင်စီစခန်းကို မိနစ်ပိုင်းအတွင်း သိမ်းနိုင်သည့်အနေအထားရှိ

    RNA_မတ်လ(၃)၊၂၀၂၃ ခုနှစ်။

    “ကျွန်တော်တို့က အညာသား မြင်းခြံသားတွေ စကားပြောရင်ပြတ်တယ်၊ လုပ်ရင်လည်းကျွန်တော်တို့က ရိုးရိုးရှင်းရှင်းလေးပဲ ဘာမှဂရုမစိုက်ဘူး ကျွန်တော်တို့ကလုပ်တယ်။ ကျွန်တော်တို့ လက်လုပ်နဲ့တိုက်တယ်” ဟု လက်လုပ်သေနတ်များ၊ ပခုံးထမ်းများဖြင့် စစ်ကောင်စီတပ်စစ်ကြောင်းနှင့်မြို့ပေါ်အထိ တိုက်ပွဲဆင်နွှဲနေသည့် မြင်းခြံ Black Tiger အနေဖြင့် သေနတ်အစစ်များရှိပါက စစ်ကောင်စီစခန်းကို မိနစ်ပိုင်းအတွင်း သိမ်းနိုင်သည့်အနေအထားရှိသည်ဟု အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။

    [embedyt] https://www.youtube.com/watch?v=2rDsy-w8SY8[/embedyt]

    “ကျွန်တော်တို့ မြင်းခြံ Black Tiger ကထွက်တဲ့ ပခုံးထမ်းနဲ့တိုက်တယ်၊ ပွင့်ပွင့်လင်းလင်းပြောမယ်ဆို ကျွန်တော်တို့ ဒီပခုံးထမ်းအားကိုးနဲ့ ကျွန်တော်တို့ မြို့ထဲထိ တက်တိုက်တယ်၊ အစစ်တလက်မှမရှိဘူး တိုက်တယ်၊ ကျွန်တော်တို့က ရိုးရှင်းတယ်၊ စစ်ကောင်စီစစ်ကြောင်းလဲတိုက်ဖို့ ကျွန်တော်တို့က ပြင်ဆင်ပြီးသား Ready ပြင်ဆင်ပြီးသား ကျွန်တော်တို့အဖွဲ့ရဲ့ သုံးပုံပုံ တပုံမှာ တိုင်းရင်းသားလက်နက်ကိုင်ဆီမှာ ပညာသင်ကြားထားတယ်။ ကျွန်တော်တို့ တိုက်ခိုက်ရေးအားသာတယ် ကျွန်တော်တို့တွေတိုက်တယ်၊ အစစ်ရရင်တော့ ကျွန်တော်တို့ သူတို့ရဲ့စခန်းတွေကိုတောင် မိနစ်ပိုင်းအတွင်း သိမ်းနိုင်တဲ့ အနေအထားတွေ ကျွန်တော်တို့မှာ ရှိပါတယ်ဗျ” ဟု Myingyan Black Tiger အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။

    Red News Agency