Tag: ပအိုဝ်းလူမျိုး

  • အာဆီယံသံတမန်ယာဉ်တန်းကို ဒေသခံပြည်သူ့စစ်အဖွဲ့က ပစ်ခတ်ခြင်းဖြစ်သည်ဟု PNFC ထုတ်ပြန်

    အာဆီယံသံတမန်ယာဉ်တန်းကို ဒေသခံပြည်သူ့စစ်အဖွဲ့က ပစ်ခတ်ခြင်းဖြစ်သည်ဟု PNFC ထုတ်ပြန်

    RNA_မေ(၁၂)၊၂၀၂၃ခုနှစ်။

    ရှမ်းပြည်နယ် (တောင်းပိုင်း)၊ ဆီဆိုင်မြို့နယ်၊ ပအိုဝ်းအမျိုးသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေအတွင်း အာဆီယံလူသားချင်းစာနာမှု အကူညီညှိနှိုင်း ဆောင်ရွက်ရေးဗဟိုဌာန ( AHA -Center) မှ သံတမန်ယာဉ်တန်းကို မေလ () ရက်နေ့က ပစ်ခတ်ခံရမှုသည် စစ်ကောင်စီလက်အောက်ခံ ဒေသခံပြည်သူ့စစ်အဖွဲ့မှ ပစ်ခတ်ခဲဲ့ခြင်းဖြစ်သည်ဟု ပအိုဝ်းအမျိုးသားဖက်ရယ်ကောင်စီPa-O National Federal Council ( FNFC) ကယမန်နေ့ကထုတ်ပြန်ထားသည်။

    စစ်ကောင်စီလက်အောက်ခံများသည်အာဆီယံသံတမန်ယာဉ်တန်းတိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီးတော်လှန်ရေးအင်အားစုများပစ်ခတ်သည်ဟုနိုင်ငံတကာမှအထင်လွဲစေရန်၊ဒေသတွင်းတိုင်းရင်းသားစည်းလုံးညီညွတ်စွာရေးကိုအဓိကထားဦးတည်တိုက်ခိုက်ရန်ရည်ရွယ်ပြီးလုပ်ဆောင်ခြင်းနှင့်အကူအညီလိုအပ်နေသည့်ပြည်သူများကိုနိုင်ငံတကာမှလူသားချင်းစာနာထောက်ထားမှုအကူအညီမရစေရန်စသည့်ရည်ရွယ်ချက်များဖြင့်ယခုလိုတိုက်ခိုက်ခြင်းဖြစ်သည်ဟုသုံးသပ်ထားကြသည်။

    (more…)

  • “ရန်သူအလုပ် ရန်သူ လုပ်နေတယ်၊ မိမိတို့လည်း မိမိအလုပ် လုပ်ကြပါရန်” ကရင်နီတပ်မတော် ဒု-စစ်ဦးစီးချုပ်မှ KA၊ KNDF ရဲဘော်များကိုမှာကြား

    “ရန်သူအလုပ် ရန်သူ လုပ်နေတယ်၊ မိမိတို့လည်း မိမိအလုပ် လုပ်ကြပါရန်” ကရင်နီတပ်မတော် ဒု-စစ်ဦးစီးချုပ်မှ KA၊ KNDF ရဲဘော်များကိုမှာကြား

    RNA_မတ်(၁၈)၊၂၀၂၃ ခုနှစ်။

    ပင်လောင်းမြို့နယ် နမ့်နိန်ရွာဖြစ်စဉ်တွင် PNO ဥက္ကဋ္ဌ ခွန်အောင်ခမ်းထီသည် စစ်ကောင်စီနှင့်ပေါင်းပြီး ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို စွပ်စွဲနေသည့်ကိစ္စနှင့်အခြားကိစ္စတို့အပါအဝင်” ရန်သူအလုပ် ရန်သူအလုပ် လုပ်နေတယ်၊ မိမိတို့လည်း မိမိအလုပ်ပါရန်” စသဖြင့် ကရင်နီတပ်မတော် (KA) ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ်အောင်မြတ်မှ KA၊ KNDF ရဲဘော်များထံ အသိပေးစာတစောင် ရေးသားခဲ့သည်။

