ကားကွင်း

ရဲကားတိုက်ခိုက်ခံရပြီး (၃) ဦးသေဆုံးသည့်အတွက် ရမ်းသမ်းပစ်ခတ်ချိန် ပြည်သူ (၆) ဦးသေ

ရဲကားတိုက်ခိုက်ခံရပြီး (၃) ဦးသေဆုံးသည့်အတွက် ရမ်းသမ်းပစ်ခတ်ချိန် ပြည်သူ (၆) ဦးသေ

RNA_မတ်(၁၉)၊၂၀၂၃ ခုနှစ်။ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ငြိမ်းချမ်းသာယာကျေးရွာအတွင်း ယမန်နေ့ညနေ (၆) နာရီခန့်က စစ်ကောင်စီလက်အောက်ခံ ရဲကား(၂) စီးတိုက်ခိုက်ခံရပြီး ရဲ (၃) ဦးသေဆုံးခဲ့သည့်အတွက် စစ်ကောင်စီတပ်သားများက ကျေးရွာအတွင်း လက်နက်ကြီးငယ်များဖြင့် ရမ်းသမ်းပစ်ခတ်သည့်အတွက် ပြည်သူ (၆) ဦး သေဆုံးခဲ့သည်။ ငြိမ်းချမ်းသာယာကျေးရွာရှိ ကုန်တင်ကားကြီးကွင်းအနီး ရဲကား (၂) စီးကို KIA/PDF မှ ပစ်ခတ်တိုက်ခိုက်ရာ ရဲကား(၁) စီးလွတ်သွားပြီး တစ်စီးမှ ရဲသုံးဦး သေဆုံးသွားခဲ့သည့်နောက် စစ်ကောင်စီ စစ်သားများ အခြေချရာနေရာများမှ ကျေးရွာပြည်သူများရှိရာဘက် တရစပ်ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ "ရဲစခန်းကုန်းအတက်မှာဖြစ်တာ၊ ရဲသုံးယောက်က ပွဲချင်း ပြီးပဲ၊ ထိတွေ့တိုက်ပွဲလည်းပြီးရော ငြိမ်းချမ်းသာယာရဲစခန်းကုန်းကရော၊ အန္တမုနိ ဘုရားကုန်းကရော၊ နှစ်မျက်နှာဘုရားကုန်းကရော…
Read More