    ဓာတ်ပုံ : KA ရဲဘော်များ။

    စစ်ကောင်စီတပ်မှကျူးလွန်ခဲ့သည့် နမ့်နိန်ရွာဖြစ်စဉ်ကို စစ်ကောင်စီနှင့်ပူးပေါင်းနေသည့် PNO က KNDF၊ KNPP၊ PDF တို့ဟု စွပ်စွဲပြီး လူမျိုးရေး၊ ဘာသာရေးအခြေခံကာ တိုက်ခိုက်နေကြောင်း၊ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် PNO ဥက္ကဋ္ဌ ခွန်အောင်ခမ်းထီနှင့် တွေ့ဆုံခဲ့ပြီး ၂ ပတ်အတွင်း နမ့်နိန်ကျေးရွာ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ဖြစ်ပွားခဲ့သည်။

    (more…)

  • ”လူမျိုးရေးပဋိပက္ခနှင့် ဘာသာရေးပဋိပက္ခများ” ဖြစ်ပွား စေရန် စစ်ကောင်စီဖန်တီးနေ

    ”လူမျိုးရေးပဋိပက္ခနှင့် ဘာသာရေးပဋိပက္ခများ” ဖြစ်ပွား စေရန် စစ်ကောင်စီဖန်တီးနေ

    RNA_မတ်(၁၅)၊၂၀၂၃ ခုနှစ်။

    ပအိုဝ်းပြည်သူများနှင့် ကရင်နီပြည်သူများအကြား အမုန်းတရားကြီးထွားလာစေရန် လုပ်ကြံဖန်တီးပြီး ”လူမျိုးရေးပဋိပက္ခနှင့် ဘာသာရေးပဋိပက္ခများ” ရည်ရွယ်ချက်ရှိရှိဖြင့် သွေးထိုးလှုံ့ဆော်နေသော အကြမ်း ဖက်စစ်ကောင် စီ၏လုပ်ရပ်များအား ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ-PNFC က ပြင်းပြင်း ထန်ထန်ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ထားသည်။

    ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းဒေသ၊ နမ်းနိန်းရွာဘုန်းကြီးကျောင်းအတွင်းတွင် ကျောင်းထိုင် ဆရာတော်အပါအဝင် သံဃာတော်(၃)ပါး၊ အမျိုးသမီး (၁)ဦးနှင့်အမျိုးသား(၁၈)ဦးတို့ကိုစစ်ကောင်စီတပ်က ရက်စက်ကြမ်းကြုတ်စွာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့ခြင်းသည် “လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇဝတ်မှု” နှင့် အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့မှုကြောင့် “စစ်ရာဇဝတ်မှု” မြောက်ကြောင်း သိရသည်။

    (more…)

  • “နမ့်နိန်းရွာမှာ ဘာဖြစ်ခဲ့သလဲ နှင့် နောက်ဆက်တွဲလားရာများ”

    “နမ့်နိန်းရွာမှာ ဘာဖြစ်ခဲ့သလဲ နှင့် နောက်ဆက်တွဲလားရာများ”

    အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု တရားခံ စစ်ကောင်စီအနေဖြင့် နမ့်နိန်းရွာတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ပြီး ၎င်းတို့အပြစ်ကို ဖုံးကွယ်ကာ တော်လှန်ရေးအဖွဲ့များကို အပစ်လွှဲချနေသော်လည်း အချက်အလက်များအရ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို စစ်ကောင်စီက ကျူးလွန်ခဲ့သည်မှာ အထင်အရှားပင်ဖြစ်သည်
    BACS
    ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၊ နမ့်နိန်းကျေးရွာ ဘုန်းကြီးကျောင်းအတွင်းရှိ သံဃာတော် (၃) ပါး၊ အမျိုးသား (၁၈) ဦးနှင့် အမျိုးသမီး (၁) ဦးတို့အား စစ်ကောင်စီတပ်သားများက ပစ်ခတ်သတ်ဖြတ်ခဲ့သည့်ဖြစ်ရပ်ကို ဖုံးကွယ်ကာ ဘာသာရေး၊ လူမျိုးရေး ပြဿနာများဖြစ်ပွားအောင် နည်းမျိုးစုံဖြင့် စစ်ကောင်စီက ဝါဒဖြန့်နေသည်ကို တွေ့ရှိရသည်။ မြေပြင် နီးစပ်သူများကို ဖုန်းဆက်မေးမြန်းရာတွင် ပျောက်ဆုံးနေသည့် ရွာသူရွာသား ၁၁ ဦး ရှိနေသေးကြောင်း လည်း သိရှိရသည်။
    ● အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို ဖုံးကွယ်ရန်ကြိုးစားခြင်း
    မတ်လ (၁၀) ရက်နေ့က ပင်လောင်းမြို့နယ် နမ့်နိမ်းရွာအနီးတွင် ဒေသတွင်း မဟာမိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ စစ်ကောင်စီတပ်သည် နမ့်နိန်းကျေးရွာအတွင်းသို့ လက်နက်ကြီးများပစ်ခတ်ခဲ့ပြီး စစ်ကြောင်းထိုးလာခဲ့သည်။ လက်နက်ကြီးကျည် ကျရောက်ခြင်းကြောင့် နေအိမ်မီးလောင်မှုများနှင့် ဘုန်းကြီး ကျောင်းအတွင်း ခိုလှုံနေသည့် အရပ်သားတဦး သေဆုံးခဲ့ကြောင်းကို ပအိုဝ်းသတင်းဌာနဖြစ်သည့် The People’s Voice – ခမ်းသားငေါဝ်း Burmese Version သတင်း ( ပုံ – ၁ )တွင် ဖော်ပြထားသည်။ မတ်လ ၁၁ ရက်နေ့ မနက်ပိုင်းတွင် လက်နက်ကြီးပစ်ကူများ လေကြောင်းပစ်ကူများ အသုံးပြုကာ ကျေးရွာနှင့် ဘုန်းတော်ကြီးကျောင်းကို စစ်ကောင်စီတပ်များ ဝင်ရောက်စီးနင်းခဲ့သည်။
    ( ပုံ – ၁ )
    ● နမ့်နိန်းရွာ ပထမဆုံး သတင်းဖြစ်စဉ်
    စစ်ကောင်စီတပ်များ ဝင်ရောက်စီးနင်းပြီးနောက် နမ့်နိမ်းရွာ ဘုန်းကြီးကျောင်းအတွင်းအစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရသည့်ဓာတ်ပုံများ ထွက်ပေါ်လာခဲ့သည်။ PDF များကို စစ်ကောင်စီတပ်က သတ်ဖြတ်နိုင်မှုအဖြစ် အစုလိုက်အပြုံလိုက်သေဆုံးနေသည့်ဓာတ်ပုံများကို စစ်ကောင်စီဝါဒဖြန့် ချန်နယ်များက ဖြန့်ဝေခြင်းဖြစ်သည်။ စစ်ကောင်စီဝါဒဖြန့် ချန်နယ်တခုဖြစ်သည့် Ko Thet – Telegram တွင် မတ်လ ၁၁ ညနေ ၆ နာရီ နောက်ပိုင်းကစတင်ကာ ဘုန်းကြီးကျောင်းဝန်းအတွင်း ပစ်ခတ်သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်း ဓာတ်ပုံများကိုအသုံးပြုကာ “ဒါက အမြည်း ခေါင်းတွေ၊ နဖူးတွေ၊ ဘက်သီးတွေ ပုံတွေအများကြီးကျန်သေးတယ်” စသဖြင့် သတ်ဖြတ်ခံထားရသည့် ၃ ဦးပုံ စတင် တင်ခဲ့ပြီး “ဘုရားပေါ်မှာ Beer သောက်ပြီး စစ်တပ်ကိုပစ်တဲ့ ကယားပဒက်တွေကတော့ မြင်တဲ့အတိုင်းပဲ .. Sniper မိထားတာ .. ဒါ အမြည်းနော် ပြီးမှ စုတင်မယ် ..” ဆ ဆိုကာ နောက်ထပ်သတ်ဖြတ်ခံရသူ ၃ ဦးပုံ တင်ခဲ့သည်။ ထို့နောက် ၁၂ ရက်နေ့ နံနက်အစောပိုင်းတွင် ရုပ်အလောင်းများပေါ် လက်လုပ်သေနတ်များတင်ထားသည့် ပုံများဖြင့် “ကယားပဒက်များ၏ နိဂုံး” ဆိုသည့် အကြောင်းအရာကိုတင်ခဲ့သည်။( ပုံ – ၂ )
    ( ပုံ – ၂ )
    စစ်ကောင်စီဝါဒဖြန့်ချန်နယ်ပါ အရပ်သားများကို ကယား PDF ဟု စွပ်စွဲသတ်ဖြတ်ထားသည့်ပုံ စစ်ကောင်စီဝါဒဖြန့် ချန်နယ်များတွင် တင်ထားသည့် အချက်အလက်များကို စစ်ဆေးကြည့်သည့်အခါ သတ်ဖြတ်ခံရသူများသည် စစ်ယူနီဖောင်း၊ ဘောင်းဘီ ဝတ်ဆင်ထားခြင်းမရှိဘဲ အများစုမှာ ပုဆိုးများသာ ဝတ်ဆင်ထားသည် ကိုတွေ့ရသည်။

    (more…)

  • နမ့်နိန်းကျေးရွာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုအတွင်း ပျောက်ဆုံးနေသည့် ၁၁ ဦးရှာမတွေ့သေး

    နမ့်နိန်းကျေးရွာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုအတွင်း ပျောက်ဆုံးနေသည့် ၁၁ ဦးရှာမတွေ့သေး

    RNA_မတ်(၁၅)၊၂၀၂၃ ခုနှစ်။
     
    ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၊ နမ့်နိန်းကျေးရွာ စစ်ကောင်စီတပ်ဝင်စီးပြီး ဘုန်းတော်ကြီးကျောင်းအတွင်း သံဃာ(၃) ပါးနှင့် အမျိုးသမီး (၁)ဦး၊ အမျိုးသား (၁၈)ဦးတို့ကို သတ်ဖြတ်သွားသည့်အပြင် ပျောက်ဆုံးနေသည့် ကျေးရွာသား (၁၁) ဦးယနေ့အထိ မတွေ့ရှိသေးကြောင်း ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(ခမ်းကောင်)မှ တာဝန်ရှိသူတဦးကပြောသည်။
     
    စစ်ကောင်စီတပ်စစ်ကြောင်းသည် မတ်လ (၁၁) ရက်နေ့ညနေက လက်နက်ကြီးပစ်ကူများ၊ လေကြောင်းပစ်ကူများယူကာ နမ့်နိန်းကျေးရွာအတွင်း ဝင်စီးပြီး သံဃာတော် (၃)ပါးနှင့် အရပ်သား (၁၉) ဦးကို ဘုန်းကြီးကျောင်းအတွင်း ခိုလှုံနေရာမှ ဆွဲထုတ်ပြီး ဓား၊သေနတ်တို့အသုံးပြုကာ ပစ်သတ်ခဲ့ခြင်းဖြစ်သည်ကို သက်ဆိုင်ရာအဖွဲ့အစည်းများက အတည်ပြုထားသည်။

    (more…)